Steemit မှ ညီအစ်ကို မောင်နှမ များအားလုံး မင်္ဂလာပါ ခင်ဗျာ။ကကျွန်တော်က @myatthuaung ( MSC - 032 ) ပါ ။အခု ရေးသားမှာကတော့ ကျွန်တော် နှင့် MSC- 2 ပဲ ဖြစ်ပါတယ်။အရင် တစ်ပါတ်က ရေးခဲ့ရာမှာ MSC ကနေ ခဏပျောက်နေတဲ့ညီအစ်ကို တွေ အကြောင်း ရေးခဲ့ပါတယ်။အခု ဆိုရင်တော့ အဲဒီအထဲက ကို @aungzawhtwe ကို gp ထဲမှာ ပြန်လည် မြင်တွေ့လာရပြီ ဖြစ်ပါတယ် ခင်ဗျ။
သူပြန်ရောက်ရှိလာတဲ့ အချိန်မှာ power up အစီအစဉ် စနေတာ ဖြစ်တဲ့ အတွက် gp ထဲက ကို @phyowaiaung က power up အစီအစဉ်အတွက် 1 sbd ခဏ ချေးငှား မယ် လို့သိရပါတယ်။ဒါကတော့ MSC ဟာ တစ်ကျော့ပြန် ဝင်ရောက်လာတဲ့ သူတွေကို ဝမ်းမြောက် ဝမ်းသာ ကြိုဆိုနေတယ် ဆိုတဲ့ အချက်ကို သေချာစေခဲ့တာပါပဲ။
steemit platform ပေါ်ကနေ ပျောက်နေတဲ့ ညီအစ်ကို ဆရာတွေ ထဲက နောက်တစ်ယောက်ကို အခု ရေးနေတုန်းပဲ စိတ်ထဲပေါ်လာပြန်ပါတယ်။သူကတော့ fb မှာ စောကယ်ရီဝင်း လို့ လူသိများပြီး HR စာအုပ်တွေ ထွက်ရှိထားတဲ့ @kcmyanmar ပဲ ဖြစ်ပါတယ်။သူရေးခဲ့တဲ့ နောက်ဆုံး post ဟာ အရင် ပြီးခဲ့တဲ့ လကပ ဖြစ်ပါတယ်။အဲဒီတော့ platform ပေါ်ကနေ ပျောက်သွားတာ 1 လကျော် သွားပြီး ဖြစ်ပါတယ်။
ကျွန်တော့်စိတ်အထင် အဲဒီလို acc မျိုး 10 ခု မက ရှိမယ်လို့ ထင်မိပါတယ်။တကယ်လို့သာ acc တစ်ခုစီမှာ power 100 စီ ရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ MSC အတွက် power 1000 အလဟသ ဖြစ်နေတယ်လို့ ပြောလို့ ရနိုင်ပါတယ်။အဲတာကြောင့် လွန်ခဲ့တဲ့ တစ်လလောက်က ကို @domelay ရေးခဲ့တဲ့ မသုံးပဲ ပစ်ထားတဲ့ acc တွေ ဒီတိုင်းထားမဲ့အစား delegate လုပ်ပေးဖို့ တောင်းဆိုထားတဲ့ ဆောင်းပါးကို သွား သတိရမိပါတယ်။
အခု ဆိုရင် power up ရမဲ အစီအစဉ် တွေအတွက် က ကျွန်တော်က gp 2 က ဆိုတော့ မနက်ဖြန် အင်္ဂါ မှာ power up ရမှာပါ။power up ဖို့လည်း steem တွေ sbd တွေ စုထားပါတယ်ဗျ။ဒီနေ့ဆိုရင် gp 1 က ညီ အစ်ကိုတွေ power တွေ up နေကြပါပြီ။ကျွန်တော်တို့အနေနဲ့ တစ်လပြီး တစ်လ ပို အားကောင်းလာဖို့ပဲ ရှိနေပါတော့တယ်ဗျ။
ကျွန်တော်ဆို့ MSC ရဲ့ power ကို မြင်တွေ့ရနိုင်မဲ့ တစ်နေရာရှိပါတယ်။ ဘယ်နေရာမှာ မြင်ရမှာလဲ ဆိုတော့ @steem-myanmar ဆိုတဲ့ acc မှာပါပဲ။ဘာဖြစ်လို့ဆိုတော့MSC menber ဝင် မှန်သမျှဟာ @steem-myanmar acc ကို vote ပေးပြီးမှာသာ pro ရရှိမှာ ဖြစ်တဲ့အတွက်ပါပဲ။ အဲတာကြောင့် ကျွန်တော်တို့ MSC ရဲ့ power နဲ ညီညွတ်မှုကို @steem-myanmar acc မှာ မြင်တွေ့နေရမှာ ဖြစ်တယ်လို့ ဆိုလို တာ ဖြစ်ပါတယ်။
မနေ့ တစ်နေ့ ကတောင် @pyaesonekhinkhin ရဲ့ post တစ်ခု ကို ဖတ်လိုက်ရပါသေးတယ်။သူတို့ ညီအစ်မ နှစ်ဦး စကားပြောဆိုရင်း steem-myanmar acc ကို pro ရှိတဲ့မှာသာ vote ပေးကြတဲ့ အကြောင်း MSC ကို တစ်ကယ် ချစ်မြတ်နိုးတယ် ဆိုရင် နေ့တိုင်း vote ပေးသင့်တယ် ဆိုတဲ့ အကြောင်း သူ့အစ်မ ဖြစ်သူ မ @thetlyar ကို သတိပေးရင်း MSC member ဝင်တွေကို message တစ်ခု ပေးလိုက်တဲ့ ဆောင်းပါးလေးပါ။
အဲဒီတော့ နောက်နေ့ များစွာတွေမှာ steem-myanmar accကို vote ပေးတော့ MSC ကို ချစ်မြတ်နိုးကြောင်း click တစ်ချက်နဲ့ သက်သေပြသွားရမယ် လို့ တွေးမိပါတယ်။အခု လောလောဆယ်တော့ pro post ပိတ်ချိန် နီးလာတာကြောင့် ဒီမှာပဲ ရပ်နားခွင့် ပြုပါဦး ခင်ဗျာ ။နောက် အပိုင်း 3 ကို လည်း ဆက်လက် အားပေးလှည့်ပါ ဦးလို့ ပြောရင်း နိဂုံး ချုပ်လိုက်ပါတယ် ခင်ဗျာ။
ရေးသားသူ myathuaung
MSC -032