♣ကဝေပျိုမြူးတဲ့ ည နှင့် စည်းခြင်းထိုး မှားတဲ့ နက္ခတ်♣
⚠..pa~2..⚠
🎵🎹🎵🎵
အောက်ထပ်ရဲ့ ဧည်ခန်းဘေးတောင့်မှာတည်ရှိနေသည် စမ်းတယား ကို ကြယ်စင်
တိတ်ဆိတ်စွာ တီးခက်နေရင်း....။
ညမလေး...မအိပ်သေးဘူးလား...။
အပေါ်ကနေ ညဝတ်အင်္ကျီအပေါ်ဖြူအောက်ဖြူလေးကို ဝတ်ထားတဲ့ လင်းလက်
အောက်ဆင်းလာရင်း ကြယ်စင်ကိုမေးလိုချင်းပင်...။
ဟင့်အင်း...
🎵🎹🎵
ကြယ်စင် သူ့ စမ်းတယားဘဲ တီးခက်နေ...။
ထို စမ်းတယားဘေးကို လင်းလက်ကျောပေးမှီရင်း...
ကြိုက်လို့လား...။
ဟင်? !
စမ်းတယား တီးရတာကိုလေ...။
အင်း..အရမ်းကြိုက်တာ....။
ကြယ်စင် လင်းလက် မင်းတို့မအိပ်သေးဘူး ဘာလုပ်နေကြတာလဲ...။
အောက်ထပ်ရဲ့ညာဘက်အခန်းထဲမှာ့ ထွက်လာတဲ့ မေသူ..လင်းလက် ကြယ်စင်တို့ရဲ့ အဒေါ်..။
(ကြယ်စင်)
ဒေါ်လေး...။ကြယ်စင် စမ်းတယားတီးနေလို့အနှောက်ယှတ်ဖြစ်သွားလားဟင်..။
မသိဘူးလား..အခုဘယ်အချိန်ရှိပြီလဲ သွားမအိပ်ကြဘဲ...။
ဒေါ်လေး...။ညမလေးကို အဲ့လိုလေသံမှာနဲ့ပြောမို့လိုလို့လား...။နောက် ညမလေး
ကိုအဲ့လိုမပြောပါနဲ့..။
ဘာ..အောင်မား..မင်းက...!
ညမလေး..လာ သွားအိပ်ရအောင်...။
"ဒေါ်မေသူ စိတ်ဆိုးနေသည်ကိုဂရုမဆိုက် သူ့ညီမလေးဘက်သာစကားလှည့်ပြောလိုက်သည်..''
ဟင့်အင်း...ကြယ်စင်..မေမေနဲ့ဖေဖေကို စောင့်ချင်သေးတယ်...။
ကြယ်စင်..မေမေနဲ့ဖေဖေက ဘယ်အချိန်ပြန်ရောက်မလဲ မသိ..မနတ်ကြမှာ့ တွေ့လဲရတာဘဲ...။
ဟင့်အင်း..မရဘူး...ကြယ်စင်စောင့်မှာ...။
ဟဲ့..မိကြယ်စင်..။
ဒေါ်လေး နောက်တစ်ခါအဲ့လိုခေါ်ရင် ဖေဖေနဲ့တိုင်ပြောမှာနော်...။
ဘာ..မင်းကများ..ငါလုပ်လိုက်ရ..။
အနားကိုတိုးလာပြီ မေသူ လက်ရွယ်လိုက်တာကြောင့် မျတ်လုံးပြူးလေးနဲ့ ကြယ်စင် ကိုကိုရဲ့ခါးကို ဖတ်ထားမိတယ်...။
ရိုတ်လေ...ကျွန်နော်မှာ ပါးစပ်ပါတယ်..မေမေနဲ့ဖေဖေလာရင်..ပြန်ပြောမှာ...။
ဟွန့်..ငါမရိုက်တာ နင့်အမေနဲ့အဖေကိုကြောက်လို့မဟုက်ဘူး...အချိန်မတန်သေးလို့
အိပ်ချင်အိပ် မအိပ်ချင် တစ်ညလုံး ဒီမှာနေကြ...။
"သူပြောချင်တာပြောပြီ မေသူ..သူ့အခန်းကိုပြန်ဝင်သွားသည်''
မကြောက်နဲ့ညီမလေး...။
ကိုကို..ဒေါ်လေးက ဘာလို့ ကြယ်စင်တို့ကိုမုန်းတာလဲ...။
သူမုန်းလဲ စိတ်ထဲမထားနဲ့ သူနဲ့ကင်းကင်းနော်...။
ဂျိမ်း.......ဖလျပ်....... ။
"ရုတ်တရက် အပြင်မှာ မိုးရွာမို့အတွက် ရှပ်စီးတွေ တဖျတ်ဖျတ်လပ်နေပါရော''
ညမလေး..အိပ်မပျော်ရင် ကိုကိုနဲ့အသူအိပ်လေ...။
ဟုက်ကဲ့..။
ခလပ်...။
ကြယ်စင်နဲ့လင်းလက်အပေါ်တတ်မယ်လုပ်တော့ ပိတ်ထားတဲ့တံခါးမကြီးက ပွင့်လာခဲ့တယ်.."
