သတင်းတွေကဖတ်လို့တော့ကောင်းတယ်။စဉ်းစားစရာတွေလည်းများတယ်။စကားတွေကလည်းရှေ့နောက်မညီဘူး။အစကနေစဉ်းစားကြည့်ရင် ကလေးတွေဂူထဲဝင်သွားတာ တစ်ယောက်မှမတွေ့ခဲ့ဘူးပေါ့။ဂူစောင့်ကစက်ဘီးတွေနဲ့ ဖုန်းတွေ အိတ်တွေမြင်တော့မှ အကြောင်းကြားတယ်ပေါ့ ကျောင်းကို ။ကျောင်းကနေမှ မိဘတွေကိုအကြောင်းကြားတယ်။မိဘတွေကနေ အစိုးရကိုအကြောင်းကြားတယ်ပေါ့။ အလုံးအရင်းနဲ့လာကယ်ကြတယ် ဒီ(၁၃)ယောက်ကို။
သူတို့ကပြောတာ ဒီဂူထဲကိုသူတို့ဝင်ဖူးနေကြဖြစ်လို့ ကျွမ်းတယ် ၊ ဘာကိုမှမကြောက်ဘူး ၊ မွေးနေ့လုပ်ဖို့သွားတယ် ၊ အစားအစာတွေဝယ်သွားတယ်ပေါ့။ထိုင်းစစ်တပ်နဲ့မလောက်လို့ နိုင်ငံခြားကနေကျွမ်းကျင်သူတွေကိုခေါ်အကူညီနဲ့ရှာကြတယ်။တော်တော်လေးကိုခက်ခက်ခဲခဲနဲ့ ဂူထဲကိုလိုက်ရှာနေရတဲ့ video အခွေတွေထွက်လာတယ်။ဒါနဲ့တစ်ပတ်ရှာတာ မတွေ့ဘူး။နတ်တွေပင့်တယ် ပူဇော်ပသကြတယ်။ ဆရာတော်ကြီးကိုပင့်တယ်။ဗေဒင်တွေမေးတယ်။ဒီမှာ ဗေဒင်ကမမှန်ပေမယ့် ဆရာတော်ကြီးကပြောတာမှန်တယ်။နှစ်ရက်နေရင်ပြန်တွေ့မယ် ကလေးတွေအကုန်အသက်ရှင်နေတယ်လို့မိန့်တယ်။လူပေါင်းထောင်ကျော်ရှာတာ ဒီကလေးတွေကိုမတွေ့လို့ နတ်ဖွက်တယ်လို့လဲပြောကြတယ်။ဆရာတော်ကြီးပြောသလို နောက်နှစ်ရက်နေတော့ကလေးတွေကို တစ်စုတစ်စည်းထဲတွေ့ခဲ့ကြတယ်။စက်တွေမနည်းဘူး။လူတွေမနည်းဘူး။လေယာဉ်တွေမနည်းဘူး။
ဒီတော့စဉ်းစားစရာက သိပ်တော့မရှိသေးဘူး။ကလေးတွေအတွက် နိုင်ငံတော်တော်များများက သနားကြတယ်။ထိုင်းနိုင်ငံအစိုးရကို ချီးကျူးကြတယ်။ဒီအထိသိပ်ပြီးတော့တအားကြီးစိတ်မ၀င်စားသေးဘူး။ဒီနေ့မနက်သတင်းတွေ့တော့မှစိတ်ဝင်စားသွားတယ်။ကလေးတွေကို အပြင်ဆွဲထုတ်ဖို့ရာ လေးလကြာမယ်။လေးလစာအစားအသောက်တွေကို ကလေးတွေဆီပို့မယ်ဆိုတော့ကာ နည်းနည်းတော့များသွားပြီလို့ထင်တယ်။တကယ်ကအားလုံးတွေ့ပြီ။နည်းပညာလည်းပဲ တအားမြင့်နေတယ်။နိုင်ငံခြားအကူအညီလည်းပဲယူထားတယ်။တစ်ပတ်အတွင်းထုတ်ပေးမယ်ဆိုရင်တော့ ယုံကြည်ရမယ့်ကိစ္စပါပဲ။လေးလဆိုတာကျတော့ ကလေးတွေကိုရင်းပြီး အကြံအကြီးကြီးလုပ်နေတာသေချာသလောက်ဖြစ်ပြီ။သူတို့ပြောတဲ့ဆင်ခြေက ကလေးတွေကို ရေကူးသင်ပေးမယ်၊ကျန်းမာအောင်လုပ်ပြီးမှ အပြင်ထုတ်မယ်။ရေတွေဂူထဲမှာများနေလို့ ကလေးတွေကိုစိုးရိမ်ရတယ်ပေါ့။ဒါဆိုရင် ရေငုတ်သမားတွေနဲ့ ရေကူးဝတ်စုံ အသက်ကယ်အင်္ကျီတွေက ကယ်လို့မရဘူးလား။လက်ရှိအနေအထားအရ ဆေးကုနေရတယ် အားပြတ်နေတယ်ဆိုပေမယ့် သေချာကြည့်တော့ သူလိုကိုယ်လိုပဲအကောင်းချည်းပါ။အလွန်ဆုံးတစ်ပါတ်ဆို အပြင်ပြန်ထုတ်လို့ရမယ့်ကိစ္စကို ဘာလို့လေးလကြာမှာလည်း။တစ်လဆိုမယုတ်မလွန် လက်ခံကြမယ်။လေးလဆိုတာ ဘာအတွက်များလည်း။
