ယခင် တစ်ပတ်မှအပိုင်းများဖြစ်သော ဘဝတစ်ဆစ်ချိုးအပိုင်း(၁)နှင့်အပိုင်း(၂)အား ပြန်လည်ဖတ်ရှုနိုင်ပါသည်။
တကယ်ဆိုရင်နေသော်အနေဖြင့် ယခုအခြေအနေအား လက်မခံချင်သော်လည်း မည်သို့မှပင်မတက်နိုင်တော့ပါ။မကုန်ခမ်းနိုင်သောမျက်ရည်များကို ပွတ်သပ်ပြီး ဖြစ်စဉ်အကြောင်းစုံအားမေးမြန်းလိုက်တော့သည်။နွယ့် ဖခင်ဖြစ်သူ ဦးကျော်စွာလည်း ညိုးမှိုင်သောမျက်နှာဖြင့် ဖြစ်ကြောင်းကုန်စင်ပြောပြပါတော့သည်။
credit www.knowyourmeme.com
"အဖြစ်ကဒီလိုကွဲ့ ဒီနေ့မနက် သမီးလေး အလုပ်ပိတ်လို့ အိမ်မှာ အနားယူနေတုန်း နဒီဆိုတဲ့ သူ့သူငယ်ချင်းတစ်ယောက်ရောက်လာပါရော သူတို့နှစိ်ယောက်စကားထိုင်ပြောရင်း ခဏအကြာ သမီးအပြင်ကို ခဏလိုက်သွားဦးမယ်ဆိုပြီးပြောပြီးထွက်သွားတယ် ဦးလေးတို့ကလည်းနဒီပါတာနဲ့ စိတ်ချလက်ချထည့်လိုက်မိတာပေါ့"
ဦးကျော်စွာ ပြောပြနေသော အကြောင်းတို့အား နေသော်တစ်ယောက် ဆုံးအောင်နားထောင်နိုင်စွမ်းမရှိတော့ပါ။ဦးကျော်စွာ၏စကားသံများက နေသော်နှလုံးသားအား ဓားဖြင့် တစ်နုပ်နုပ်ခုတ်ထစ်နေသည့်အလား။အဘယ့်ကြောင့်ဆိုသော် တစ်ဖက်ကားသမားမှ နွယ်နှင့်နဒီကို ပွဲချင်းပြီး သေဆုံးစေခဲ့သောကြောင့်ဖြစ်တော့သည်။မရှုမလှနှင့် နွယ်ဘယ်လောက်များခံစားနေရရှာသွားမလဲဆိုတာ နေသော် မစဉ်းစားရဲတော့။ကံကြမ္မာကြီးက ရက်စက်လွန်းပါသည်။ဘဝမှာ ရှင်ကွဲနှင့်သေကွဲဟူသော အမျိုးအစားနှစ်ခုထဲမှနေသော့်အတွက် ဒုတိယမြောက် အမျိုးအစားတစ်ခု ကပို၍ရင့်နစ်စေခဲ့သည်။သေခြင်းတရားက ကြီးသည်၊ငယ်သည် မခွဲခြားဘဲ မညှာမတာခေါ်ဆောင်လေ့ရှိကြသည်။ထိုအထဲမှာ နွယ်တစ်ယောက်လည်း ပါဝင်သွားခဲ့ရသည်။ဘုရားရှင် ဟောကြားခဲ့သောတရားတော်များထဲမှ မနက်ဖြန်ဆိုတာအဝေးကြီး၊နောင်ဘဝဆိုတာ နီးနီးလေးဆိုသည်မှာဧကန်မှန်လွန်းပါသည်။ဖြစ်ချိန်တန်၍ဖြစ်ခဲ့သည်ဟု နေသော်တစ်ယောက် မှတ်ယူထားပြီး မည်သူ့ကိုမှအပြစ်မတင်ချင်တော့။
credit; www.pixabay.com
ထို့နောက်မှာတော့နေသော်တစ်ယောက် ဆေးရုံဝန်းထဲမှကျောခိုင်းထွက်ခွာခဲ့တော့သည်။မျက်ရည်များသိမ်းမနိုင်ဆည်မရဖြင့် နေသော်၏အဖြစ်ဆိုးရွားလွန်းလှသည်။သြော် နွယ်ရယ်...။
တစ်ပတ်ခန့်အကြာ။
