စတီးမစ်ပေါ်က မြန်မာစာ ဖတ်တတ်သူအားလုံးကို
မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါရစေ။
ဒီနေရာကိုမရောက်တာ (၁)နှစ်ကျော်ကြာသွားတယ်။
ရောက်နိုင်တဲ့ အခိုက်အတန့်လေးတွေမှာ
တစ်စုံတရာ ရေးခြစ်ခဲ့ပါရစေ။
တကယ်တော့ အတိတ်ဆိုတာ
Format ချလို့မရတဲ့ သတိရခြင်းတခုပါပဲ။
အဲဒီလို တစွန်းတစစီရှိနေတဲ့
မှတ်ဥာဏ်ထဲက စကားလုံးတချို့ကို
ဖရိုဖရဲ ရေးချလိုက်တော့..
photo credit
++++++++++++++++++
ပန်းတွေအကြိမ်ကြိမ်ဝေ
အနမ်းတွေ အကြိမ်ကြိမ်ချွေခဲ့ကြတယ်။
ဖြစ်လာမဲ့အလွမ်းတွေက
စမ်းရေလို အေးမယ်လို့
တွေးထင်မိကြတုန်းကပေါ့။
ခုတော့ စမ်းရေတွေခန်း
ပန်းအကြွေတွေနွမ်း
လမ်းတွေလဲကြမ်းခဲ့ပြီလေ။
ဥသြငှက်တွန်သံတွေကြားမှာ
အလွမ်းတွေ တဖွားဖွားကျလို့။
ငါတစ်ယောက်ထဲ
ပန်းအကြွေတွေကောက်
စမ်းရေတွေ ခြောက်
လမ်းတွေလဲ ပျောက်။
ဆုံနေကျ တနင်္ဂနွေရဲ့
သင်္ကေတ ဂျိုးကူသံ တသသကို
နားထောင်ရင်း သက်ပြင်းတွေ အခါခါချ။
အလွမ်းဂုံးဆင်းမှာ ဥသြသံတွေနဲ့
နပန်းလုံးရင်း ငါ့ကိုငါလဲ
အရမ်းမုန်းစာရင်းသွင်း။
နေအခါခါထွက်
လေရူးတွေ အခါခါကြမ်း
ပန်းဖူးတွေ အကြိမ်ကြိမ်နွမ်းပေမဲ့
နင့်အပေါ်လွမ်းနေတာ ခုထက်ထိပါပဲ။
နေဝင်ချိန်တွေ အခါခါကြုံ
နှင်းမှုန်တွေ အခါခါကျ
ဆည်းဆာချိန်တွေ တဖြာဖြာလှခဲ့ပေမယ့်
တို့တွေဝေးခဲ့ကြတာ "ခဏ"လို့ ထင်နေတုန်းပဲ။
Thanks For Reading !
By_ @builderb