ဆရာတစ်ယောက်၏ ကောက်ကြောင်းများ(၄)

FB_IMG_1484498227222-picsay.jpg

ဆရာတစ်ယောက်၏ ကောက်ကြောင်းများ(၄)

မှတ်မှတ်ရရ ထိုသုံးယောက်

အမှတ်ရစရာများ ဖန်တီးပေးခဲ့သည့် ပထမဆုံးကျောင်းသား တစ်ယောက် အကြောင်း စတင် ပြောပြပါမယ်။ သူနာမည်ကိုတော့ မဖော်ပြလိုသည့်အတွက် ရန်ကုန်သားဟုသာ ဖော်ပြချင်ပါတယ်။

သူတို့သုံးယောက် နောက်ဆုံးစာမေးပွဲကြီး ဖြေဆိုရန် နယ်မြို့လေးတစ်မြို့တွင် အဆောင်ငှါးကြပါတယ်။ ကျွန်တော်ကတော့ အုပ်ထိန်းသူ ဆရာတစ်ယောက်အနေဖြင့် လိုက်ပါသွားပါတယ်။

သူတို့မိဘ၊ဆွေမျိုးတွေ မည်သူမှမလိုက်ခဲ့ကြပါ။ ကျောင်းသားသုံးယောက်နှင့် ကျွန်တော်ရယ်ပေါ့။

သုံးရက်လောက် ကြိုတင်သွားကြပါတယ်။ နေစရာ၊ စားဖို့သောက်ဖို့တွေ စီစဉ်ကြပါတယ်။ အဆောင်က ပိုင်ရှင် အဖိုးကြီး၊အဖွားကြီး လင်မယားနှစ်ယောက် ရှိပါတယ်။ သူတို့က အောက်ထပ်၊ ကျွန်တော်တို့ လေးယောက်က အပေါ်ထပ်ပေါ့။

ရန်ကုန်သားရဲ့ စရိုက်ကတော့ အေးအေးလေးနဲ့ ဆိုးပါတယ်။ ဆရာကို ဘယ်တော့မှ ပြန်မပြောပါဘူး။ ဟုတ်ကဲ့ချည်းပါပဲ။ ပြီးမှ သူလုပ်ချင်ရာလုပ်တာပါ။

ကြိုတင်ရောက်ရှိနေတဲ့ ရက်တွေအတွင်း ကျွန်တော်က နေရေး၊စားရေး နဲ့ စာကျက်မှတ်ဖို့ အဆင်ပြေစေရေးအတွက် စီစဉ်နေချိန်မှာတော့ ရန်ကုန်သားတစ်ယောက် တခြားကိစ္စတစ်ခုကို ဖန်တီးနေတာ ကျွန်တော် သတိမထားခဲ့မိပါဘူး။

သူ ဘာတွေများ ဖန်တီးနေပါသလဲ...

ဖတ်ရှုပေးသည့်အတွက် ကျေးဇူးပါ။

@mgmgkse
MSC-011

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center