မေမေ..ဖေဖေ ပြန်လာပြီလား...။
ဖေဖေနဲ့မေမေကိုတွေ့တော့ ဝမ်းသာအားရ ပြေးဖတ်လိုက်တဲ့ ကြယ်စင်...။
ဟင်..အပြင်မှာ မိုးတွေရွာနေတာဘဲ...။
မေမေ ဖေဖေ တို့ကို ၁ရက်ထဲမတွေ့တာ ကြယ်စင်အရမ်းသတိရတာဘဲ...။
လင်းလက် ဒီအချိန်ထိ ဘာလို့ မအိပ်ကြသေးတာလဲ..ဘယ်အချိန်ရှိပြီလဲ...
၁၁နာရီပါ..ဖေဖေ..ညီမလေး မအိပ်ချင်သေးဘူးဆိုလို့..သားအခုဘဲအပေါ်သွားမို့
ဖေဖေတို့ပြန်လာတာအတော်ဘဲ ဖြစ်သွးတယ်...။
ဖေဖေနဲ့မေမေ အိမ်ထဲမဝင်ဘဲ အပေါက်ဝကြီးမှာ ဘာလို့ရပ်နေတာလဲ..။
အော်..ဟုက်သားဘဲ...
သမီးရော..ဝင်ခဲ့...။
"ဦးမိုးကို အပြင်က ကားရပ်ထားတဲ့နေရာကိုလှမ်းကြည့်ပြီး ခေါ်လိုက်ချင်း''
ဝင်လာတဲ့ ကောင်းမလေးက ကြယ်စင်နဲ့အသက်သိပ်မကွာလောက်ဘူး..
မိုးမိထားကို ကြွက်စုတ်ဖြစ်နေ၏...အသားတွေကလဲ တစ်ဆက်ဆက်တုန်နေတာ အရမ်းအေးပုံရသည်. .။
(ကြယ်စင်)
သူက....။
(ဖေဖေ)
သူက နောက်ဆို ဒီမှာနေလိပ့်မယ်...။
(လင်းလက်)
ဘယ်လို....။
(ဖေဖေ)
ဖေဖေတို့ အပြန်လမ်းမှာ မိုးသဲနေတော့ ကားစက်စီးဒန့် ဖြစ်သွားတယ်..သူက
ဖေဖေတို့ကားနဲ့တိုက်မိတဲ့လူရဲ့သမီး.....။
(ကြယ်စင်)
ဒါဆို သူ့အဖေရော ဖေဖေ...။
သူ့ကိုဆေးရုံအမှီတင်နိုင်ပေ့မဲ့ တစ်နာရီမကြာဘူး ဆုံးသွားပြီး..ဒါကြောင့်မို့ သူ့ရဲ့
အရာရာအစစ ဖေဖေတို့က တာဝန်ယူရလိုက်မယ်..။
(မေမေ)
ရှင်းသန့် လာသမီး ဒီနားကို...။
မေနှင်းဆီ ထိုမိန်းခလေးရဲ့ပုခုံးကိုဆွဲဖတ်ရင်းအနားခေါ်လိုက်ခြင်းကြောင့်..
ကြယ်စင် အနည်းငယ် မျတ်နှာလေးငယ်သွားတယ်...။
(မေနှင်းဆီ)
သမီး..သူတို့က အန်တီသမီးနဲ့သား..သူက ခွမ်းတောက်လင်းလက်..သူက
ခွမ်းတောက်ကြယ်စင်... ။
လင်းလက် ကြယ်စင်..သူက ရှင်းသန့်ဖြူစင်တဲ့....။
(လင်းလက်ကတော့ ပြုံးပြလိုက်၏...ကြယ်စင်လေးကတော့..သူမကိုမြင်ထဲက ကြည့်မရဘူး..)
(ဖေဖေ)
ကဲ ဒီနေ့တော့...ကြယ်စင် သမီးရဲ့အခန်းကို ရှင်းသန့်ကို ခနပေးလိုက်..
မနတ်ဖြန် ရှင်းသန့်အတွက် အခန်းသစ်လုပ်ပြီးရင် ပြန်ယူ..သမီးက ကိုကိုအခန်းမှာအိပ် ဟုက်ပြီလား..။
ဟင့်အင်း..မရဘား..ကြယ်စင်ရဲ့အခန်းကို ဘာလို့သူ့ပေးရမှာလဲ..ခနလဲ မရဘူး
(မေနှင်းဆီ)
ကြယ်စင်..ဘယ်လိုပြောလိုက်တာလဲ..သူ့ကို မင်းအမဘဲမှတ်လေ...။
ဟင့်အင်း မရဘူး..မကြိုက်ဘူး..ကြယ်စက်သူ့ကိုမကြိုက်ဘူး..
ထွက်သွား ငါ့မေမေဘေးက...။
ကြယ်စင် ပြောဆိုရင်း ရှင်းသန့်ကို တွန်းဖယ်ထုပ်လိုက်တာ..ရှင်းသန့် ဖင်ထိုင်ရက်လေး လှဲကျသွားတယ်...
