ကိုဇေယျမှ "ကျနော်က မွေးကတည်းက ခြေတစ်ဖက်မသန်တဲ့သူအဖြစ်မွေးဖွား
လာတာပါ။ငယ်ငယ်ကတည်းကသူငယ်ချင်း
အပေါင်းအသင်းတွေရဲ့ စတာနောက်တာ နှိမ်တာလည်းခံခဲ့ရတာပေါ့ဗျာ။အဲလိုနဲ့
ဘွဲ့ရပီး ပထမဆုံးအကြိမ်အလုပ်
သွားလျှောက်တော့လည်း ခြေထောက်
မသန်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့
အပယ်ခံခဲ့ရပါတယ်။အဲ့ဒီအချိန်မှာ ကျနော်လည်း စိတ်ဓာတ်တွေအရမ်းကျခဲ့ရတာပေါ့ဗျာ။
အဲ့လိုဖြစ်နေတဲ့အချိန်မှာပဲ စိတ်ဓာတ်မြှင့်တင်ရေးဟောပြောသူ
Nick Vujicicရဲ့သီချင်းလေးတစ်ပုဒ်ကို
နားထောင်ရင်းနဲ့ စိတ်ခွန်အားတွေ ပြန်လည်ရရှိခဲ့တယ်။တဆက်ထဲမှာပဲ ကျနော်ဝါသနာပါတဲ့အရာကို အောင်မြင်တဲ့အထိ တစိုက်မတ်မတ်လုပ်ဖို့ စဉ်းစားမိခဲ့တယ်။
Photo credit - Facebook
အဲဒါက ဘာလဲဆိုတော့ ခဲပန်းချီဆွဲတာပါပဲ။
ကျနော်ဆွဲထားတဲ့ ခဲပန်းချီပုံလေးတွေကို
social media တွေမှာတင်တော့ အကောင့်ထဲကသူငယ်ချင်းတွေက တော်တော်လေးအားပေးကြတယ်ဗျ။
တချို့ကလည်းဝယ်ဖို့ကမ်းလှမ်းတာတွေ၊
ပုံတူဆွဲပေးဖို့ကမ်းလှမ်းလာကြတွေကို ကျနော်လက်ခံပီး ကြိုးစားခဲ့တယ်။
အဲဒီလိုနဲ့ ဒီလောကထဲမှာကျနော် တဖြည်းဖြည်း
နာမည်ရလာပါတယ်။တဖက်မှာလည်း ကျနော့်လိုပဲ ကိုယ်ခန္တာ မသန်စွမ်းပေမဲ့
အရည်အချင်းရှိသူတွေအနေနဲ့လည်း ကျနော့်ကို
ဆက်သွယ်လာကြပါတယ်။သူတို့နဲ့ချိတ်ဆက်ပြီး
အဖွဲ့လေးတခု ဖွဲ့စည်းခဲ့ပါတယ်။"
"အဲ့ဒီအဖွဲ့လေးကနေ တစ်ဆင့် နိုင်ငံအနှံ့မှာရှိတဲ့
မသန်စွမ်းသူတွေနဲ့ ချိတ်ဆက်ပြီး အကူအညီ
တွေ ပေးနိုင်ခဲ့ပါတယ်။အဲလိုနဲ့ အဖွဲ့ဝင်များရဲ့
ကျွမ်းကျင်ရာ နယ်ပယ်အလိုက် သင်တန်း
ကျောင်းတွေကိုလည်း ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
နှစ်အနည်းငယ်အတွင်းမှာပဲ တစ်နိုင်ငံလုံး
အတိုင်းအတာနဲ့ သင်တန်းကျောင်းများစွာ
ဖွင့်လှစ်နိုင်ခဲ့ပြီး မသန်စွမ်းသူများစွာကို
အလုပ်အကိုင် အခွင့်အလမ်းတွေအပြင်
စိတ်ဓာတ်မြှင့်တင်ပေးမှုတွေလည်း ပြုလုပ်
ပေးနိုင်ခဲ့ပါတယ်။အဲဒီလိုနဲ့ သင်တန်းကျောင်း
နဲ့ပတ်သတ်တဲ့ trainingတွေ၊စိတ်ဓာတ်မြှင့်တင်
ရေး ဟောပြောပွဲတွေကိုလည်း ဒေသတွင်း
အိမ်နီးချင်းနိုင်ငံတွေအထိ တိုးချဲ့ဆောင်ရွက်နိုင်
ခဲ့တာပေါ့ဗျာ။အားသွန်ခွန်စိုက် ကြိုးစားရင်း
ဒီနေ့လို အခြေအနေကိုရောက်လာတာပါပဲဗျာ။"
