မနှစ်ကမပြည့်ခဲ့တဲ့ ဆန္ဒ
ဒီနှစ်တော့ ပြည့်တန်ကောင့်ရဲ့လို့
မျှော်လင့်ခဲ့တယ်။
မနှစ်ကမဖြစ်ခဲ့တဲ့အရာတွေ
ဒီနှစ်တော့ ဖြစ်လောက်ပါပြီ
စိတ်ကူးတွေနဲ့ အကြိမ်ကြိမ်
တိုက်အိမ်ဆောက်ခဲ့မိတယ်။
မင်းတို့ဌာနေ မင်းတို့ပြည်မှာ
စပါး ဆန်ရေ ပေါများရဲ့လား
ပန်းပေါင်းစုံတွေ ဖူးပွင့်ရဲ့လား
ငါတခါမှ မတွေးခဲ့မိဘူး။
မင်း ဝမ်းစာအတွက်
မင်းရုန်းကန်နေချိန်မှာ
ငါ့ပန်းတိုင်အတွက်
ငါချီတက်ခဲ့တယ်
စိန်တူတစ်လက်ကို
စွဲကိုင်ပြီးတော့။
ဂြိုလ်ဆိုး ငဗစ် ဝင်မွှေခဲ့တော့
ငါ့ရဲ့ပန်းတိုင် ဘယ်ဆီဘယ်ဝယ်
မရေမရာ မသေမချာနဲ့
အိပ်မက်တွေကို
အကောင်အထည်ဖော်နိုင်မဲ့
ရာသီချိန်
မျှော်လင့်ချက်တွေ
ဖြည့်စွမ်းပေးနိုင်မဲ့
ရာသီချိန်။
ဒီတနှစ်တော့
ရွှေပြည်တော် မျှော်လေတိုင်း
ဝေးရတော့မလား
ငဗစ်ရေ မင်းပြန်ပါတော့ကွာ။