(ဖေဖေ)
ဟယ်..ကြယ်စင်..ဘယ်ဘိုလုပ်လိုက်တာလဲ...။
ဖေဖေရဲ့လေသံမှာကြောင့်...
ဖေဖေ...ညမလေးကို မဆူပါနဲ့...ညီမကေ ငယ်သေးတဲ့ဟာကို..။
"လင်းလက်သူ့ညီမလေးရဲ့ပုခုံကနေ ဖတ်ထားလိုက်၏ "
တော်ပြီ...
လင်းလက် ကြယ်စင်ကို မင်းအခန်းထဲခေါ်သွား...။
မေနှင်း..ရှင်းသန့်ကို အခန်းထဲလိုက်ပို့လိုက်... ။
ဟုက်ကဲ့..အကို..။
©©©©©©©©©©©©©©©©©
မူတန်ရေ...ဝေ့မူတန်......
ထူးခန့်..ငါဒီမှာ ဘာလို့အသဲသန် အော်ခေါ်နေတာလဲ...။
ဟင်? !...ငါနင့်အသံဘဲကြားရတယ်..နင်ကဘယ်မှာလဲ...။
ခီခီ...အပေါ်မှာ နင့်အပေါ်မှာ...။
ထူးခန့် အပေါ်မေ့ကြည့်တော့...။
အမယ်ရေး..နင့်အဲ့ပေါ် ဘာတတ်လုပ်တာလဲ...။
သရက်ပင်ပေါ်တတ်မှာ့တော့ သရက်သီးခူးတာပေါ့လို့...။
ပြန်ဆင်းစမ်းပါဟာ..ပြုက်ကျလို့ ကွဲပြဲနေအုံးမယ်..။
ငါပြုက်ကျရင် နင်ဖမ်းထားလဲ.....။
ပြော..ငါ့ကိုအော်ခေါ်ပြီ ဘာလုပ်မလို့လဲ....။
နင့်အမေ ခေါ်နေတယ်...
ခန...ငါ သရက်သီးထက်ခူးပြီးရင် ပြန်ဆင်းလာမယ်..။
ခြင်းထဲမှာလဲ အများကြီး ဒီလောက်အများကြီး နင်ဘာလုပ်မလို့တုန်း..။
နင့်ကျွေးသက်မို့..တော်တော်လျှာရှယ်တယ်..ပိုင်ရှင်ပြန်မလာခင် ခူးရတာကို..
နင်အမြန်ဆင်း..
အဲ့ အဲ့တာဘာလုပ်နေကြတာလဲ..ငါအပင်ပေါ်ကို...။
ဟယ်..ဖိုးဖိုး..ပြန်လာပြီ...
တိန်...
အား..နာတာ...
ထူးခန့် ခေါင်းကိုလက်ဖြင့်ပွက်ကာ အပေါ်မှာပြာယာခက်နေတဲ့ မူတန်ကို မော့ကြည့်တော့..။
ထူးခန့်..တိုးတိုးနေပါဆို အော်ကျယ်အော်ကျယ် ငါးစိမ်းသယ်လာလုပ်နေတာ ငါခိုးခူးတာ လူများသိသွားပြီ...။
ဘုက်...
မူတန် အပင်တစ်ဝတ်လောက်ရောက်မှာ့ ခုန်းချလိုက်သည်..။
ခြင်းကိုင် အမြန်မပြေးဘဲ..နင်ဘာရပ်လုပ်နေတာလဲ....။
မပြေးဘူး မိပါစေ..ငါ့ခေါင်းပေါ် သရက်သီးပစ်ချတယ်....
ပစ်ချရမလား..ဖိုးဖိုးသံကြားလို့ လက်ချောပြီပြုက်ကျတာကိုး..
နင်တို့ ၂ယောက်မပြေးနဲ့ ငါ့သရက်ပင်ပေါ် တတ်ပြီးခိုးနေတာ..သူခိုးလေးတွေ..
မူတန်ပြေးတော့...
အ့? !
"ထူးခန့် မူတန်ရဲ့လက်ကိုဆွဲကာ အသာကုန်ပြေးတော့သည်''
.................
ဟောဟဲ..ဟောဟဲ......။
၂ယောက်သား မောကာ..စကားမပြောနိုင်ကြပေ...။
နင်ပြေးတာ မြန်လွန်းတယ် ပြီးတော့ သရက်ခြင်းကြီးမပြီတော့...။
ဒါပေါ့..ငါက ယောကျာ်းလေး..ပြီးတော့ ကျောင်းကအပြေးပြိုင်ပွဲမှာ ပထမဆုရတာ..
"ပြောသာပြောကြတာ ၂ယောက်လုံးကမေားနေတော့ နားနားပြီး ပြောနေကြ၏''
®®®®®®®®®®®®®®
ကေးဟာ..နင်ဘာလုပ်တာလဲ..ငါ့ကိုလွတ်...။
"ကေဟာ ဆွဲလာတဲ့လက်ကို ကြယ်စင်ရုန်းရင်း...''
