တစ်မူး ရလို တစ်ပဲလှူ တို့ ရှမ်းတောင်သူ တူနိုင်ရိုးလား

တစ်မူး ရလို တစ်ပဲလှူ တို့ ရှမ်းတောင်သူ တူနိုင်ရိုးလား
ဟူသော စကားက သူ့ ထက်ငါ လှူချင်သော မြန်မာတိုင်းရင်းသားတို့ ၏ စေတနာကို ပြညွှန်းနေသည်။ မြန်မာတို့ သည် ဘဝတစ်လျှောက်လုံး အလှူရေစက်လက်နှင့်မကွာ အောင် စဉ်ဆက်မပြတ် အလှူ ပြုကြမြဲဖြစ်သည်။ ဘဝအစ မွေးဖွားပြီ ခုနှစ်ရက် အကြာတွင် အမည်ပေးကင်းပွန်းတပ် အလှူပြုလုပ်ကြသည်။ ယောကျာ်းလေးများ ဆယ်နှစ်ဝန်းကျင် အရွယ် သင်္ကန်းတောင်း ပီပီသသ ရွတ်နိုင်သည်နှင့် ရှင်ပြု မင်္ဂလာ အလှူကြီးပြု ကြပြီး မိန်းခလေးများ အတွက်မူ နားသမင်္ဂလာပြု ကြသည်။ အရွယ် လူလားမြောက်ပြီး သီချိန်တန် သီး ပွင့် ချိန်တန်ပွင့် ရမည် သဘောအရ အိမ်ထောင်ပြုသည်အခါတွင်လည်း မင်္ဂလာဆွမ်းကျွေး၍ အလှူပြုရသည်။ အိမ်သစ်တက်ပွဲ စသည် တို့ လည်း ကျင်းပတက်ကြသည်။ အသက်အရွယ်ရလာသည့် အခါ တတိရအရွယ် ကုသိုလ်ရှာ ဟူသော စကားအတိုင်း ဒါနကုသိုလ် ကို တက်စွမ်းသလောက် ဖြည့်ဆည်းရမည်။ နောက်ဆုံး ကံကုန်၍ ဤဘဝမှ စွန့်ခွါရသည့် အခါမှာပင် သက်ပျောက်ဆွမ်းကျွေး၍ ခုနှစ်ရက်ပြည့် လျှင် ရက်လည်ဆွမ်းကျွေး အလှူပြုရသည်။ မြန်မာတို့ ဘဝကား အလှူနှင့် စ၍ အလှူနှင့်ပင် အဆုံးသတ်သည်ဟု ဆိုရပေမည်။
IMG_20180522_090128.jpg

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center