အားလုံးပဲ မင်္ဂလာပါ ရှင့်။ကျန်းမာချမ်းသာကြပါစေ။
ဒီနေတော့ ငယ်ဘဝကသတိရမိတာတွေ တွေးရင်းနဲ့ ကျွန်မဦးဏှောက်ထဲ၊နှလုံးသားထဲကို ရောက်လာတဲ့ ခံစားချက်တစ်ခုက ဆရာဆိုသော အနန္တဂိုင်းဝင်ကျေးဇူးရှင် တစ်ပါးပါ။ကျွန်မတို့ဘဝတွေ လှပသည်ဖြစ်စေ၊ကြမ်းကြသည်ဖြစ်စေ ဆရာဆိုသော နာမည်လေးနဲ့တော့ ရင်းနှီးဖူးကြမှာပါ။ဘဝမှာ ပညာရှာပြီး ရုန်းကန်ရမှ ဆရာနဲ့တွေ့သည်ဟု ပြောလို့ရတာမဟုတ်ပါဘူး။မြင်ဆရာ၊ကြားဆရာတွေလည်း ရှိပါတယ်။သူလုပ်တာကြည့်ပြီး ကိုယ်လိုက်လုပ်တယ် အဆင်ပြေတယ်။သူ့နည်းကို ကိုယ်ယူသုံးလိုက်တော့ သူကကိုယ့်ရဲ့ မြင်ဆရာပဲပေါ့။ကိုယ်ကို စာတစ်လုံးပေတလုံးတတ်အောင်သင်မှ ဆရာမဟုတ်ဘူး ဆိုတာ အရင်ဆုံးပြောပြတာပါ။
ကျွန်မငယ်ငယ်က လေးစားပြီးအရမ်းကြောက်ရတဲ့ ဆရာတစ်ယောက်ရှိခဲ့ဖူးတယ်။သူဘွဲ့ရတစ်ယောက်မဟုတ်ဘူး။တစ်ဝက်တစ်ဖြတ်နဲ့ကျောင်းနားထားတော့ ဘွဲ့မရလိုက်ဘူး။ဒါပေမယ့် ကျွန်မတို့ရွာမှာက ပညာတတ်အရမ်းရှားတယ်။တက္ကသိုလ်တက်ဖူးသူဆိုတာ ရှားမှရှားပဲ။ဆရာက သူတတ်တဲ့ပညာနဲ့နိုင်သလောက် ကျူရှင်ခေါ်တယ်။ဆရာအင်အားနည်းလို့ ရွာက ဆရာ့ကိုလည်း ရွာကျောင်းမှာ ငှါးသင်ခိုင်းကြတယ်။ကျွန်မ ငယ်ငယ် ၃တန်း ၄တန်းကပေါ့။ဆရာ့ရဲ့ နာမည်အကြီးဆုံး ဂုဏ်သတင်းက အရိုက်ကြမ်းတာပါပဲ။ဆရာဆိုတာ သူသင်လိုက်တဲ့စာကို ကျောင်းသားတွေ တက်ကြွပြီး နားလည်နေမှ သဘောကြတဲ့ စေတနာရှင်ကြီးတွေပါ။အိမ်စာတွေပေးတယ် မနက်ရောက်ပြီဆို မေးတယ်။မရရင် ခြေတလုံး လန်ပြီး အရိုက်ခံရတယ်။ဆောင်းတွင်းဆို ပိုဆိုးတာပေါ့။နာလိုက်တာ....နာလိုက်တာ....မပြောပြတတ်အောင်ပဲ။
ဆရာက သူ့အိမ်မှာ ကျူရှင်သင်တယ်။မသင်ခင် ကလေးတွေကို အိပ်ခိုင်းတယ်။ပြီးရင် တရားထိုင်ခိုင်းတယ်။ပြီးမှ စာကို ဂရုတစိုက်သင်လေ့ရှိတယ်။ကျူရှင်အစောကြီးလာသူတွေကို ဘောလုံးကန်ကစားခိုင်းတယ်။ကျွန်မမှတ်မိသေးတယ် ဘောလုံးကန်ချင်လို့ အစောကြီးရေမချိုးဘဲနဲ့သွားတာ ဆရာကရေမချိုးရင် မလာရဘူးတဲ့လေ။အဲ့လို ပေတေအောင်ကစားရတာကို နှစ်သက်ခဲ့ဖူးတယ်။အဲ့တုန်းကဆို သူငယ်တန်းစာတောင် ချောချောမွတ်မွတ်ပြေပြေပြစ်ပြစ် မဆိုတတ်အောင် ၃တန်းလောက်က အခြေအနေဆိုးခဲ့ဖူးတယ်။အဲ့နှစ်မှာ ကျူရှင်စဖွင့်တယ်၊ဖွင့်ဖွင့်ချင်းတက်တယ်။နောက်နှစ်၎တန်း၊၅တန်းဆက်တိုက် နှစ်တိုင်းဖွင့်တယ်။အမြဲတမ်း အားပေးတဲ့ ဆရာ့ရဲ့ ပင်တိုင်စံ customer တစ်ယောက်က ကျွန်မပါပဲ။၅တန်းလောက်ကျ စာတော်တဲ့စာရင်းထဲပါလာပြီလေ။ဒါတွေအားလုံး ဆရာ့ကျေးဇူးကြောင့်ဆိုတာ ကျွန်မ အပြည့်အဝဝင်ခံပါရစေ။ဆရာ့ကို ကြောက်ပြီး သူသင်တ်ဲစာတွေကို ညဆိုအော်အော်ပြီး ကျက်တယ်။ရပြီဆိုမှ အိပ်ယာဝင်တယ်။ဆရာ့က သချာင်္ကိုပိုပြီးနှစ်သက်တယ်။အရင်က အတွက်အချက်ညံ့တဲ့ကျွန်မ သင်္ချာ တွေစိတ်ဝင်စားလာပြီလေ။
နောက်ပြီး ဆရာက English grammar ကို အလေးထားပြီးသင်တယ်။ကဗျာလေးတွေနဲ့မှတ်မိလွယ်အောင် သေချာသင်ပေးတာတွေမှတ်မိသေးတယ်။ညနေ ညနေကျောင်းဆင်းချိန်ဆို အပြိုင်အဆိုင် ကဗျာတွေ အော်ဆိုခဲ့တာ မှတ်မိနေသေးတယ်။ကလေးဘဝမှာ အပူအပင်ဆိုတာ ဘာဆိုဘာမှ မရှိဘူး။ဆရာ့ကိုကြောက်တဲ့စိတ်တော့ ရှိခဲ့ဖူးတယ်။အဲ့တာကြောင့်လည်း အခုအခြေအနေမှာ လက်မထောင်နိုင်နေတာပေါ့။ဆရာ့ရေ့...ဒီနေရာကနေ ဆရာ့ကို ကန်တော့ပါတယ်။တချိန်ကလေးစားရသော ဆရာ အခုလည်း လေးစာမှုတွေ မလျော့သေးပါဘူးဆရာ။
ကြောက်တဲ့စိတ်ကြောင့် စာတွေလုပ်ရင်း သင်္ချာ မှာအမှတ်ပြည့်ရခဲ့ဖူးတယ်။သြော်...စဉ်းစားကြည့်လိုက်ရင် ဆရာဆိုတာပေးဆပ်ခြင်းသက်သက်နဲ့လုပ်အား၊ဥာဏ်အား တွေအားလုံး စိုက်ထုတ်ပြီး ကိုယ်ကျိုးစွန့်သူတွေပါ။ ကျူရှင်လခလေး တစ်လမှ ၁၅၀၀နဲ့ စာတွေအများကြီး တတ်ခဲ့ဖူးတယ်။ ဆရာရဲ့စေတနာ အခုချိန်ထိ ထင်ဟတ်နေဆဲပါဆရာ။ဆရာတို့ပေးသော ပညာ တွေနဲ့ ဆက်လက်ပြီး ပညာတွေအများကြီးတတ်နေပါပြီဆရာ။ဆရာ့ကျေးဇူး၊ဆရာ့ဂုဏ်ပို ဘယ်တော့မှမေ့ပျောက်မသွားပါဘူးဆရာ။ထာဝရတွက်ဆရာဆိုတာ ပညာအလင်းတိုင်ကိုကိုင်ပြီး လမ်းမှန်ပေါ်ရောက်အောင် မောပန်းခြင်းမရှိ လမ်းပြပေးတဲ့ ၊သင်ပြပေးတဲ့ လမ်းပြဘုရားတစ်ဆူပါပဲလို့ ကျွန်မတင်စားပါရစေ။
