ဘဝတစ်ဆစ်ချိုးအပိုင်း(၁)
ဘဝတစ်ဆစ်ချိုးအပိုင်း(၂)
ဘဝတစ်ဆစ်ချိုးအပိုင်း(၃)
ဘဝတစ်ဆစ်ချိုးအပိုင်း(၄)
ဘဝတစ်ဆစ်ချိုးအပိုင်း(၅)
ဘဝတစ်ဆစ်ချိုးအပိုင်း(၆)
ဘဝတစ်ဆစ်ချိုးအပိုင်း(၇)
ဘဝတစ်ဆစ်ချိုးအပိုင်း(၈)
ယခင် ဘဝတစ်ဆစ်ချိုးအပိုင်း(၈)မှအဆက်
"အေးပါကွယ် အေးပါ ပြန်ပါပြန်ပါ အဒေါ့်ယောက်ျားကိုလည်း လှမ်းခေါ်ထားပါတယ် အဒေါ့်စိတ်ထဲလည်းဘာမှမရှိတော့ပါဘူး"
"ဒါဆို ကျွန်တော်တို့ကိုခွင့်ပြုပါဦး"နေသော်တို့သူငယ်ချင်းလေးယောက်သားလည်း အဒေါ်ကြီးအား နှုတ်ဆက်ကာ အိမ်သို့ပြန်လာခဲ့တော့သည်။credit imagehttp://www.robinsuites.co/girl-in-hospital.html/girl-in-hospital-decor-popular-jpg-w-720
အိမ်သို့ပြန်လာရာလမ်းတွင်တော့ သူငယ်ချင်းလေးယောက်သား တစ်ယောက်ကိုတစ်ယောက်စကားမပြောဘဲ တိတ်ဆိတ်ငြိမ်သက်နေလေသည်။တစ်ယောက်တစ်မျိုး အတွေးတွေကိုယ်စီဖြင့် စဉ်းစားခန်းဖွင့်လာခဲ့ကြသည်။သေချာတူညီနိုင်မည်သော အတွေးတစ်ခုကတော့ သူတို့သူငယ်ချင်းလေးယောက် ပြင်ဦးလွင်သို့ လာခဲ့သည်မှာ အမှားကြီးမှားခဲ့လေပြီလားပေါ့။နေသော်မျက်နှာကတော့ သာသာယာသာရှိမနေပါ။ဖြစ်ပျက်ခဲ့သမျှတွေကိုပြန်စဉ်းစားရင်း အိမ်သို့ ပြန်ရောက်မှန်းမသိပြန်ရောက်လာခဲ့သည်။ကားပေါ်မှမဆင်းမီ နေသော်ရုတ်တရက် ကားနောက်ခန်းသို့လှည့်ကာ
"ဟေ့ရောင်တွေ ဒီနေ့ဖြစ်ပျက်ခဲ့တာ အားလုံး ဦးသက္ကတို့လင်မယား မသိစေနဲ့နော် သူတို့သိရင် ကွိုင်အကြီးကြီး တက်သွားနိုင်တယ် ပြီးတော့ သူတို့က စိုးရိမ်တာလွန်ကဲလွန်းလို့"
"အေးပါ အေးပါ ငါတို့လည်း သိပါတယ် အဲ့လိုမဖြစ်စေရပါဘူး"နောက်က ဘက်တော်သား သုံးယောက်မှလည်း နှုတ်လုံဖို့ ကတိပေးကြသည်။ထိုအခါမှာတော့ အိမ်ထဲမှ ဦးသက္ကတစ်ယောက် ကားသံကြား၍ ခြံတံခါးအား အပြေးလေးလာဖွင့်ပေးတော့သည်။
"တူလေးတို့ ပြန်လာကြပြီပေါ့ ဦးလေးလည်း မင်းတို့် အရီးမြကို ကူလုပ်ပေးနေလို့ဟေ့"ဦးသက္ကမှာပြောလည်းပြော တံခါးလည်းဖွင့်ပေးနေလေသည်။
"ဘယ်လိုလဲ ဘုန်းကြီးကျောင်းရော တွေ့ခဲ့ရဲ့လား ကုသိုလ်သွားလုပ်ကြတာထင်တယ်"ဦးသက္ကကတော့ အသက်အားဖြင့် သိပ်မကြီးသေးတော့ နည်းနည်း နှုတ်သွက်လျှာသွက်ရှိသည်။
"ဟုတ်တယ် ဦးလေး"နေသော် စကားကို အပိုမပြောဘဲ လိုရင်းတိုရှင်း ပဲ ဖြေပေးလိုက်သည်။
"အေး အေး ခဏတစ်ဖြုတ်နား....နားပြီး ရေမိုးချိုး ပြီးမှ ထမင်းစားကြမယ် မင်းတို့အရီးမြလက်ရာ မြည်းကြည့်ကြပေါ့ သြော်ဒါနဲ့ နေသော်တူလေး မင်းအဖေဖုန်းဆက်လာတယ်ကွဲ့
ငါ့တူတို့ကိုမေးနေသေးတယ် ဦးလေးလည်း သူတို့ဘုန်းကြီးကျောင်းသွားတယ်လို့ ဖြေလိုက်တယ် ဘာမှထွေထွေထူးထူးတော့မမေးပါဘူး ဦးလေးဆီရောက်တာ အဆင်ပြေလား မပြေလား သိချင်လို့နဲ့တူပါတယ်"
