မတင်ဖြစ်ခဲ့တာလေး ပြောပြတာပါ
အခုစာရေးနေချိန်က 3:27 AM ( 25.1.2018 ) ပါ ။
အိပ်မရတော့ steemit ထဲဝင်ပြီး ဟိုဟိုဒီဒီလျှောက်ကြည့်မိပါတယ် ။ ကျမတင်ထားတဲ့ မေတ္တာတေးသီ msc post ကို appreciator မှာ 2sbd ပို့ ပြီး booster ( ဘုတ်ခိုင်း ) လုပ်ပါတယ် ။
အဲ့လိုပို့ ပြီးမှ သိလိုက်ရတာက appreciator က အနဲဆုံး 2.5 sbd ပို့ မှ လာဘုတ်တာကို သိရတော့ ကျမပို့ တဲ့ 2sbd က ဆုံးပြီပေါ့ ။ ကျမလိုဆုံးဘူးတဲ့လူတွေလည်း အများကြီးရှိမှာပါ ။
ကျမထက်သိတဲ့ စီနီယာအကိုများကို မေးကြည့်တော့လည်း ရေစုန်မျောပြီ ပြန်မရဘူး ဆုံးပြီဆိုပြီး အားပေးလိုက်ကြတာ မပြောပါနဲ့တော့ ။ အမှန်တိုင်းပြောရရင် ခနခနဆုံးပေမယ့် ဒီတခါတော့ နှမြောနေမိတာ ညကပို့ လိုက်တဲ့ 2sbd ကို ။
စကားရှည်သွားပြီ sorry ။ ခုနဟာပြန်ဆက်ပြောပြပါမယ် ။ အဲ့လိုလျှောက်ဖတ်မိရင်း 2sbd မှားပို့ မိတဲ့ appreciator ဆီသွားဖတ်မိတာပါ ။ သူနောက်ဆုံးတင်ထားတဲ့ post အောက်က မန့် တွေဆီလဖတ်မိသွားတော့ ကျမလို မှားပို့ သူတွေရော sbd ပို့ ပြီး အဆင်မပြေသူတွေရော comments တွေပေးထားကြတာ ဖတ်ရပါတယ် ။ appreciator ကလည်း reply ပြန်တာလဲ ဖတ်မိခဲ့ပါတယ် ။
ကျမပျော်သွားတယ်သိလား ။ appreciator က မှားပို့ တာကို ပြန်ပေးနေတာ reply မှာ ဖတ်ရလို့ ပါ ။ ဘာပြောကောင်းမလဲ ကျမလဲဘာမှမစဉ်းစားဘူး ဆုံးပြီးထင်ထားတာလေး ပြန်ရဘို့ မျှော်လင့်ချက်ထားပြီး comment ဝင်ပေးလိုက်တာ ချက်ချင်းပေါ့ ။
နောက်တနာရီမကြာသေး appreciator က တကယ်လာပြန်ပေးထားတာ wallet ထဲမှာ တွေ့ရပါတယ် ။ ပျော်ပြီလေ ယခုပေါက်ဈေး မြန်မာငွေ ၂သောင်းနီးပါးပြန်ရတာ ဝမ်းသာတာပေါ့ ။
ကျမလို ဆုံးသူတွေအတွက် အပန်းမကြီးရင် ကျမလိုပြန်လိုချင်ရင်တော့ appreciator ထံ ကျမလို comment ပေးကြည့်ကြပါလားလို့  သတင်းကောင်းပါးလိုက်မိတာပါ ။ သိသူတွေတော့ မဖတ်ဖဲကျော်သွားပေါ့ ။ မသိသူတွေအတွက်ရည်ရွယ်ခြင်းပါ ။
အောက်မှာ ကျမမှားပို့ မိတဲ့ ss နဲ့ ကျမမန့်တဲ့ss အပြင် appreciator က ပြန်ပေးသွားတဲ့ ss ပါ ကြည့်နိုင်ပါတယ်ရှင် ။
MSC 021