မင်္ဂလာပါ..စတီးမစ် မိသားစုများခင်ဗျာ..
မိုဘိုင်းဖုန်းအသုံးပြုရင်း ဘီလ်မကုန်တန်တာ
မကုန်ကြစေဖို့ သိသင့်တာလေးတွေတချို့ကို
"ဖုန်းဘေ ဓားပြများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝေမျှလိုက်ပါတယ်။ပြောပြမဲ့ အကြောင်းအရာလေးတွေကို
အများစုက သိပြီးဖြစ်ပါလိမ့်မယ်။မသိသေးသူများအတွက် ရည်ရွယ်ပြီး ပေါ့ပေါ့ပါးပါး
စကားပြောဟန်နဲ့ ဖောက်သည်ချပါရစေခင်ဗျ။
ဒမြဆိုလို့ ဘာမှလျောက်မတွေးနဲ့ဦးခင်ဗျ။
ဒီလိုပါ..ဖုန်းတွေမှာသုံးနေတဲ့ (application)အပလီကေးရှင်းတွေကိုပြောတာပါ။(အပလီ)ဆိုတဲ့ စကားလုံးပါလို့လားမသိဘူး :) :) တချို့ appတွေက တကယ်ပလီပလာ လုပ်တတ်တယ်ဗျ။
သူ့လုပ်ဆောင်ချက်မလုပ်ပဲ ဖုန်းရဲ့ စနှစ်ကိုလေးလံနှေးကွေးနေစေတဲ့အယောင်ဆောင် ဗိုင်းယပ်စ်တွေ
ဲဖြစ်နေတတ်ပြန်ပါတယ်။
အဲဒါကြောင့် တွေ့တိုင်းလဲ စွတ်ပီး အင်စတော မနေသင့်ပါဘူးနော့..။
ပြောချင်တာက..အဲ့ app တွေကို ဖန်တီးတဲ့
ဖန်တီးရှင် ဆြာ့ ဆြာတွေဟာ ...
app တွေကို တခါတည်းတကြိမ်တည်း
ရော့ အင့် တသက်လုံးသာ သုံးကြလရော့ဟယ်...
ဆိုပီး အပီးအငြိမ်းလုပ်ပေးလိုက်တာ မဟုတ်ပါဘူးး
မကြာမကြာ ကောင်းသထက်ကောင်းအောင်..
ဗားရှင်းမြှင့်မြှင့်ပေးကြပါတယ်။ဒါဟာလဲ အပြစ်မဆိုသာပါဘူး။နည်းပညာကဟာ နေ့စဉ်ဆန်းသစ်နေပါတယ်။သူ app ထက် ငါ့ app ကောင်းရမယ်ဆိုပြီး အပြိုင်အဆိုင် တုလိုက် ပြိုင်လိုက် သူတပြန် ငါတပြန် ကျော်တက်နေကြပါတယ်။
ဆိုတော့ ကိုယ်က app လေးတခုလုပ်ပီး
ပစ်ထားလိုက်ရင် တစ်ပတ်လောက်နေရင်
ကိုယ့် appထက်သာနေတဲ့ သူများ app
ကိုတွေ့ရမှာ အသေချာပါပဲ။ဒီတော့ အမြဲလိုလို
မွန်းမံကြရတယ်။နောက်တချက်က appဆိုတဲ့ အပလီကေးရှင်းတွေဟာ ဟာ့ဒ်ဝဲယားလို့ခေါ်တဲ့ အီလက်ထရောနစ် စက်ပြားအမာထည်တွေပေါ်မှာ မှီခိုရှင်သန်ရတာပါ။ကျုပ်တို့ ဖုန်းအတွင်းထဲက စက်အပြားလေးပေါ့။
ဟာ့ဒ်ဝဲနဲ့ app ..appနဲ့ ဟာ့ဒ်ဝဲဆိုတာ..
ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဆိုသလို အပြန်အလှန်ကျေးဇူးပြုမှ ရှင်သန်နိုင်တာမျိုးပါ။app ချည်းပဲ..ဘာမှလုပ်မရသလို ..ဟာ့ဒ်ဝဲချည်းပဲဆိုရင်လဲ
အမှိုက်ပုံးထဲ ပစ်ယုံပဲရှိပါတယ်။အဲ့ဒီဟာ့ဒ်ဝဲတွေဟာလဲ အသစ်အသစ် ပိုခိုင်အောင် ကောင်းအောင် သေးအောင် ပါးအောင် အကြမ်းခံအောင် ရေစိုခဲအောင် ကွေးလိုညွှတ်လို့ရအောင် ဆိုပီး အမြဲဗားရှင်းမြှင့်နေကြလေတော့ app ဆြာတွေကလဲ လိုက်မြှင့်ကြရပါတယ်။
ကဲ..ဆိုလိုရင်းကို ရောက်ပါပီခင်ဗျာ..
