Steemit ညီအကိုမောင်နမများ မင်္ဂလာပါခင်ဗျာ.. ကျွန်တော်ရေးသားတဲ့စာတွေက အကိုတို့ ညီတို့အတွက် အကျိုးရှိချင်မှရှိပါလိမ့်မယ်၊ သို့သော် ကျွန်တော်ရေးသားတဲ့စာတွေက ဘယ်တော့မှ Copy မဖြစ်စေရဘူးဆိုတာကို အာမှခံချက်ပေးနိုင်ပါတယ်၊ တကယ်လို့များ ညီအကိုတို့အတွက် တန်ဖို့မရှိခဲ့ရင်တောင်မှ၊ ဗဟုသုတအနေနဲ့ဖတ်ပေးပါလို့တောင်းဆိုပါရစေ၊ ခုလည်းဘဲကျွန်တော်ရေးမှာက တောရွာလည်းတစ်ရွာရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ကျွန်တော် အမြင်ဖြင့်ရေးသားသွားမှာဖြစ်ပါတယ်၊ ကျွန်တော်ရေးသားတာမှာ အကုန်လုံးအမှန်တွေချဉ်းမဟုတ်သလို့ အကုန်အမှားတွေလည့်မဖြစ်နိုင်ဘူးလို့ယုံကြည်မိပါတယ်..
တစ်နေ့ကျွန်တော် ပထမဆုံးရွာတစ်ရွာကိုရောက်ရှိခဲ့ပါတယ်၊ အဲဒီရွာကိုအရင်ကလည်း တစ်ခါမှမရောက်ဖူးဘူး အသိမိတ်ဆွေတွေလဲ့မရှိဘူး၊ ဘာကြောင်းသွားတာလည်းဆိုတော့၊ မိသားစုကိစ္စတစ်ခုကြောင်းပါ၊ အသိမိတ်ဆွေလဲ့မရှိဆိုတော့ ရွာကိုရောက်သွားတဲ့အခါမှာ၊ ပထမဆုံးဘယ်အိမ်ကိုသွားရမှန်းလဲမသိဘူး၊ ဘယ်ကနေဘယ်လိုရှာရမှန်းလဲမသိတော့၊ ထုံးစံအတိုင်းကျွန်တော်စဉ်းစားရတာပေါ့၊ ဒါပေမဲ့အရင်းတော့မဆုံးဘူးဗျာ၊ စဉ်းစားလိုက်တော့ ဘယ်နေရာကိုသွားမြင်လေဆိုတော့ ဘုန်းကြီးကျောင်းကိုဘဲသွားမြင်လိုက်ပါတယ်၊ မလွယ်ဘူးနော် လူတွေက ပိုက်ဆံတွေချမ်းသာပြီး သူဌေးဖြစ်သွားမယ်ဆိုရင် ဘုန်းကြီးကျောင်းကိုအတွက်ပေါ်မှာမဟုတ်ဘူး၊ တခြားသူတွေကိုပြောတာမဟုတ်ဘူး ကျွန်တော်ကိုယ်ကျွန်တော်ပြောတာ၊ အဲဒါကြောင်းကျွန်တော်စတ်ထဲမှာအတွေးတစ်ခုဝင်လာပါတော့တယ်၊ အော်” ဘုရားကျောင်း ဇရပ် ဘုရားအရိပ်ဆိုတာ တကယ် ဒုက္ခသည်တွေကို ကယ်တင်ပေးတဲ့နေရာပါဘဲ၊ တကယ်အချင်ပြေနေတဲ့သူတွေအတွက်တော့မပြောတတ်ဘူးဗျာ၊ ကျွန်တော်တို့မရှိဆင်းရဲသားတွေအတွက် တော်တော်အကျိုးရှိနေပါတယ်၊ ညီအကိုတို့ကလည်းသိကြပါတယ် မြို့တွေမှာဆိုရင် တောကလာတဲ့ အိသည်တွေက ဘုန်းကြီးကျောင်းတွေမှာနေပြီး ဆေးကုကြတယ်၊တည်းခိုပြီးနေကြတယ်၊ တချို့တွေဆိုရင် ကျောင်းတွေမှာတည်းခိုပြီး ပညာတွေကိုတောင် သင်ယူခွင့်ရရှိကြတယ်ဗျာ၊ တကယ်ကိုကူညီပေးနိုင်နေရာဆိုတာ ကျွန်တော်တို့အတွက် မမှားနိုင်ဘူး၊ နောက်တစ်ခု ကျွန်တော်တကယ်စိတ်မကောင်းဖြစ်ခဲ့တာတစ်ခုရှိခဲ့တယ်ဗျာ၊ ရန်ကုန်မှာပေါ့နော် ကျွန်တော်ကျောင်းကိုအလည်ရောက်နေတုံး အဲဒီနေ့ကဆို တိုက်တိုက်ဆိုင်ဆိုင် ကျောင်းမှာ ဘုန်းကြီးလဲ့မရှိဘူး ဦးဇင်းတွေလဲ့မရှိဘူးဗျာ၊ ကျွန်တော်အပါဝင် နောက်ထပ်အဖို့တစ်ယောက်ရှိပါတယ်၊ အဲဒီနေ့ကျောင်းကိုလာပြီးတော့ ခြေထောက်သိပ်မကောင်းတဲ့ အဖိုးတစ်ယောက်နှင့် အဘောတစ်ယောက်ကျောင်းကိုရောက်ရှိလာပါတယ်၊ ကျွန်တော်သွားပြီးအကြောင်းအကျိုးကိုမေးလိုက်တော့၊ နေလည်(၁)နာရီလောက်ရှိနေပါပြီး ထမင်းမစားရသေးဘူးတဲ့၊ ထမင်းစားဖို့အခက်ခဲရှိနေလို့တယ်တဲ့ ဆွမ်းကျန် ဟင်းကျန်တွေမရှိတော့ဘူးလားဆိုပြီး ကျွန်တော်ဆီကနေအကူညီတောင်းလာပါတော့တယ်၊ ဟုတ်ပါတယ် အဖိုးရယ် ကျွန်တော်ရှာကြည်လိုက်ပါအုံးမယ်၊ ဒီနေ့တော့ ဘုန်းကြီးတွေမရှိဘူး အလှူကိုသွားတယ်ပြောတယ် ကျွန်တော်လဲ့အခုကျောင်းကိုရောက်တာသိဆိုတော့ အသစ်လိုဘဲကျောင်းကိစ္စတွေသိပ်မသိသေးဘူးဆိုပြီးတော့၊ ကျွန်တော် ဆွမ်းကျန်တွေများရှိမလားလို့ပေါ့ ဒါပေမဲ့ကံမကောင်းစွာဖြင့် ဘာမှမရှိဘူးဗျာ၊ ကျွန်တော်ကြားဖူးတာတွေတော့ရှိပါတယ်ဗျာ တချို့သူတွေဆိုရင် ဘုန်းကြီးကျောင်းတွေကိုလာပြီးတော လိမ်ညာပြီးလာတောင်းတဲ့သူတွေရှိတယ်လို့ကြားဖူးပါတယ်၊ ဒါပေမဲ့ ခုကျွန်တော်တွေ့ခဲ့တဲ့ အဖိုးကြီးနှင့် အဖွားကြီးတို့က အေးလို့လူမျိုးတွေမဟုတ်ဘူးဆိုတာကို ကျွန်တော်စိတ်ထဲကသိနေခဲ့ပါတယ်၊ ဒါနဲ့ ကျွန်တော်အဖိုးကြီးနှင့်အဖွားကြီးတို့ကို ထမင်းဆိုင်မှာစားခိုင်လိုက်ပါတယ်၊ သူတို့ကနယ်ကလာတာတဲ့ ဒီမှာတူမရှိတယ်ဆိုပြီးလာတာ ဒီရောက်တော့ သူမတွေမရှိကြတော့ဘူး နေရာပြောင်းသွားကြပြီးလို့ပြောပါတယ် ပါလာတဲ့ ပိုက်ဆံတွေကလည်း ကားခပေးခဲ့ရတယ်လို့ပြောပါတယ်၊ ထမင်းစားစရိုက်နှင့်လမ်းစရာကိုတော့ကျွန်တော်ပေးလိုက်ပါတယ် ကျွန်တော်မှာတော့ပိုက်ဆံအပိုအလျှံရှိလို့တော့မဟုတ်ဘူးပေါ့ ရှိတာလေးကို ပေးလိုက်တာပါဘဲ ကျွန်တော်လိုက်လို့တော့မပို့ပေးနိုင်ခဲ့ဘူး။ ဒီလိုကြုံတုံးလှူတန်းလိုက်ရတာ ဝမ်းသာလို့်မဆုံးပါဗျာ၊ ဒါနဲ့စကားမစပ် ကျွန်တော်ကြုံတုံးရေးလိုက်တာ လိုရင်တောင်မရောက်တော့ဘူး။