Photo credit - Google image
"ဒီနေရာကိုရောက်ဖို့ ကြိုးစားနေတဲ့အချိန်
အတောအတွင်းမှာ မသန်စွမ်းသူမို့ လူရာမသွင်းပဲ အထင်သေးခံရတာတွေ၊
အနှိမ်ခံရ၊အပယ်ခံရတာတွေ၊ဝေဖန်ကဲ့ရဲ့
ခံရတာတွေရော၊ စိတ်ညစ်စရာ၊
စိတ်ဓာတ်ကျစရာတွေ၊လက်လျှော့ အရှုံးပေးပြီး
လျှောက်နေတဲ့ လမ်းကြောင်းကနေ လှည့်ပြန်
ချင်လောက်အောင် မျှော်လင့်ချက်မဲ့ခဲ့ရတဲ့
နေ့ရက်တွေကလည်း အများကြီး တွေ့ကြုံခဲ့ရ
တာပေါ့ဗျာ။ဒါပေမဲ့ ဒီနေ့က ပျော်စရာနေ့လေး
ဖြစ်တာကြောင့် ကျနော်ကြုံတွေ့ခဲ့ရတဲ့ ခါးသီးတဲ့ ဖြစ်ရပ်တွေကို အသေးစိတ်မပြောတော့ပါဘူး။
ကျနော့်ရဲ့ ဘ၀ဇာတ်ကြောင်း အကျဉ်းချုပ်
ကတော့ ဒါပါပဲဗျာ...။"
ကိုဇေယျ၏ စကားအဆုံးမှာတော့ ပွဲတက်
ရောက်လာသူ ပရိသတ်များမှ
သောင်းသောင်းဖြဖြ လက်ခုပ်တီး၍အားပေး
ကြလေသည်။
Photo credit - Google image
ထို့နောက်တွင်မူ အခြားသော သတင်းထောက်
များမှလည်း မိမိတို့သိချင်သော မေးခွန်းများကို
အလှည့်ကျမေးမြန်း ကြလေသည်။နောက်ဆုံး
မေးခွန်းအဖြစ် သတင်းထောက်တစ်ဦးမှ
"ကိုဇေယျ ခင်ဗျာ..အကို့အနေနဲ့ ယခုလို အခြေအနေမျိုးမှာတောင် ဒီလောက်အထိ
အောင်မြင်အောင် ကြိုးစားနိုင်ခဲ့တယ်ပေါ့နော်။
အကယ်၍ အကိုသာ ကိုယ်လက်အင်္ဂါ
သန်စွမ်းတဲ့သူတစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင်
အကို အခုလက်ရှိအခြေအနေမှာ ဘယ်လောက်
အထိ အောင်မြင်နေမယ်လို့ထင်ပါသလဲ....
ကျေးဇူးပြု၍ ဖြေပေးပါခင်ဗျ " ဟုမေးလိုက်သော
မေးခွန်း၏အဆုံးတွင် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားလေတော့သည်။အားလုံး၏
အကြည့်များက သူ့ထံသို့ ရောက်နေပြီး
ဘယ်လို ဖြေမလဲဟူသော အဖြေအတွက်
မျှော်လင့် စောင့်ကြည့်နေကြခြင်းဖြစ်သည်။
ကိုဇေယျက ချောင်းတချက် ဟန့်လိုက်ရင်း
" အကယ်၍သာ ကျနော်ဟာ ကိုယ်အင်္ဂါသန်စွမ်း
သူတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ကျနော်ဟာ
အခုအချိန်မှာ ကုမ္ပဏီဝန်ထမ်းတစ်ယောက် ဖြစ်နေမှာပေါ့ဗျာ..."ဟူ၍ ဖြေကြားလိုက်သော
အဖြေ၏အဆုံးမှာတော့ ပရိသတ်များ၏ လက်ခုပ်တီးအားပေးသံ၊ချီးမွမ်းစကားပြောဆိုသံများက ခန်းမတစ်ခုလုံး ပြည့်လျှံသွားလေ
တော့သည်။
ကိုဇေယျကား စင်ပေါ်တွင် မျက်ရည်များဝဲကာ မိန့်မိန့်ကြီးပြုံးလျှက် အားလုံး၏ ချီးမွမ်းသြဘာ
သံများကို ခံယူလျှက် ရှိလေတော့သည်။