အရိုးသားဆုံး ဝန် ခံ ရ ရင် ကျနော် က ငချွတ် လေး တယောက်ပါ၊ သူများတွေလို ဆရာကြီးမဟုတ်ခဲ့ပါ၊ မကွေး မြို့ အညာမြို့လေးမှာ မွေးဖွား ကြီးပြင်းရင်း အညာ တက္ကသိုလ်လေးမှာ ပညာစုံအောင် သင်ကြားခဲ့သူပါ၊ အခုလို Steemit မှာ အခုလို ဘော်ဒါတွေနဲ့ဆုံရမယ်လို့ မတွေးမိခဲ့ပါဘူး
ညီအကိုလို လိုအပ်တာ ဖြည်းဆည်းရင်း ADMIN ဘဝကို ရောက်ခဲ့ပါသေးတယ်၊ ကျနော်ဆိုတဲ့ ငချွတ်လေး တက္ကသိုလ်တက်ရင်း အဆင်ပြေရာပြေရာ online Making Money လောကထဲ ဝင်လာရင်း ကျနော် ဆိုတဲ့ ငချွတ်လေး မသိမသာ တတ်မြောက်လာခဲ့သော ပညာများမှာ
နည်းနည်းဖြစ်သော်လည်း ကျနော့်အတွက်တော့ ဖုန်းအသစ်တစ်လုံး ဝယ်နိုင်ခဲ့တယ်လေ
ကဲ အခုတခါ သွေးတိုးစမ်းတဲ့ Cryptocurrency ရဲ့ ဈေးကျမှူ ဂယက် က ထလာပြန်ပြီ၊ ဈေးတွေတက်လိုက်၊ ဈေးတွေကျလိုက်နဲ့ အမြင့်အနိမ့်၊ အတက်အကျ များနှင့် က ခုန် နေတဲ့ ကျနော်တို့လောက မှာ ဒီလိုအရာတွေသည် မ ဆန်းပြားပေ၊ ခမ်းနားတဲ့ စကားဝိုင်းတွေ ဖစ်မြောက်ဖို့အတွက် Messenger မှာလည်း Groupတွေထောင်ကာ အချင်းချင်း တီးတိုးပြောကြသည်မှာ တခါတခါ ချစ်သူကိုတောင် မေ့နေတတ်သည်၊
ဒီလိုအရာတွေကြောင့်လည်း ကျနော် ချစ်သူနဲ့နားလည်မှူလွဲ ကာ ရေစက်မပါတော့ ကံမကောင်းစွာနဲ့ ပြတ်သွားခဲ့သေးတာ မှတ်မိပါသေးတယ်၊ နားလည်ပေးတဲ့ ကောင်မလေးတွေကို ချီးကျူးမိတယ်၊
BTC ရဲ့ ခိုးမှူတွေ Hacker တွေရန် ဂယက်တွေကြောင့် ဈေးကွက်ကြီး တုန်လှူပ်သွားခဲ့သည်မှာ အခုဆိုရင် ထောင်ဂဏန်းမျှသာ ကျန်တော့သည်၊ ဈေးကျ ဈေးတက် ကြမ်းခဲ့သော Bitcoin ကြောင့် ထမင်းစားပျက် ၊ အိပ်ရေးပျက် Trade သော Trader များသည်လည်းကောင်း၊ Exchange လုပ်ပေးသော ဆရာများသည်လည်းကောင်း ဈေးအကျကိုကြောက်၍ မလုပ်ရဲကြတော့ပေ၊ လျှောက်ဆဲ လျှောက်မြဲ ဖြစ်တဲ့ Steemit ပေါ်မှာ ခမ်းနားတဲ့ မြန်မာလူငယ်တွေရဲ့ post တွေ Newfeed မှာ အများရှိလာတာ ဝမ်းသာစရာပါပဲနော်
ကျနော်ဆိုတာ ဖုန်းတစ်လုံးပဲ ဝယ်နိုင်ခဲ့တာပါ၊ သေသေချာချာ လုပ်မယ်ဆိုရင် Laptop ဝယ်နိုင်ဖို့ အေးဆေးဖြစ်မှာ အသေအချာပဲ၊ SBD တွေ ဈေးတက်ပါစေ ဆုတောင်းရင်းပဲ ဒီစာလေးကို အဆုံးသတ်ရင်း နားပါရစေဗျာ.......
Written by yairthiha
Credit to google images
MSC 003