သွား..နင်အမေနဲ့အဖေကို သွားပြော..ငါ့နဲ့မစေ့စပ်ချင်ဘူးလို့...။
"ကြယ်စင် ကေဟာကို ကြည့်ပြီး''
ဘာလို့ပြောရမှာလဲ မပြောပါဘူး...မိဘစကားမပယ်ရှားကောင်းဘူးတဲ့...။
တော်တော်တတ်နေတယ်ပေါ့..နင့်လိုရုပ်ဆိုးကို နောက်လာမဲ့ ငါ့မိန်းမအဖြစ်မခံနိုင်ပါဘူး..။
ကေဟာ))
ငါ ဘယ်မှာရုပ်ဆိုးလို့လဲ..။
မဆိုးလဲ..စနိုးလက်လောက် နင်လှလို့လား...။
ကေဟာ..ငါ့ကိုသူနဲ့မနိုင်းနဲ့...။
နိုင်းတော့ ဘာဖြစ်လဲ..နင်မကြိုက်ကိုးနိုင်းတာ...။
ငါနဲ့စနိုး ဒီလောက်တောင် ကွာလာ..နင်ငါ့ကိုမကြိုက်ဘူးလား...။
ဟုက်တယ်...။
အဲ့ဆို စနိုးငါ့ကိုအနိုင်ကျင့်ရင် နင်ဘာလို့ ကာကွယ်ပေးသေးလဲ...။
ငါကာကွယ်လို့လား..စနိုးအကြောင်းငါသိလို့ သူလက်လွန်မှာကြောက်လို့ ငါသူ့ကိုတားတာ..နင့်ကြောင့်မဟုက်ပါဘူး...။
အဲ့တာ နင်ပြောတာ...ငါစေ့စပ်ပွဲကိုမဖြတ်နိုင်ဘူး..ငါလိုရုပ်ဆိုးကနင်လိုလူကိုရတာ ကံကောင်းတာဘဲ...ဖြတ်ခိုင်းရအောက် ငါကအရူးလား...။
ခွမ်းတောက်ကြယ်စင်...
အဲ့ကြောင့်မို့ ငါနင့်ကိုကြည့်မရတာ...။
ငါကတော့ ကြည့်ရတယ်..အမြဲနင့်ကို နင့်ကိုတွေ့ချင်တာ...။
အရူးမ..ငါနင့်နဲ့စကားမပြောဘူး..နင်မပြောလဲ ငါဘာတာ ပြောမယ်...။
စိတ်ဆိုးဆိုးနဲ့ ကေးဟာ ကြယ်စင်တို့ခြံထဲကနေ ပြန်ထွက်သွားတယ်...။
ကေးဟာနဲ့ကြယ်စင်တို့က အိမ်ချင်းကပ်ရက်မို့..အမြဲမြင်တွေ့နေရပြီ ကျောင်းမှာလဲ
ကေးဟာက Aအခန်း ကြယ်စင်က B...
စနိုးလက်နဲ့ကေးဟာက အတန်းတူတွေ မမြဲတစ်တွဲတွဲနဲ့...
ခြံထဲကျန်ခဲ့တဲ့ ကြယ်စင်ကို အနောက်နေကြည့်နေတဲ့ ရှင်းသန့်...
စောစောက သူအကုန်ကြားအကုန်မြင်...။
ကေးဟာဆိုတဲ့သူက တည်ငြိမ်းလွန်းတယ်..စောစောက ငါကြည့်နေတာ..
သူစကားပြောတာကအစ ဆွဲဆောင်မှု့ရှိတယ်...သူဘာလို့ ခွမ်းတောက်ကြယ်စင်
ကိုငြင်းတာလဲ သူတို့က စေ့စပ်ထားသူတွေလား...။
(ရှင်းသန့်ဖြူစင်ရဲ့ခေါင်းထဲအတွေးဘောင်းဆုံ)
...........
လင်းလက်..ကြယ်စင်..ရှင်းသန့်..မင်းတို့၃ယောက် ကျောင်းကို သေချာသွားနော်..။
ဟုက်ကဲ့...။
ရှင်းသန့် ဒီနေ့တော့ ဒီအိတ်နဲ့ဘဲ ကျောင်းသွားလိုက်အုံး..ဖြုန်းစားကြီးဆိုတော့..
ဘာမှာ့မပြင်ဆင်ထားဘူး..နောက်မှာ့လွယ်အိတ်လှလှဝယ်ပေးမယ်နော် သမီး..။
ဟုက်ကဲ့..အန်တီ..။
အန်တီမဟုက်ဘူး..နောက်ဆို မေမေဘဲနော်...။
ဟုက်ကဲ့မေမေ...။
ဟွန့်....