သူတို့မြှင့်လိုက်တော့ ကျုပ်တို့ပါ လိုက်မြှင့်ကြရပါတယ်။တခါမြှင့်တိုင်း တခါ ဘေကုန်ပါတယ်။မြှင့်တာနဲ့ အစအဆုံး ဒေါင်းလုပ်ပြန်ဆွဲတာ
သဘောတရားတူသလို ဘေကုန်တာလဲ အတူတူပါပဲခင်ညာ။အဟောင်းကနေ သူတို့မြှင့်လိုက်တဲ့ အစိတ်အပိုင်းကလေးအတွက်ပဲ ကုန်တာ မဟုတ်ပါဘူး။
အကုန်လုံး အစက ပြန်ဆွဲတင်ခြင်းပါ။
ကျုပ်တို့တွေ အင်တာနက်လေးဖွင့် ဖေ့ဘုတ်လေးပွတ်နေတုန်း အဲ့ဒီ မောင်မောင်appတို့ မမအက်တို့ဟာလဲ သူတို့ကို မြှင့်ပေးဖို့ နိုတီလာလာတောင်းတတ်ကြပါတယ်။ကျုပ်တို့က မျက်စီရှုပ်လို့
တခါတလေ နားအေးပီးရော..ဆိုပြီး အပ်ပဒိတ်လိုက်တတ်ကြပါတယ်။အဲ့ဒီမှာ ဘေကုန်ပါပီ
နောက်ကွယ်မှာ ဒေါင်းလုပ်ဆွဲကာ ကျုပ်တို့ဘေများကို ဝါးနေပါပြီ။အဲ့ဒါကိုသိလို့ မအပ်ဒိတ်ပဲ ပေကပ်သုံးရသမျှ သုံးပါတယ်။ဒါမဲ့ နောက်ဆုံး
အရမ်းပေကပ်လာပီး ပြသနာခနခနရှာလို့ အပ်ပဒိတ်လိုက်ရတာပါပဲ။
Appတွေဟာသူတို့ကို ဗားရှင်းမြှင့်ပေးဖို့
သူတို့ အားထားရာ သောနုတ်ထိုနဲ့တူတဲ့
ဂူဂဲပလေးကနေတဆင့် ကျုပ်တို့ကို
အကျပ်ကိုင်လာတတ်ပါတယ်။အဲ့အခါမှာ
ကျုပ်တို့သဘောမတူလဲ ဂူဂဲပလေးက တိတ်တိတ်လေး ဆွဲမြှင့်သွားတတ်ပါတယ်။အဲ့ခါမှာ ကျုပ်တို့ မသိလိုက်ပဲ ကုန်ရပါပြီ။app များများသုံးလေ ခံရလေပါပဲ။ဒါပေမဲ့ ဒီသောနုတ်ထိုက ဒေ၀ဒတ်လောင်းမဟုတ်လို့ တောင်းပန်လို့ရပါတယ်။
အလိုလျောက်မမြှင့်တော့အောင်..
Google play app ရဲ့ settingထဲမှာ wifi နဲ့ပဲ updateလုပ်ပါလို့ ပြင်လို့ရပါတယ်။ကျုပ်တို့တွေ ပျဉ်ဖိုးနားလည်လာခဲ့ကြပါတယ်။အဲ့ဒါဆိုရင်တော့
ဖရီးဝိုင်ဖိုင်ရချိန်မှာမှ သူတို့ဘာသာ
ပြုံပီး အပ်ပဒိတ်ကြပါလိမ့်မယ်။ဘေမကုန်တော့လို့
လုပ်ကြပါစေပေါ့နော်။
ဒါကြောင့် application များကို တွေ့ရာနေရာမှ
ကြုံသလို download ချမထည့်ပါနဲ့။
မရှိမဖြစ်သုံးရမဲ့ appများကိုလဲ သုံးလို့ရသမျှ
ပေသုံးကြပါ။
Google Playstore ရဲ့Setting မှာ wifi နဲ့သာ
updateလုပ်ဖို့ ပြင်ပေးထားပါ။
အဲ့ဒီသဘောလေးတွေကို နားလည်သွားရင် "ငါဘာမှလဲ မသုံးပဲနဲ့ ဘေတွေ အရမ်းကုန်တာပဲ"ဆိုတဲ့အဖြစ်မျိုး၊
"ငါ့ဖုန်းလေးက ၀ယ်ထားတာ ဘာမှမကြာသေးဘူးး သုံးရတာ လေးလိုက်တာ"
ဆိုတဲ့ အဖြစ်တွေကနေ ကင်းဝေးပါလိမ့်မယ် ဆိုတာ အကြံပြုပါရစေခင်ဗျ။
အားလုံး လိုအင်ပြည့်ဝကြပါစေ။
Ps-ဖတ်မိသူများ ပို့စ်အောက်မှာ အသံလေးပေးခဲ့ကြပါဦးခင်ဗျ။
Follow လေး vote လေးနဲ့ အားပေးချင်လို့ပါ။
@Builderb