သာယာတဲ့ နံနက်ခင်း
ဆောင်းလေနုအေး
တချက်တချက် ရိုက်ခတ်သွားတယ်
မင်းအတွက် နှလုံးသား အအေးပတ်သွားပီထင်
ပူပြင်းတဲ့ နွေရာသီ
ပူပြင်းတဲ့ နေ အရှိန်၊
Heatတက်နေတဲ့ အင်ဂျင်လို
မင်းအတွက် နှလုံးသား အဆင့်သင့်ပါ
စိုစွတ်နေတဲ့ မိုးရာသီ
စိုရွှဲနေတဲ့ လမ်းမ ထက်မှာ
အနွေးဓာတ်လိုနေတဲ့..
နှလုံးသား....မင်းအသင့်ရှိနိုင်မလား