"ကြယ်စင် ရှင်းသန့်ကို မျတ်စောင်းလေးထိုကာ''
သူတို့ ကျောင်းဝရောက်တော့..ကိုကိုက အထတ်တန်းမို့ ကြယ်စင်တို့နဲ့မတူ...။
ကဲ..ကြယ်စင် ရှင်းသန့် ကိုကိုအထဲအရင်ဝင်တော့မယ်...။
ညနေကျောင်းဆင်းရင် ကိုကို ကိုစောင့်နေကြနော်...။
ဟုက်ကဲ့..။
ဟုက်...။
လိမ်မာတဲ့...
ကိုကိုကြယ်စင်ရဲ့ခေါင်းလေးကိုပုက်ပြီ အထဲဝင်သွားတော့...
ရှန်းသန့်နဲ့ကြယ်စင် ၂ယောက်သာ...
ကြယ်စင်အထဲဝင်မယ် လုပ်တော့...။
ကြယ်စင်....။
"ရှင်းသန့်ခေါ်လိုက်တာကြောင့် ကြယ်စင်လှည့်ကြည့်လိုက်သည်''
ငါ..ဒီအိတ်ကြီးနဲ့အထဲမဝင်ချင်ဘူး...။
မျတ်နှာငယ်လေးနဲ့ ပြောလာတဲ့ ရှင်းသန့်...။
ငါနဲ့အိတ်ချင်းလဲပေးလို့ရမလားဟင်...။
ဟမ်း? !
တဂယ်တော့..ငါကြောက်တယ် ကျောင်းသားအသစ်ဆိုပြီအနိုင်ကျင့်မှာ..ပြီးတော့..ဒီ
ဟောင်းနွမ်းတဲ့ အိတ်ကြီးနဲ့...ငါအရမ်းကြောက်တယ်....။
ရှင်းသန့်ရဲ့မျတ်နှာကြည့်ပြီး ကြယ်စင်တဖြေးဖြေးသနားလာမိတယ်...။
ပြီးရောလေ...အဲ့ဆိုငါ့အိတ်ယူ..ငိါတို့က အတန်းအတူတူဘဲ...။
ငါကစ္စမရှိဘူး...။
တဂယ်ရလားဟင်...။
အင်း...။
(ကြယ်စင်ရဲ့လွယ်အိတ်ကိုရှင်းသန့်ကိုပေးပြီ ရှင်းသန့်ရဲ့အိတ်ကို ကြယ်စင်ယူလိုက်တယ်)
.................
ကျောင်းထဲ ရောက်တော့..သူတို့၂ယောက်ကိုအတန်းဖော်တွေက ဝိုင်းကြည့်..။
ရှင်းသန့်ကတော့ ပြုံးပြုံးဘဲ...။
ဟဲ့ နင်က ကျောင်းသားသစ်လား...။
အင်း..ငါနာမည်က ရှင်းသန့်ဖြူစင်...။
ရှင်းသန့်ဖြူစင်...ဝါး ဒီနာမည်က အရမ်းလှတာဘဲ နင်နဲ့လဲ လိုက်ဖတ်တယ်
ဖြူစင်ပြီလှတယ်..ပြီးတော့ နင်က သန့်သန့်ကလေး...
ဝါး..နင့်အိတ်ကအရမ်းလှတာဘဲ...။
ဟိုနေ့က ငါ ပလာဇာမှာတွေ့တယ် အဲ့လိုအိတ်မျိုး အရမ်းဈေးကြီးတာ...။
ဟာ..ဒါဆို..ရှင်းသန့်ရဲ့မိဘတွေက ချမ်းသာတာပေါ့...။
အင်း..ငါ့မေမေနဲ့ဖေဖေက ကုန်မ္မဏီ ပိုင်ရှင် ငါနဲ့ငါ့အကို ၂ယောက်ထဲ ငါ့မေမေမွေးထားတာ...။
ကြယ်စင်ရဲ့အကြည့်က ရှင်းသန့်ဆီ...သူဘာလို့ ကြယ့စင်နေရာယူတာလဲ...
သူက မေမေသမီးအရင်းမှာ့မဟုက်တာ..ကြယ်စင်က မေမေ့သမီးဟာကို...။
ရှင်းသန့်...!
"ကြယ်စင်ခုံမှာထရပ်ပြီ ရှင်းသန့်ကို စကားစလိုက်၏''
နင်ဘာလို့ မဟုက်တာတွေ...!
ကြယ်စင်...
သူက ငါ့ညီမ..ငါ့မေမေမွေးစားသမီး..ခွမ်းတောက်ကြယ်စင်..
ဟုက်တယ်မလား ကြယ်စင်..။
တစ်ခြားလူတွေက နှခမ်းလေးကကိုက်ထားတဲ့ကြယ်စင်ကိုကြည့်ပြီး..အိတ်ကို တစ်ချတ်ကြည့်တော့...။
အော်..လက်စတတ်တော့ နင်က လင်းလက်ရဲ့မွေးစားညီမကို..အဲ့ကြောင့်မို့ နင်နဲ့ရှင်းသန့်မတူတာ..နင့်အိက်ကအစ...။
ဘာ...!
