မင်္ဂလာပါ ကဗျာချစ်သူ မိတ်ဆွေတို့ရေ...
လမ်း...သွားစရာ...လမ်း
လမ်းဆုံးရင် ရွာတွေ့မယ်
ကြားဖူးတာ ပြောပါတယ်
လမ်းက ဘာကြောင့် ဆုံးတာလဲ
ဆက်သွားစရာ မရှိတော့လို့လား
ဆက်သွားဖို့ မလိုတော့လို့လား
လမ်းကပဲ ပိတ်ဆို့သွားလို့လား
သွားတဲ့သူကပဲ
မသွားနိုင်တော့လို့ ဆုံးသွားလား
မသွားတတ်လို့ ဆုံးသွားလား
ဘာကြောင့်လဲ ဘာကြောင့်လဲပေါ့
လမ်းအဆုံးမှာ ဘာရှိနေလဲ
ဘာတွေများ ကာဆီးနေလဲ
ကဲ... ထားလိုက်ပါ
ရွာကို တွေ့ပါပြီတဲ့
အဲဒီရွာက...
ရောက်ချင်တဲ့ ရွာလား
ရောက်ဖို့ သွားတဲ့ ရွာလား
လမ်းဆုံးလို့ တွေ့တဲ့ ရွာလား
အဲဒီရွာမှာ ရပ်တန့်နေမှာလား
အဲဒီရွာကို ကျော်ဖြတ်သွားဦးမလား
လမ်းက ဆုံးတာ သေချာလား
လမ်းတစ်ခုက လမ်းတစ်ခုဆီ
ပြောင်းသွားတာလား
လမ်းက အဖြောင့်လား
လမ်းဆုံ လမ်းခွရော မရှိဘူးလား
အေး...ဒါတွေ သိမှ
လမ်းကို သွားရမှာလား
စမ်းတဝါးဝါး သွားမလား
လမ်းဆုံးရင် ရွာတွေ့မှာ သေချာလား။
................. ခက်ဝေ ...............
ကျွန်တော်၏ ကဗျာကလောင်အမည်မှာ ခက်ဝေ ဖြစ်ပါသည်။
"လမ်း" နေရာတွင် မိမိ၏ ရည်ရွယ်ချက် ပန်းတိုင်ကို ထည့်သွင်း
တွေးခေါ်နိုင်ပါသည်။
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...
With street to Goal,
@billionairehein