လှေကား

image

အမြင့်တစ်ခုပေါ်ကိုရောက်ဖို့ လှေကားဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။သစ်ပင်တစ်ပင်ပေါ်ကို တက်ဖို့ဆိုရင် ခြေထောက်တွေလက်တွေကို သုံးပြီး တွယ်ကပ်တက်တာထက် လှေကားကိုအသုံးပြုပြီး တက်ရတာ ပိုပြီးလွယ်ကူစေမှာပါ။

လှေကားဆိုတာ အမြင့်တစ်နေရာကို ရောက်ဖို့ကူညီထောက်ပံ့ပေးတဲ့ အရာပါ။လှေကားဆိုတာ သစ်သားတွေ အလူမီနီယမ်တွေနဲ့ အဆင့်ဆင့်ပြုလုပ်ပေးထားတဲ့ အရာကိုပဲ ခေါ်တာမဟုတ်ပါဘူး။မိမိကိုအမြင့်ရောက်အောင် ပို့ဆောင်ပေးတဲ့ အရာတိုင်းက လှေကားတွေပါ။

မူလတန်းကလေးဘဝတုန်းက အခြေခံဝလုံးကို ရေးတတ်မှ ဒီ့ထက်ပိုခက်တဲ့ အက္ခရာတွေကို ရေးတတ်မှာဖြစ်ပါတယ်။ဒါကြောင့်မို့ ဆရာတွေက အခြေခံဝလုံးရေးနည်းကို သင်ပေးတာဖြစ်ပါတယ်။ထို့အတွက် အခြေခံဝလုံးရေးနည်းသင်ပေးတဲ့ ဆရာတွေက လှေကားတွေပါပဲ။ဒီလိုနဲ့ တစ်ဆင့်ဖြစ်တဲ့ အက္ခရာရေးနည်းတွေ ပြီးရင် ယပင့် ရရစ် ဝဆွဲ ဟထိုးတွေကို ထပ်သင်ရမှာဖြစ်ပါတယ်။ထိုအခါ အက္ခရာရေးနည်းသင်ပေးတဲ့ ဆရာတွေက လှေကားတွေဖြစ်သွားပါပြီ။

လူ့ဘဝစတင်ပြီဆိုတည်းက လှေကားတွေနဲ့ စတင်ကြုံရပါပြီ။သက်ရှိလှေကားတွေရော သက်မဲ့လှေကားတွေရော များစွာသောလှေကားတွေနဲ့ တွေ့ကြုံရပါတယ်။ဒါပေမယ့်လူတွေဟာ လှေကားကို အဆင်းအတက်လုပ်ဖို့ဆိုတာ အများစုကမေ့နေကြပါတယ်။သစ်ပင်တစ်ပင်ပေါ်တက်ဖို့ လှေကားကိုသုံးပြီးသွားရင် အပေါ်ကနေလှေကားကို ကန်မချလိုက်ပါနဲ့။ဘယ်သူမှသစ်ပင်ပေါ်မှာ အကြာကြီးမနေနိုင်ပါဘူး။တစ်ချိန်ချိန်ပြန်ဆင်းဖို့လိုလာတဲ့အခါ အခက်တွေ့နိုင်ပါတယ်။

များစွာသောလှေကားတွေထဲမှာမှ အနူးညံ့ဆုံး အပြေပြစ်ဆုံးလှေကားဟာ မိဘတွေရဲ့မေတ္တာလှေကားပါ။တက်ရတာအလွယ်ဆုံးလှေကားပါ။ဒါပေမယ့်လှေကားတိုင်းကို အမြင့်ရောက်တိုင်း တွန်းတွန်းမချပါနဲ့။ပြန်ဆင်းရမယ့် အခြေအနေဖြစ်လာရင် လှေကားမရှိတော့တဲ့အခါ အကျနာမှာပါ။မြင့်မြင့်ရောက်နေတဲ့သူက ပိုအကျနာမှာပါ။ထို့ကြောင့် ဘယ်လှေကားကိုပဲ သုံးသုံး ကျေးဇူးမကန်းပါနဲ့။ဒါ့အပြင် လှေကားကိုအသုံးပြုပြီး အမြင့်ကိုတက်နေချိန်မှာဆို ကိုယ်နဲ့တစ်ပါတည်းယူဆောင်သွားသင့်တဲ့ အရာက "အသိဥာဏ်နဲ့ ကိုယ်ချင်းစာစိတ်"ပါ။ဒီပစ္စည်းနှစ်ခုကို ယူသွားရင် ဘယ်တော့မှ အကျမနာပါဘူး။သို့သော် "ဘဝင်"ကို လှေကားနဲ့အမြင့်ကိုတက်နေတုန်း ယူသွားရင် ပြန်လည်ကျလာတဲ့အခါ အကျနာနေမှာပါ။

IMAGE FROM Facebook

Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။

Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003
received_236425950252219.jpeg

#myanmar
#msu

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center