ရှင်းသန့်..နင် ငါ့အိတ်ပြန်းပေး..။
"ရှင့်သန့်ရဲ့စာပွဲခုံပေါ်ကအိတ်ကိုစက်ခနဲယူလိုက်၏''
ကြယ်စင်..နင်ဘာလို့ မမကို စိတ်ဆိုးတာလဲ...နင်လိုချင်ယူသွားပါ....။
ရှင်းသန့်ကနာမည်လိုက်အောင် ဖြူစင်လိုက်တာ...
ကြယ်စင် နင်နဲ့တစ်ခြား..? !
အာာ....
ဟမ်....? !
"ကြယ်စင် သူ့ကိုအပြစ်ပြောနေတဲ့ ကောင်မလေးကို သွန်းတာ ထိုကောင်မလေး
အောက်ကိုဖင်ထိုင်ရက် လှဲသွားသည်''
..........................
ဘာဖြစ်လို့လဲ..ဆရာမ...။
လင်းလက်..မင်းညီမက အတန်းဖော်ကို အနိုင်ကျင့်လို့ မင်းကိုခေါ်ရတာ...
ဘယ်လို ညီမလေးကလား...မဖြစ်နိုင်တာ...။
မယုံရင် နင်ကြည့်လေ...
ဆရာမပြတဲ့နေရာကြည့်တော့..လက်မှာ အနည်းငယ်ထိထားတဲ့ဒဏ်ရာနဲ့ ကလေးမလေးရယ်..ညီမလေးရယ်...။
ကြယ်စင်..တဂယ်နင်လုပ်တာလား....။
သူကြယ်စင်ကို မဟုက်တာပြောတယ်...
သူက ဘာပြောလို့..။
ကြယ်စင်ကို ကိုကိုနဲ့မွေးစားညီမ မေမေ ဖေဖေရဲ့မွေးစားသမီးတဲ့...။
ဘာ....။
ဒီကညီမလေးက ဘာလို့အဲ့လိုပြောတာလဲ...။ကြယ်စင်ကအကို့ရဲ့ညီမအရင်း တစ်ဗိုက်ထဲက ထွက်လာတာ..။
ဟို..ညီမပြောတာမဟုက်ဘူး..ရှင်းသန့်ဖြူစင်ပြောလို့ လို့လိုက်ပြောတာပါ..။
ရှင်းသန့်ဖြူစင်.. !
ဟုက်...သူပြောတာ...။
တောင်ပန်ပါတယ် ဆရာမ..ညီမလေးအစား လင်းတောင်းပန်ပါတယ်...။
နောက်မဖြစ်စေကပါဘူး ..။
အွန်း..ပြီတာဘဲ..ခေါ်သွားလို့ရပြီ နောက်ထပ်ဖြစ်ရင် ကျောင်းအုပ်ကြီးဆီအပ်မှာ..
ဟုက်ကဲ့..။
လင်းလက် ကြယ်စင်ကိုခေါ်ကာ...ရုံးခန်းထဲက ထွက်လာခဲ့တယ်....''
"ညနေကျောင်းဆင်းတော့...လင်းလက်ကိုယ်တိုင် ညီမလေးနဲ့အတူရှိနေ..."
...........................
ရှင်းသန့်ဖြူစင်...
"အိမ်ရောက်တော့ လင်းလက် ရှင်းသနမ့ရဲ့နာမည်အပြည့်ဆုံကိုခေါ်လိုက်သည်''
ကျောင်းမှာ နင်ဘာလို့ မဟုက်တာပြောတာလဲ...။
ရှင်းသန့် ဘာပြောလို့...။
နင်ဘာပြောလဲ နင်သိမှာပေါ့..နောက်တစ်ခါ ကျောင်းမှာအဲ့လိုပြောကြည့်..
နင့်ကိုမောင်းထုက်မယ်..ငါ့ညီမနေရာ ဘယ်သူမှာ့မရဘူး....။
ဟဲ့ လင်းလက် ညီမလေးကို ဘယ်လိုပြောလိုက်တာလဲ...။
မေမေကမြင်တော့ လက်းလက်ကို အပြစ်တင်တော့တာပေါ့....။
သူဘာလုပ်လဲ မေမေ မသိလို့...။
"ပြောပြီး လင်းလက် အပေါ်တတ်သွား၏ ''
ရှင်းသန့် မင်းအကို ကိုစိတ်မဆိုးနဲ့..သူကအဲ့တိုင်းဘဲ...။
ဟုက်ကဲ့..မေမေ...။
©©©©©©©©©©©©©©©©©©©
တင်းတောင်း~~~တင်းတောင်~~တင်းတောင်~~
အသဲသန် ဘဲတီးနေတာမို့...ကေးဟာ ပြေးလာသည်...
ခွမ်းတောက်ကြယ်စင်...
"ကေးဟာတံခါးဖွင့်လိုက်တော့ ဝင်လာသူက ကြယ်စင်..."
နင်ဘာလုပ်လုပ်တာလဲ...။
ငါပြောသံကြားတာ..နင့်အဖေနဲ့ USလိုက်သွားမို့ဆို...။
ဟုက်တယ်...။
ဘာလို့လဲ..ငါနဲ့မစေ့စပ်ချင်လို့လား...အဲ့လိုဆို နင်သွားစရာမလိုဘူး..
