ကျနော့် steemit သူငယ်ချင်းတွေကို
Story တခုအကြောင်း ပြောပြရင်း သင်ခန်းစာ ယူစေချင်ပါတယ်ဗျ
အစွမ်းပြချင်တဲ့ မြေခွေး လေး အကြောင်းပါ....
တောတွင်းတနေရာမှာ မြေခွေးတစ်ကောင်ဟာ ခြသေ့င်္မင်း နဲ့ရင်ဆိုင်တွေ့တယ် ၊ရှောင် ကွင်းမပြေးသာတော့ဘူး ။ မြေခွေးဟာ ကြောက်အားလန့်အား နဲ့ မြေပြင်ပေါ် ပြားပြားဝပ်ချလိုက်ပြီး ခြသေ့င်္မင်း ကြီး ကို အရိုအသေ ပေး ရှိခိုးနေ လေ တော့တယ်၊
"ဘယ်လိုလဲ မြေခွေး" ခြသေ့င်္မင်း က မေးလိုက်တယ်
"ကျွန်ုပ်ဟာ အရှင် ခြသေ့င်္မင်း ကြီးရဲ့ ခြေတော်ရင်းမှာ ခစားပြီး ၊ ကျေးကျွန် အဖြစ် လုပ်ကျွေးပြုစုနေလိုပါတယ် "
မြေခွေးကပြောလိုက်တယ်
ကောင်းပီ ဒီလိုဆိုလဲ ငါ့နောက်လိုက်ခဲ့၊ ငါ့ကို လုပ်ကျွေးပြုစုပေတော့၊ မင်းကိုလည်း ကျွေးမွေး စောင့်ရှောက်ထားမယ်ကွာ....
ခြသေ့င်္မင်း က ခွင့်ပေးလိုက်တယ်
အ့ဒီနေ့ကစပီး မြေခွေးဟာ ခြသေ့င်္မင်း ကြီး နေထိုင်ရာ ဂူကို ရောက်သွားခဲ့သည်၊ ခြသေ့င်္မင်း ကြီး ရဲ့ စားကြွင်းစားကျန် တွေကို အားပါးတရ စားသောက်ခဲ့ရသည်၊ ရက်အတန် ကြာလာတဲ့အခါမှာ မြေခွေးရဲ့ ခန္ဒာကိုယ် ဟာ လှပဆူဖြိုးလာတယ် ။ အားအင်တွေလဲ ပြည့်လာတယ်၊
တနေ့မှာ ဂူအတွင်းအိပ်နေတဲ့ ခြသေ့င်္မင်း က မြေခွေးကို လှမ်းပြောတယ်
အသင်မြေခွေး ၊ တောင်ထိပ်ပေါ်ကိုတက်သွားပြီး ၊ တောင်ခြေမှာ ကျက်စားနေတဲ့ သတ္တဝါတေကို လှမ်းကြည့်လိုက်ပါ။
အသင်စားလိုတဲ့ သတ္တဝါကို မှတ်ထားပြီး ငါ့ဆီ ပြန်လာခဲ့ ။ အဲဒီတိရစ္ဆာန် ကို ငါသတ်ပီး မင်းကိုလည်း ကျွေးမယ်
မြေခွေးဟာ တောင်ပေါ်တက်ပီး ခြသေ့င်္မင်း ပြောတဲ့အတိုင်း မှတ်သားခဲ့ပြီး ပြန်လာခဲ့သည်၊ အဲဒီအခါမှာ မြေခွေးက ခြသေ့င်္မင်း စားကျန်တာ စားခဲ့တယ်၊
အနေကြာလာတဲ့အခါ မြေခွေးရဲ့ စိတ်ထဲမှာ
ငါဟာ ဘာဖြစ်လို့သူတစ်ပါးကို မှီခိုစားသောက်နေရမှာလဲ အင်မတန် ရှက်ဖို့ကောင်းတယ်၊ ဒီနေ့က စပီး သူတစ်ပါးရဲ့ကျွေးစာ ငါ မစားတော့ဘူး၊ ငါကိုယ်တိုင် ဆင်ကိုသတ်စားမယ်၊
ဆိုတဲ့ လွဲမှားတဲ့စိတ် ဖြစ်ပေါ်လာခဲ့တယ်၊အဲဒီတော့ ခြသေ့င်္မင်း ထံသွားပြီး
အရှင် ကျွန်ုပ်ဟာ အရှင်သတ်ဖြတ်ကျွေးမွေးတဲ့ အသားတွေ စားသောက်ခဲ့တာ ကြာပါပြီ၊ ကျွန်ုပ်ကိုယ်တိုင်လည်း ဆင်ကို သတ်ပြီး စားလိုပါတယ်၊၊
အဲဒါကြောင့် အရှင်မင်းကြီးရဲ့ အိပ်ယာမှာ ကျွန်ုပ်ဝင်အိပ်ပါရစေ ၊ ဒီလောက်လုပ်ကိုင်ပြောဆိုပေးရတာကို အောက်တန်းကျတယ် မထင်ပါနဲ့နော် ၊
လို့ စိတ်ကူးကို ပြောပြလိုက်တယ်
ဟေ့ကောင် မင်းဘာတွေရူးထ နေတာလဲ ၊ မကြားမဝံ့သာ ဖြစ်ကုန်အုန်းမယ် ၊ ဆင်ကို မြေခွေးက ဘယ်တုန်းက နိုင်ဖူးလဲ ၊ရာဇဝင်မှာ မရှိတာတွေ
ခြသေ့င်္မင်း က အကြိမ်ကြိမ်တားတယ် ၊မာနစိတ် တက်နေတဲ့ မြေခွေးကလည်း အလျော့မပေးဘူး ၊ တောင်းဆို မြဲ တောင်းဆိုတယိ ၊ နောက်ဆုံးမှာတော့ ခြသေ့င်္မင်း က စိတ်ချမ်းသာအောင် လိုက် လျောပေးလိုက်ရတယ်.....
ကဲ ဘာတွေ ဆက်ဖြစ် မလဲ နောက်နေ့မှာ တင်မယ်နော်....😉
Written by yairthiha
MSC 003
Credit to google images