လူသားတစ်ဦး၏ ဦးနှောက်စွမ်းဆောင်နိုင်မှု အနိမ့်အမြင့်သည် မွေးဖွားကြီးပြင်ရာ အကြောင်းရင်းခံများနှင့် ထိဆက်ငြိတွယ်နေတက်သလို မွေးရာပါ ဗိဇလက္ခဏရပ်များနှင့်လည်း ဆန်းပြားစွာ ဆက်နွယ်လျက်ရှိပါတယ်။သို့ရာတွက် အာဟာရပြည့်ဝသော အစားအစာများကို စနစ်တကျစားသောက်ပေးခြင်းဖြင့် မူလစွမ်းရည်ထက် ပိုမိုတိုးတက်ပြီး မြင့်မားလာနိုင်ပါကြောင်း ဆေးဘက်ဆိုင်ရာတွေက လက်ခံထားပါတယ်။
ဦးနှောက်၏စွမ်းဆောင်မူအားများ တိုးမြှင့်ကောင်းမွန်လာစေမည့်စားသောက်ဖွယ် အာဟာရများကို နေ့စဉ် ပုံမှန်သောက်သော လူတစ်ယောက်သည် မူလစွမ်းရည်ထက်ပိုသော ဥာဏ်စွမ်းရည်မြင့်မားမှုကို အလွယ်တကူ ရှိစေနိုင်ပါတယ်။လုပ်ငန်းခွင်၌ အချိန်ပြည့်တာဝန်ယူနေရသော လူတစ်ယောက်၏ ဦးနှောက်သည် ဆုံးဖြတ်ချက်မှကန်မှုနှင့်အတူ အလုပ်မှာ အကောင်းဆုံးဖြစ်အောင် လျှင်မြန်စွာ ပြုမှုဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ်။
ထို့ကြောင့် ဦးနှောက်ဥာဏ်စွမ်းရည် တိုးတက်ကြည်လင်လန်းဆန်းစေဖို့အတွက် အာဟာရပြည့်ဝသော ဓာတ်စာများကို အမြဲလိုလိုစားသုံးပေးသင့်ပါတယ်။ငါး ကြက်ဥ နွားနို့ နေကြာစေ့ သစ်ကြားသီးတို့သည် ဦးနှောက်ကျန်းမာရေးနှင့် အသိဥာဏ်စွမ်းအားကို အထောက်အကူပြုသော အာဟာရဓာတ်များကြွယ်ဝစွာပါဝင်နေကြောင်း အနောက်တိုင်းဆေးပညာရှင်များက စစ်တမ်းပြုစုထားခဲ့ပါတယ်။
ငါးသည် လူတစ်ဦး၏ဦးနှောက်ပိုင်ဆိုင်ရာနှင့် အဓိကဆက်နွယ်သော ဥာဏ်ရည်ဖွံဖြိုးမှုကို အထူးအားကောင်းစေတဲ့ အစာအစားတစ်ခုဖြစ်ပါတယ်။ငါး၏ဦးခေါင်းပိုင်းအတွင်း၌မြောက်များစွာသော လက်ဆီသင်များသည် လူ၏ဦးနှောက်၌ရှိသော အာရုံကြောများအတွင်းသို့ အချက်အလက်များပို့ဆောင်ရန်အတွက် လွန်စွာမှ အရေးပါလှပါတယ်။ဆေးပညာရှုထောင့်ကကြည့်မြင်ဆိုပါက ငါးကို နှစ်ခြိုက်စွာ စားသုံးခြင်းဖြင့် မှတ်ဥာဏ်စွမ်းအားကောင်းမွန်စေသလို စဉ်းစားတွေးခေါ်ဆင်ခြင်းနှင့် ဝေဖန်သုံးသပ်ခြင်း စွမ်းပကာကို အထူးမြင့်တင်ပေးနိုင်ပါတယ်။အသက်အရွယ်အရ ဦးနှောက်ဆဲလ်များ ပျက်စီးယိုယွင်းလာခြင်းကိုလည်း ထိန်ချူပ်ကာကွယ်ပေးနိုင်ပါတယ်။
HFS-B14