ငါစေ့စပ်ပွဲဖျတ်ခိုင်းပါ့မယ်..မသွားပါ့နဲ့လားဟင်...။
နောက်ကျသွားပြီ...ငါဖြတ်ခိုင်းတုန်းက နင်မဖြတ်ဘူး..အခု..ငါ့အဖေနဲ့ USကို
၂နှစ်သွားပြီ..ပျော်ပျော်နေမို့...။
နင်အဲ့လောက်တောင် ငါ့ကို မုန်းလားဟင်....
ငါစေ့စပ်ပွဲဖြတ်လို့ နင်မသွားတော့ဘူးဆို ငါဖြတ်ပေးပါ့မယ်..။
သိပ်အမုန်းကြီးလဲ မဟုက်ဘူး...မျတ်ရည်ကျမနေနဲ့ ခလေဟုက်ဘဲ..
စေ့စပ်လဲအတူတူ မစေ့စပ်လဲအတူတူဘဲ...ငါသွားရမှာ...။
အဟင့်ဟင့်....မသွားပါနဲ့လား..ကေဟာ....။
ငိုငိုယိုယိုနဲ့ အဲ့ကြောင့် ငါနင့်ကိုကြည့်လို့မရတာ...။
ငါသွားမှာ ၂နှစ်ထဲ စိတ်ချ..အချိန်ကုန်တာမြန်တယ် ပြန်လာပြီ နင်းရုပ်ဆိုးဆိုးကိုကြည့်ရအုံးမှာ...။
သွား..ပြန်တော့.....။
ကေးဟာ....
ဘာလဲ....
နင်တဂယ် ငါ့ကိုမကြိုက်ဘူးလား..နည်းနည်းလေးတောင် မကြိုက်ခဲ့ဘူးလား
အိမ်မတ် မတ်မနေနဲ့ အခုလဲမကြိုက်ဘူး နောက်လဲမကြိုက်ဘူး..ဘယ်တော့မှာ့လဲ
ကြိုက်လာမှာ မဟုက်ဘူး...။
ဟိုမှာ ခြံတံခါးဖွင့်ထားတယ်....။
(ကေဟာကပြောပြီ သူ့အိမ်သူ ပြန်ဝင်သွားတယ်..)
ဖေဖေ..ကေဟာကိုမသွားမို့ ဖေဖေတားနိုင်မှာ....
(ကြယ်စင် ထိုနေရာကနေခွာကာ..သူ့အိမ်ပြန်လာခဲ့တယ်..)
...................
လာပါ...မြန်မြန်လာ.....။
မူတန်..ငါ့ကို ဒီခေါ်ပြီ ဘာလုပ်မလို့လဲ....။
ဟိုမှာ နင်ကြည့်...။
"ထူးခန့် မူတန်လက်ညိုးညွန်ရာကြည့်ပြီ''
ကြာပန်းလား...။
အင်း..င့ါတို သွားခူးရအောင်...။
ဘာလုပ်မှာလဲ..မနေ့ကလဲ..သရက်သီးခိုးခူးပြီးရောင်း..အခုလဲ ကြာပန်းရောင်းမလို့လား...။
ရောင်းလို့ရလား..ငါကအလှကြည့်ချင်လို့ခူးမလို့..ရောင်းလို့ရတော့ ပိုကောင်းတာပေါ့
ပြောမိတာ ငါ့အမှား...။
လုပ်ပါ..နင်လှေလှော်..ငါကခူးမယ်...။
ခူးတာက ဟုက်ပါ့ပြီ မနတ်ဖြန်မယ်ခူးပါလား..နင်ကြည့်မိုးတွေမဲးလာပြီ
မကြာခင် မိုးရွာတော့မယ်...
ခနနေမှာ့ရွာမှာကို..နင်ကလဲ...
နင်မခူးချင်နေ..ငါဘာတာသွားခူးမယ်...။
အယ့်..အယ်...ခနစောင့်...
ငါလှေလှော်မယ်....
အဟင်း..အဲ့လို့မှာပေါ့...။
"ဟူး...မနိုင်ဘူး..လုပ်မယ်ဆိုရင် ဘယ်သူမှာ့တားမရဘူး...''
(ထူးခန့်နဲ့မူတန်..ထိုကြာကန်ထဲ လှေဆီ ကြာပန်းကိုတစ်ဝကြီးခူး အနီးကပ်နမ်းတော့တာပေါ့..)
..................
ဖေဖေ....။
အိမ်မထဲကထွက်ပြီ...ညာဘက်အိမ်သေးသေး..စာရူ့ခန်းလေးကိုကူးတဲ့ ဖေဖေကို
ကြယ်စင်ခေါ်ပေမဲ့ ဖေဖေမကြား...။
"ခပ်သွက်သွက်...စာရူခန်းလေးထဲ ဝင်သွား၏''
ဖေဖေသွားတဲ့ဘက်ကို..ကြယ်စင်လဲအပြေးလိုက်သွားသည်...