ပြောရင်းဆိုရင်း...အဖေပြောပြတဲ့ အဖြစ်အပျက်လေးတစ်ခုတောင်မှတ်မိသွားတယ်။ဒီလိုပါ...ဆိုင်းဆရာပြောပြတာ မှတ်ထားတာတဲ့လေ။ သူတို့အိမ်နားမှာ မူလတန်းကလေးတွေကျူရှင်ခေါ်ပြီးသင်ပြပေးနေတဲ့ ဆရာမတစ်ယောက်ရှိတယ်။စေတနာကလည်းအရမ်းကောင်း ကလေးတွေလည်း အရမ်းဂရုစိုက်တော့ လာအပ်တဲ့ မိဘတွေများတာပေါ့။ တစ်နေ့ကျ GTIကျောင်းသားတစ်ယောက်က သူ့အိမ်ခဏပြန်လာတော့ သူ့အဖေက ငါ့သား ဟိုဘက်အိမ်ကဆရာမကတော်တော်လေးတော်တယ်၊စာအသင်အပြလည်း နာမည်ကြီးတယ်။သင်တဲ့နေရာမှာလည်း အသင်ကတော်တော်ကောင်းဆိုပြီး နာမည်ကြီးနေတာကြာပြီတဲ့။သားဖြစ်သူက ဘာပြောလဲဆိုတော့....အဲ့ဆရာမ ကျွန်တော်လောက်မတတ်ပါဘူးတယ်။ကျွန်တော်တို့က ပိုပြီးမြင့်တယ်၊အသက်မွေးဝမ်းကြောင်းပညာတွေသင်ရတာတဲ့။ တကယ်တော့ သူငယ်ငယ်က မူလတန်းမှာ သင်ပေးဖူးတဲ့သူ့ငယ်ဆရာမပါ။ ဝ ´လုံးဆိုတာ ဒါပါ။ဒါကိုကြ
က ´ကကြီးလို့ဖတ်ရတယ်။အမျိုးမျိုး အဖုံအဖုံ နည်းမျိုစုံနဲ့ သင်ပေးခဲ့ဆရာမတစ်ယောက်ကို ကျွန်တော်လောက်ပညာမတတ်ဘူးတဲ့။ဟုတ်တယ် ခင်ဗျားတို့ရတဲ့ဘွဲ့ ဒီဂရီတွေက သူ့တို့ထက်မြင့်ချင်မြင့်လိမ့်မယ် ၊ခင်ဗျားတို့လောက်မတတ်ဘူး ဟုတ်ချင်ဟုတ်လိမ့်မယ်။ဒါပေမယ့် ခင်ဗျား အဲ့လမ်းပေါ်ရောက်အောင်၊လမ်းမှန်ပေါ်မှာ မျက်နှာမငယ် ဘဲလျှောက်လှမ်းနိုင်အောင် foundation. ချပေးခဲ့တာ အနစ်နာခံ ပုဂ္ဂိုလ် တွေပါ။
ဘယ်အရာပဲဖြစ်ဖြစ် အုတ်မြစ်မကောင်းရင် ကြာကြာမခံဘူး၊ဒဏ်မခံနိုင်ဘူး။
ဒါကြောင့် ဆရာဆိုတာ ဒုတိယမိဘပါပဲ။ဘယ်တော့မှ ဆရာ့ဂုဏ်တွေမမေ့ကြပါနဲ့။ဆရာရဲ့ကျေးဇူး တစ်နည်းမဟုတ်တစ်နည်းနဲ့ ဆပ်နိုင်ကြပါစေ။အနန္တဂိုင်းဝင်ကျေးဇူးရှင် ဆရာအာ့း ကျွန်မ ဒီpostရေးရင်းနဲ့ ဂါရဝ ပြုလိုက်ရပါသည်။
@thithisann
Msc 262
Author Thi Thi San