အဓိက ကတော့ လေးလအတွင်းမှာ သူတို့ဂူထဲမှာဘာတွေလုပ်မလည်း။ရေစုပ်ထုတ်မယ်တစ်ခုထဲလား။လေးလဆို မိုးလည်းကုန်ပြီ။အထင်အမြင်များစွာကွဲလွဲနိုင်ပေမယ့် သိသိကြီးနဲ့ငြိမ်နေကြတာ နိုင်ငံတကာက ဘာလို့များလည်း။ဒီဂူကိုသူတို့ဘာအတွက်အသုံးချမလည်း။တချို့ကလည်းမြန်မာနိုင်ငံနဲ့ဆက်စပ်နေလို့ မြန်မာပြည်အတွက်စိုးရိမ်ကြလေရဲ့။တချို့ကလည်း မသိသလိုနေနေကြတယ်။တချို့ကလည်း မြန်မာအချင်းချင်း အပြစ်တွေတင်နေကြတယ်။တချို့ကလည်း ကျွန်တော့်လိုစဉ်းစားနေတဲ့သူတွေကို တော်တော်ဥာဏ်နည်းပြီးတော့ သနားကြင်နာမှုမရှိတဲ့ကောင်လို့ ထင်နေကြမယ်။
ဒီတော့ 88 အရေးအခင်းတုန်းက တိုက်ပိတ်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်တွေက ရယ်နေကြတယ်။အလင်းမရှိတဲ့နေရာ အောက်ဆီဂျင်နည်းတဲ့နေရာမှာ အလင်းကိုသူတို့မကြောက်ခဲ့ဘူး။သူတို့တုန်းက သုံးရက်ထဲပိတ်တာ။ထမင်းတစ်နပ်ကျွေးတယ်တနေကုန် ၊ အပေါ့အလေး ဒီနေရာမှာပဲသွားရတယ်။ဒီကလေးတွေ 10 ရက်တောင် ဘယ်လိုနေလည်း။ကျွန်တော်လည်းစဥ်းစားကြည့်တယ် ကျွန်တော်တို့အိမ်မှာရေတွင်းတူးတုန်းက လူတွေအောက်ရောက်လေ အသက်ရှူ ကြပ်လွန်းလို့ တွေ့ရတာမသက်သာဘူး။အပေါ်ပြန်တတ်လာရင် 10 မိနစ်လောက်ခနအသက်ကို၀၀ ရှူပြီးတော့မှ ပုံမှန်ပြန်ဖြစ်သွားတယ်။သူတို့ကိုမေးကြည့်တယ် ဒီလိုဂူထဲမှာ နေရရင် ဘယ်လိုနေမလည်းပေါ့။ သူတို့ပြောတယ် တအားအေးပြီးတော့ ခြေထောက်ေတွလုံးဝလမ်းလျှောက်လို့ရတော့မယ်မထင်ဘူး။ အစာသိပ်မစားရလို့ မသေသည့်တိုင် 10 ရက်ဆို မေ့မျောနေလိမ့်မယ်တဲ့ဗျ။ဘယ်ဟာတွေဟာဘယ်လိုတွေလည်းဆိုတာ လုပ်ဖူးတဲ့သူတွေသိတယ်။ကျောက်တွင်းတူးတဲ့ သူတွေမေးကြည့်တယ်။အများဆုံး သုံးရက်နေဖူးတယ်။စားစရာနဲ့ရေအလုံအလောက်ထည့်သွားတယ်။အနွေးထည်နှစ်ထပ်ဝတ်တယ်။ဒါတောင်မှ ပြန်တတ်လာရင် လူရုပ်မပေါက်တော့ဘူးလို့ပြောကြတယ်။
နတ်ထွက်တယ်ဆိုတာကြားဖူးတယ် ငယ်ငယ်က။တစ်ဖွဲလုံးကစားတဲ့အခါမှာ မမြင်ရအောင်တစ်ယောက်ကိုဖွက်ထားတယ်ပေါ့။အခုကတော့တစ်ဖွဲ့လုံးဖွက်ထားတာ ဆန်းကြယ်လွန်းတယ်။ ဘာပဲဖြစ်ဖြစ် လေးရက်နဲ့ထုတ်လို့ရတဲ့ကိစ္စမျိုးကို လေးလထားမယ်ဆိုတာတော့ စဉ်းစားစရာပါပဲ။စာဖတ်သူတို့အမြင်လည်းပြောပြသွားပါဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။
စာဖတ်သူအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ချမ်းသာကြပါစေဗျာ။ဘေးအန္တရာယ်တွေကင်းကြပါစေ။
ချစ်လှစွာဖြင့်
AUTHOR : @zarmanizawlinn
MSC 210
NAYPYITAW.
MYANMAR
7/4/2018
1:36PM