ကေဟာကို မသွားမို့အတွက်ဖေဖေအကူညီလိုနေသည်
ကြယ်စင်..တံခါးလေး တွန်းဖွင့်ပြီး..ဝင်သွားတော့...။
ဟင်....
စာအုပ်စဉ်က စာအုပ်ထောင်ထားတဲ့နေရာကနေ အတွင်းက ဒေါ်လေးနဲ့ဖေဖေကို မြင်တော့...ကြယ်စင် အသံမထွက်နိုင်အောင်..ကိုယ့်ပါးစပ်ကိုယ့်ပိတ်မိတယ်..။
မျတ်လုံးကမျတ်ရည်များကျကာ...။
ဟင့်အင်း.....
အဟင့်ဟင့်...
ကြယ်စင်လှည့်ထွက်တော့...တစ်ခုခုကိုထိမိသားတယ်ထင်ပါရဲ့...။
ဟင်..အဲ့တာ..ဘယ်သူလဲ...။
ဘယ်..ဘယ်သူလဲ..မေသူ..တစ်ယောက်ယောက် ငါတို့ကို မြင်သွားလို့လား...။
ဟင်..မဟုက်ပါဘူး..ကိုမိုး..ဒီမှာခနနေနော်..မေသူ အခုဘဲ ပြန်လာမယ်...။
ဟီး..အဟင့်ဟင့်.....
ဘုက်..အာာ.....။
ခလုပ်တိုက်ပြီ တစ်ရှိန်းထိုးအရှေ့ကိုပြစ်လဲတာ...ကြယ်စင်ရဲ့ဒူးတောင်ပဲ့သွားတယ်
ကြယ်စင်...!
ဟင်...ဒေါ်....ဒေါ်လေး....။
ပြော..စောစောက နင်မဟုက်လား...။
မ...မဟုက်...ကြယ်စင်မဟုက်ဘူး...
အလန့်တကြားကုန်းထပြီ ထစ်ငေ့စွာဖြေသည့်ကြယ်စင်....။
ဒေါ်လေးက ကြောစရာမျတ်လုံးနဲ့ အရှေ့ထပ်ထပ်ပြီး တိုးလာတော့..
ကြယ်စင် အနောက်ဆုက်ရင်း ဆုက်ရင်း...! ?
....................
တော်လောက်ပြီ...မူတန်...ပြန်တတ်ရအောင်....။
တစ်ပွင့်ဘဲ နောက်တစ်ပွင့် နော် ထူးခန့်....
အေးပါ..ဘယ်ဟာလဲ...
အရှေ့က အပွန့်ကြီးကြီး....အရမ်းလှတာ...။
အဲ့တစ်ပွင့်ဘဲ တော်ပြီးနော်....။
အင်း......။
...................................
ကြယ်စင် နောက်ဆုက်ရင်းဆုက်ရင်း....
အနောက်ကို သတိမထားမိ....!
ကြောက်စရာကောင်းတဲ့ ဒေါ်လေးရဲ့ ရှေ့တိုးလာတဲ့လက်နှဖတ်ကြောင့်....။
ဝုန်း.....!
ဟင်...!
"အနောက် ကိုထပ်ဆုက်လိုက်တဲ့ ကြယ်စင်...အနောက်ဖတ်ရဲ့ အလှရေကန်ထဲပြုက်ချသွား၏...."
ကြယ်....ကြယ်စင်.....။
ကယ်..ကယ်ကြပါ......ဝုန်း.....ရေထဲယက်ကန်ယက်ကန်ဖြစ်ကာ..ပေါ်လိုက်
မြုက်လိုက်နဲ့...။
ငါ...ငါမဟုက်ဘူး.....ငါလုပ်တာမဟုက်ဘူး...။
ဒေါ်...ဒေါ်လေး..ကယ်ပါ....
အဟွက်ဟွက်...ဒေါ်လေး...ကိုကို.....ကေဟာ.......
.................
ဝုန်း.....
ဟင်..မူ..မူတန်....
မမှီမကမ်းနဲ့ကြာပွင့်ကိုလှမ်းခူးနေတဲ့မူတန်...
အရှိန်နဲ့..ပြုက်ကြသွားသည်....!
မူ..မူတန်....မူတန်...ကယ်ပါ....လာကြပါအုံး...မူတန်...
လာကြပါအုံး မုတန်ရေထဲပြုက်ကျသွားလို့...မူတန်.....။
ဝုန်း.....ထူးခန့်.သူပါဒိုင်ပင်ထိုးချကာ..မူတန်ကို ကယ်မို့ကြိုးစားလေသည်....။
.......................
(ကြယ်စင်)
ကေဟာ...ငါနင့်ကိုအရမ်းခင်လို့..နင့်နဲ့စကားပြောချင်လို့...စေ့စပ်ပွဲကို ငါတမင်မဖြတ်တာ...။နင်မသွားပါနဲ့လား....။
ကိုကို...ကိုကိုရောမေမေရော..ကြယ်စင်အစား ရှင်းသန့်ကိုမချစ်ပါနဲ့လား...။