မင်္ဂလာပါခင်ဗျ ယခုတစ်ပါတ်တင်ဆက် ဖော်ပြပေးမှာကတော့
မြန်မာလူမျိုးများ အကြိုက်ဖြစ်သော ဟင်းတစ်မျိုးဖြစ်တဲ့
"၀က်သားနီ" ချက်လေး ကို ဖော်ပြပေးမှာဖြစ်ပါတယ် ခင်ဗျ
ဝက်သားနီချက်ဟာ ချက်ရလွယ်ကူ ရိုးရှင်းပီး တစ်ကိုယ်တည်း
သမားများအတွက်လည်း တစ်ခါချက်ထားရုံဖြင့် ၃ ၄ ရက်
စားသောက်နိုင်ပါတယ် ကျနော်ဖော်ပြပေးမှာကတော့
အညာချက်နည်းလေး ဖြစ်ပီး ချက်ပုံ ချက်နည်း ကွဲပြား
နိုင်ပါတယ်ခင်ဗျ အညာမှာ ဆိုရင်တော့ဖြင့် မြေအိုးနှင့်
ချက်ပြူတ်သောကြောင့် ပိုပီးရနံ့မွှေစေပါတယ် သို့ပေမယ့်
မြေအိုးမရှိလည်း ဒန်အိုး ဒယ်အိုးဖြင့် ချက်ပြူတ်ပါခင်ဗျ
လိုအပ်သော ပါဝင်ပစ္စည်းများကတော့ဖြင့်
1.၀က်သား (သုံးထပ်သား ) ၅၀ သား
2.ဂျင်း ( ၃လက်မ) အရွယ်
3.ကြက်သွန်ဖြူ 7 မြှောင့်
4.ဆီ ၅ကျပ်သား
5.ကြာညို့ လက်စားဇွန်း 2ဇွန်း
6.သကြား လက်ဖက်စားဇွန်း 1ဇွန်း (ဇွန်းဝက်)
7.ဆား လက်ဖက်စားဇွန်း 2ဇွန်း
ချက်ပြူတ်ပြင်ဆင်ရန်
ဝက်သားများအား အတုံးသေးသေးတုံး၍ ရေဆေးထားပါ
ဂျင်းနှင့်ကြက်သွန်ဖြူ ရော၍ ညှပ်အောင်ထောင်းပါ
ချက်ပြူတ်ခြင်း
တုံးထားသောဝက်သားများနှင့် ဆား သကြား ကြာညို့
တို့အား သမအောင်ရောနယ်ကာ ၁၅မိနစ်ခန့် ထားပါ
ပီးလျှင် ဒယ်အိုးထဲသို့ပြောင်းရွှေ့ပီး ရေအနည်းငယ်ထည့်ကာ
ထောင်းထားသော ဂျင်းနှင့် ကြက်သွန်ဖြူအား အပေါ်မှ
အသာလေးအုပ်ပါ(ရောမွှေခြင်းမပြုရ)
၁၀မိနစ်ခန့် ချက်ပီးသော ရေခန်းစပြုလာလျှင် ဆီထည့်၍
သမအောင်မွှေကာ ဆီပြန်လေးဖြစ်လျှင် အနံ့မွှေးလာလျှင်
ဝက်သားနီချက် ဖြင့် မြိန်ရေစွာစားသုံးနိုင်ပါပီခင်ဗျားးးးး
Post writer : ThiHaKo(@gelatofresco)
MSC : 019