"သြော် ဟုတ်ကဲ့ အဲ့လိုဖြစ်ပါလိမ့်မယ်"အဖေဖုန်းဆက်လာသည်ဆိုတော့ နေသော်နည်းနည်းခေါင်းကြီးသွားသည်။မိမိမှာပြသနာအနည်းငယ်တက်နေသည်မဟုတ်လား။
"ကျွန်တော်တို့ခဏနားလိုက်ဦးမယ် ဦးလေးသက္က"
"အေး အေး သွားနားချေ"ပြောပြောဆိုဆို နေသော်နှင့် သူငယ်ချင်းသုံးယောက် အပေါ်ထပ်သို့ တက်သွားတော့သည်။
ဟူးး နေသော်သက်ပြင်းရှည်ချလိုက်ပြီး ကိုယ်လုံးကို အိပ်ယာထက် စိတ်လွတ်ကိုယ်လွတ် လှဲချလိုက်သည်။ယနေ့အဖို့ သူတို့အတွက် စိတ်ပင်ပန်း၊ကိုယ်ပင်ပန်းစေခဲ့သည်။ယခုတောင် မိမိကားနှင့်မတိုက်မိ၍တော်သေးသည်။တိုက်မိလျှင် မည်သို့ဆက်ဖြစ်မည် မတွေးဝံ့တော့။ပြင်ဦးလွင်ရာသီဥတုကား သာသာယာယာဖြင့် အပန်းဖြေရန်တင့်တော်သော အချိန်ဖြစ်နေပေမဲ့ နေသော်တို့ သူငယ်ချင်းလေးယောက်အတွက် မပျော်နိုင်သေးပာ။နေသော်ပြတင်းပေါက်အပြင်ကိုလှမ်းကြည့်တော့ ညနေနေဝင်ရိုးရီ ငှက်တစ်သိုက် အိပ်တန်းဝင်ရန် ပျံသန်းနေကြပြီ.။!|a4d752f3171a2d67f15f88b6eb87110d.jpg]( imagehttps://dailytimes.com.pk/12263/let-the-birds-sing-let-the-birds-fly
"စားစား ထည့်စားကြနော် အားမနာနဲ့ မင်းတို့အရီးမြလက်ရာ"
"ဟုတ်ကဲ့ ထည့်စားတယ် ဦးလေး"တနေကုန် ဘာမှမစားရသေးသည်ဖြစ်၍ လေးယောက်သား ခေါင်းမဖော်တမ်းစားကြတော့သည်။အရီးမြလက်ရာကလည်း ကောင်းလွန်းသည်မဟုတ်လား။ညစာစားသောက်ပြီးသကာလ နေသော်နှင့်ရဲထက်မှာတော့ အိပ်ခန်းသို့ တန်းဝင်တော့သည်။ကျန်သူငယ်ချင်းနှစ်ယောက်မှာတော့ ဦးလေးသက္ကနှင့်စကားစမြည်ပြောရင်း ဧည့်ခန်းတွင်ကျန်ခဲ့လေသည်။အိပ်ခန်းထဲရောက်လာသောနေသော်တစ်ယောက် ဟိုဟိုသည်သည် စဉ်းစားမနေဘဲ တစ်ကျိုးတည်းအိပ်တော့သည်။မြက်ခင်းပြင်စိမ်းစိမ်းထက် အဖြူရောင်ဝတ်စုံနှင့်မိန်းမပျိုလေးတစ်ယောက်။တစ်လှမ်းချင်းလှမ်းကာဖြင့် နေသော်အနား လျှောက်လို့လာနေသည်။အမြင်အာရုံမှာဝိုးတဝါးနှင့်မို့ မျက်လုံးနှစ်စုံအားပွတ်သပ်ကာ နေသော် ထိုမိန်းမပျိုလေးအား စူးစိုက်ကြည့်နေမိသည်။ထိုမိန်းကလေးက မည်သူလဲ။သေသေချာချာမမြင်သေးသည်မို့ ဦးနှောက်ကဆုံးဖြတ်၍မရ။အနီးအနားရောက်လာသည့်အချိန်မှာတော့...။
ဟာ.....။နေသော် အံ့သြခြင်းများစွာဖြင့် မှင်တက်သွားသည်။
"အိုးးးး နွယ်"နေသော် နှုတ်ဖျားမှမရည်ရွယ်ပါဘဲ တိုးတိုးလေးထွက်သွားမိတော့သည်။credit imagehttps://www.dreamstime.com/stock-photo-beautiful-young-girl-flying-white-dress-flowing-fabric-light-white-cloth-flying-wind-image74827930
ဆက်လက်ရေးသားပါဦးမည်။
Author by @nandasai(MSC.076)