မိမိ၏အပြောအဆိုကြောင့်

မိမိနှုတ်​​ကြောင့်
သူတစ်​ပါး မထိခိုက်
မနစ်​နာပါ​စေနှင့်​.....

မိမိနှုတ်​​ကြောင့်
စည်းလုံးညီညွတ်​မှု
မပြိုကွဲပါ​စေနှင့်​.....

မိမိနှုတ်​​ကြောင့်
သူတစ်​ပါး စီးပွား​ရေး
မဆုတ်​ယုတ်​ မပျက်​စီးပါ​စေနှင့်​.....

မကူညီလိုလျှင်​ ​နေနိုင်​ပါသည်
ပျက်​စီး​အောင်​​တော့ မလုပ်​ပါနှင့်​.....

သူတစ်​ပါး အပြစ်​ကိုရှု
ကဲ့ရဲ့မှုပြုသူသည်
ဘေးဒုက္ခနှင့်​​တွေ့ကြုံရသည်​.....

မနာလိုမှု ဝန်​တိုမှုပြုသူသည်
ဘဝဆက်​တိုင်း ဒုက္ခခံစားရသည်​.....

မိမိပြုအပ်​​သောအမှုသည်
မိမိသာလျှင်​ အမှန်​ကန်​ဆုံး
သိနိုင်​သည်​.....

ကိုယ့်​အပြစ်​ကိုမြင်
ကိုယ်​ပြုပြင်​သူသည်
ဘဝဆက်​တိုင်း ချမ်းသာသုခ
ခံစားရသည်​.....

သူ​တော်​​ကောင်းတို့၏
နေရာသည်
သူ​တော်​​ကောင်းတို့၏
စကားသာဖြစ်​ရမည်​....

ကိုယ်​ နှုတ်​ စိတ်​ ကို
စောင့်​စည်းခြင်းသည်
မွန်​မြတ်​​သော တရားဖြစ်​သည်​။

မေတ္တာဖြင့်​ ​အေးချမ်းပါ​စေ........

@htet ar kar

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center