ကျွန်မဟာအနောက်တိုင်းသူတစ်ယောက်ပေမယ့် ကမ္ဘာ့တစ်ဖက်ခြမ်း
မှာရှိတဲ့ မြန်မာပြည်ကိုလေ့လာရေးခရီးထွက်ရင်း အလွန်ပူလောင်တဲ့
အညာဒေသက အရီးမြတို့အိမ်မှာ ခေတ္တနားခိုးခွင့်ရခဲ့ပါတယ်
Credit : facebook photo
ဒါနဲ့ကျမ သူတို့နေပုံထိုင်ပုံကိုကြည့်လိုက်တော့ ရာသီဥတုဒဏ်ကို
ကြံ့ကြံ့ခံထားရတဲ့ နေလှောင်နေတဲ့အသားအရေတွေအောက်က
ဖြူစင်အေးမြတဲ့အပြူံးတွေကိုတွေ့မြင်နေရတယ် ဒီလိုနဲ့ကျမသူတို့ရဲ့
နေ့စဉ်လုပ်ခွင်ကိုလိုက်လံလေ့လာဖို့ခွင့်တောင်းပြန်တော့လည်း
Credit : facebook photo
မငြင်းခဲ့ပြန်ပါဘူး ဒါပေမယ့် နုထွဠ်နေတဲ့ကျမအသားအရေတွေ
နေလှောင်ဒဏ်မခံနိုင်မှာဆိုးလို့ အရီးမြကဘဲ သနပ်ခါးဖွေးဖွေးကို
ကျမပါးလေးမှာအသေချာလိမ်းပေးပီးမှ အလုပ်ငန်းခွင်ရှိရာ ယာပြင်ကို
ခေါ်ဆောင်လေ့လာခွင့်ပြူခဲ့တယ် ယာပြင်ကိုရောက်တော့ ဘာတွေ
စိုက်ပျိုးထားလဲဆိုတာကြည့်လိုက်တော့ "ဟယ်တော် ၀ါဂွမ်းပင်လေးတွေ
ချစ်စရာလေးတွေ အသီးတွေကခြောက်သွေ့လွန်းပီး ကွဲပြဲအာထွက်လို့
အထဲက ဖြူစွတ်စွတ်ဝါစတွေပါအပြင်ကိုထွက်ပေါ်နေပါပီ" ဒါနဲ့ကျမ
Credit : facebook photo
ဝမ်းသာအားရ ၀ါဂွမ်းလေးတွေခူးဖို့ပြင်ပီးေပြေးလွှားသွားခါ ၀ါပင်က
သစ်ရွက်ခြောက်တချို့ထိရှမိတာကြောင့် ယားယံခြင်းကိုခံစားရတော့
ဖြေးဖြေးခြင်းသွားရတယ် မလွယ်ကူပါ့လားလို့စိတ်မှာအမှတ်တမဲ့....
Credit : facebook photo
ဒီလိုနဲ့ ယာခင်းကပြန်လာကြတော့ ခူးစွတ်ခဲ့တဲ့ဝါစတွေကို ပီနံအိပ်
ကြီးကြီးတစ်လုံးမှာ စုထည့်ပီး သွားရောင်းချသေးတာပေါ့ အရီးမြက
ှေူာင်းရတဲ့ငွေထဲမှ ကျမအတွက်ငွေချို့ထုတ်ပေးတော့ ကျမမယူရက်ပါ
ဒါပေမယ့်အတင်းဇွတ်ပေးတော့ ကျမယူပီးအဲ့ဒီငွေနဲ့ သင်္ကန်းအချို့
Credit : facebook photo
ဝယ်ပီး အရီးမြတို့ ကိုးကွယ်တဲ့ရွာဦးကျောင်းက ဘုန်ကြီးတချို့ကိုလှူဒါန်း
ပီးတာနဲ့ အရီးမြတို့အိမ်ပြန်ရောက်ခါစရှိသေးတယ်"ဟောာာာာ ထပ်လာပီ
ရွာထိပ်က မောင်သာအေး ထန်းတောက ထန်ရည်ချိုတွေ ရေသန့်ဗူး
မျိုးစုံနဲ့သယ်လာပေးတာ ကျမလည်းမောမောနဲ့ သောက်ချလိုက်တာ
Credit : facebook photo
ဘယ်နှဗူးကုန်သွားတယ်ကိုမမှတ်မိတာပါရှင်...ထန်းရည်လည်းသောက်ပီး
ရွာထိပ်က ကာလသားတွေစုနေတဲ့ ဇယ်တောက်ခုံကိုသွားစပ်စုတယ်
Credit : facebook photo
ကျွန်မတို့မြို့မှာဆိုရင်တော့ ဘိလယက်ခုံပေါ့ ဒါပေမယ့် ရွာမှာကျ
ဇယ်တောက်ခုံကပိုပီးခေတ်စားတယ်လေ ပျော်စရာတွေ မြင်ကွင်းတွေ
ကတော့ဖြင့်ကျွန်မအတွက်ပြောလို့မကုန်နိုင်ပါဘူး အခွင့်အခါသင့်လျှင့်
နောက်တစ်ခေါက်လာလည်ချင်သေးပါရဲ့ အရီးမြရယ်....
Post writer : ThiHaKo(@gelatofresco)
Credit : facebook photo
MSC - 019