နွယ်၏စာပနကိစ္စအဝဝပြီးဆုံးသွားတော့မှ နေသော်လည်းခဏတာ အိပ်စက်အနားယူတော့သည်။ဝမ်းနည်း၍ရင်ထဲတဆစ်ဆစ်ဖြင့်နာကျင်သည်ကတစ်မျိုး၊အိပ်ရေးပျက်၍ အားနည်းနေသည်ကတစ်မျိုးဖြင့် နေသော်တစ်ယောက် လူရုပ်နှင့်မတူတော့။ဒီလိုပုံစံဖြင့် ရှေ့ဆက်ပြီး ဘယ်လိုအသက်ရှင်ရမည်မသိတော့။ချစ်သူတစ်ယောက်လုံး ဆုံးရှူံးခဲ့ရပြီဖြစ်၍ ရူးမတက်ခံစားနေရမည်။နေသော်သူငယ်ချင်းများကလည်းအလိုက်သိစွာ အားပေးစကားပြောပေးရှာလို့တော်သေးသည်ဟုဆိုရမည်။သို့သော်လည်း လွမ်းစိတ်များက ဘယ်လိုနည်းနဲ့မှ ဖြေသိမ့်လို့မရနိုင်ခဲ့ပါ။နောက်ဆုံးတော့ နေသော် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်တော့သည်။သူ့၏ဆုံးဖြတ်ချက်ကတော့ နိုင်ငံခြားသို့အလုပ်သွားလုပ်ခြင်းပဲဖြစ်သည်။နွယ့်အား မေ့လို့ရလိုရငြားဖြင့် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
"အေးလေ ငါ့သားလေး သွားချင်လည်း သွားပေါ့ အမေတို့လည်းမတားရက်ပါဘူး"နေသော် မိခင်မှာလည်း သားဖြစ်သူအား သူစိတ်ချမ်းသာသလို ထားလိုက်တော့သည်။နေသော်လည်း အချိန်သိပ်ဆွဲမနေတော့ဘဲ နိုင်ငံခြားသို့ ထွက်ရန် အမြန်စီစဉ်တော့သည်။နိုင်ငံခြားသို့မထွက်မီ နွယ်နှင့်အတူသွားခဲ့သည့်နေရာများကို အမှတ်တရအနေဖြင့် နေသော် ပြန်လှည့်ပတ်ကြည့်ခဲ့သေးသည်။အမှတ်တရ များစွာကျန်ရစ်ခဲ့သော မြန်မာပြည်အား နှုတ်ဆက်ရတော့မည်။ဘယ်လိုပင်ဖြစ်စေ နွယ်တစ်ယောက် ပြန်ရှင်သန်လာနိုင်မှာမဟုတ်တော့ဘူးဆိုသော စိတ်နဲ့သာ နိုင်ငံခြားသို့ထွက်လာခဲ့တော့သည်။ထို့နောက် နေသော်အားလေယာဉ်ပျံလေးက မြန်မာပြည်နဲ့ဝေးရာ ခေါ်ဆောင်သွားတော့သည်။
credit;https://www.lifealth.com
၃နှစ်ခန့်ကြာပြီးနောက်။
ရာသီတွေ၊နှစ်တွေအလီလီပြောင်းလဲခဲ့ပြီ။(၃)နှစ်ဆိုသော အချိန်အတိုင်းတစ်ခုက လူတစ်ယောက်အား မေ့နိုင်စွမ်းရှိနိုင်သည့် အချိန်တစ်ခုဟု ထင်ပါသည်။နေသော်တစ်ယောက်စိတ်သစ်လူသစ်ဖြင့် လေယာဉ်ပေါ်မှ ဆင်းလို့လာနေပါပြီ။နေသော့် ဖခင် ဦးဝင်းမြိုင်နှင့်မိခင် ဒေါ်စိန်စီနှစ်ယောက်ကတော့ ဆီးကြိုနေလေရဲ့။နေသော်၏အသွင်အမူအရာကတော့ ယုံကြည်မှုအပြည့်နှင့်သာ။
"ကြည့်စမ်း အမေ့သားလေးက တော်တော် ချောလာတာပဲ မမြင်ရတာလည်းကြာတော့ ပိန်သွားသလိုပဲ မေမေ့သားကို အရမ်းလွမ်းနေတာ လာ လာ သား"နေသော်မိခင် ဒေါ်စိန်စီမှာဝမ်းပန်းတသာဖြင့် စောင့်ကြိုလို့နေပါသည်။
ဆက်လက်ရေးသားပါဦးမည်
Author by @nandasai (msc.076)