ဂြိုဟ်ရောင်းကြမလား

NextColony ကစားကြတဲ့ အခါမှာ ဘာပိုက်ဆံမှ မထည့်ပဲနဲ့ ကစားတဲ့ သူတွေ ရှိသလို ပိုက်ဆံတွေ ရင်းပြီးတော့ ကစားတဲ့ သူတွေလဲ ရှိပါတယ်။ ဟိုတလောက ပိုစ့်မှာတောင် ကျွန်တော်တင်ထားပါသေးတယ်။ ဘယ်သူတွေက ဘယ်လောက်ရင်းထားတယ် ဆိုပြီးတော့ပေါ့။ ပိုက်ဆံ မရင်းပဲ ကစားတဲ့ သူတွေကတော့ ရလာတဲ့ ဂြိုဟ်တွေကို ရောင်းပစ်လိုက်ဖို့ပဲ အကြံပြုချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အချိန်ကြာလာတာတနဲ့ အမျှ ကိုယ့်မှာ ကာကွယ်နိုင်စွမ်းအား မရှိဘူးဆိုရင် သူများတွေ ဝိုင်းတိုက်တာ ခံရမှာ ဖြစ်ပါတယ်။ အဲဒီ အချိန်ရောက်ရင်တော့ မလွယ်တော့ပါဘူး။

ရောင်းမယ်ဆိုရင်ရော ဘယ်ဈေးရနိုင်မလဲ။

ဈေးကတော့ ရောင်းသူနဲ့ ဝယ်သူကြားထဲမှာပဲ ရှိပါတယ်။ ကိုယ်ကြိုက်တဲ့ ဈေးရရင်ရောင်းပေါ့။ အမြန်ရောင်းချင်ရင်တော့ ဈေးလျှော့ရောင်းပေါ့။ အကြမ်းဖျင်းအားဖြင့် Common ဆိုရင် 25 Steem, Uncommon ဆိုရင် 35 Steem နဲ့ Rare ဆိုရင်တော့ 50 Steem လောက် ဈေးပေါက်ပါတယ်။ ဒီဈေးအတိုင်းပဲတော့ မဟုတ်ပါဘူး။ အခြား အချက်အလက်တွေ ကိုလဲ ကြည့်ပါသေးတယ်။ အဲဒါတွေကတော့ နေရာ၊ ရောင်းလိုအား ဝယ်လိုအား စတာတွေပဲ ဖြစ်ပါတယ်။ နေရာကတော့ ရန်သူနဲ့ အရမ်းနီးနေရင် အဆင်မပြေပါဘူး။ ကိုယ့်ဘေးနားမှာ အင်အားကြီး ရန်သူ ဖြစ်နေရင် ဝယ်မဲ့သူ မရှိတတ်ပါဘူး။ နောက်တစ်ခုကတော့ မိတ်ဆွေတွေနားမှာ ရှိနေတာပါ။ ဒီလိုနေရာမျိုးကတော့ ကိုယ့်ဂြိုဟ်ကို စိတ်ချလက်ချ ထားလို့ရပါတယ်။ အခိျု့တွေကလဲ လူတွေ သိပ်မရှာရသေးတဲ့ နေရာမျိုးကို ပိုကြိုက်ပါတယ်။ အဲလို လူမျိုးကိုတော့ ရောင်းဖို့ က အတော်ကို စဉ်းစားရမှာ ဖြစ်ပါတယ်။ ကိုယ့်နေရာမှာ လာပြီးတော့ ရှာသွားမှာကိုး။ အခိျု့တွေကလဲ ဂြိုဟ်ဝယ်ပြီးတော့ မိုင်းဆောက်ဖို့လောက်ပဲ စိတ်ကူးပါတယ်။ ကိုယ့်မိတ်ဆွေတွေနားဆိုတော့ သူများတွေက လာပြီးတော့ မတိုက်ဖူးပေါ့။ အဲဒီ အချိန်မှာ Mine တွေ အဆင့်တင်ပြီး လယ်ဗယ်မြှင့်လို့ရပါတယ်။

ဒါတွေကတော့ အကြံပြုချက်တွေပဲ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ship တွေ ဝယ်လို့ရတယ် ဆိုတာပါပဲ။ ဈေးကတော့ သိပ်မရှိပါဘူး။ ဒါပေမဲ့ အရေအတွက် အတော်များများလိုမှာ ဖြစ်တဲ့အတွက် ကိုယ့်ဘာသာကိုယ် ထုတ်နိုင်ရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=447
H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center