ကျွန်တော်အဲဒီရွာကိုသွားပြီး ဘုန်းကြီးကျောင်းကိုသွားခဲ့ပါတယ်၊ ကျောင်းမှာခဏနေပြီးနားနေတဲ့အချိန်းမှာ ရွာထဲက ကောင်းမလေးတွေလာပြီး ကျောင်းမှာ ဝေယာဝိစ္စတွေလာလုပ်ကြပါတယ်၊ ဒါနဲ့အကူညီလိုအပ်နေတဲ့ကျွန်တော်ကတော့ သူတို့နဲ့ရင်းနီအောင်လုပ်ပြီးတော့ ကျွန်တော်အခက်ခဲတွေကိုပြောပြခဲ့ပါတယ်၊ သူတို့လဲ့ ကျွန်တော်အခက်ခဲ့တွေကိုကူညီးပေးခဲ့ကြပါတယ်၊ တောသူ/သား တွေက ပညာနယ်ပယ်မှာမထွန်ကားပေမဲ့ စေတနာအရာမှာတော်တော်များများကောင်းတာတွေ့ရှိရပါတယ်၊ သူတိုပြောပြပြီးကျွန်တော် သိသလောက်ကြတော့၊ သူတို့ရွာနာမည်ကတော့ အိုင်ဒင်လို့ပြောပါတယ် ရွာကတော့နှစ်ပေါ့ဗျာ ဟိုဖက်တစ်ရွာ ဒီဖက်တစ်ရွာပေါ့၊ တစ်ဖက်ကို ညောင်ပင်ဝိုင်းလို့ခေါ်ကြပြီး တစ်ဖက်ရွာကိုတော့ နွားကုန်တန်းလို့ခေါ်ပါတယ်၊ ရွာနှစ်ရွာဆိုပေမဲ့ ဘုန်းကြီးကျောင်းကတော့ တစ်ကျောင်းတည်းပေါ့၊ အလည်ဗဟိုမှာတည်ရှိပါတယ်၊ ကျောင်းကိစ္စနဲ့ပတ်သတ်ပြီးတော့ ပြသနာတော့မရှိဘူးလို့ကြားပါတယ်၊
သို့သော် အဓိက (အိုင်ဒင်) ရွာနာမည်ပြသနာရှိတာတွေ့ရပါတယ်၊ တစ်ဖက်ရွာက လူကိုမေးကြည့်လိုက်တော့ အိုင်ဒင်ရွာကလို့ဖြေပါတယ်၊ နောက်ထပ်ဒီဖက်ရွာက လူကိုမေးကြည့်ပြန်တော့လည်း အိုင်ဒင်ရွာက လို့ဘဲဖြေတယ်၊ ဒါဆို ဘယ်လိုဖြစ်ကြတာလေးပေါ့နော်၊ ကျွန်တော်ခန့်မှန်းရသလောက်တော့ ဒီဖက်ရွာကလူတွေက ဟိုဖက်ရွာကလူတွေကို ညောင်ပင်ဝိုင်လို့ခေါ်ကြတယ် ဟိုဖက်ရွာက လူတွေကဒီဖက်ရွာကလူတွေကို နွားကုန်တန်းလို့ခေါ်ကြတယ်၊ သို့သော် အိုင်ဒင်ဆိုတဲ့အမည်ကို ဒီဖက်ရွာကလူတွေနဲ့ ဟိုဖက်ရွာကလူတွေ လိုချင်နေကြတယ်၊ အရင်အထက်ထက်က ရွာအမည်လုပွဲပြသနာတွေရှိခဲ့တယ်လို့ဆိုပါတယ်၊၊ ခုထက်ထိတချို့လူငယ်တွေဆိုရင် ရန်ဖြစ်ကြတယ်၊ အဲဒီအကြောင်းနဲ့ဘဲခဏခဏလိုပေါ့ဒါ၊ အဲဒီပြသနာကိုဘယ်လိုဖြေရှင်ရင်ကောင်းမလဲဆိုပြီးစဉ်းစားကြည့်ရင် Steemit ညီအကိုတို့ကိုလဲ့ ဗဟုသုတအနေနဲ့တင်ပြပေးခဲ့ပါတယ်၊ အားလုံးကိုကျေးဇူးတင်ပါတယ်၊။
written by Konyi
msc 037