လှမ်းကာမျှော်လို့
ပျှပျှမမြင်
ပြေးထွက်ခါမှ
နှောင်ကြိုးရယ်ငင်
ယခုဘဝ
သမုဒယတွေ
ချည်နှောင်ခါမှ
ရေမြေတွေခြားရုံမက
အလွှာကမ္ဘာတွေလည်း
ခြားခဲ့လေပြီ။
ရနံ့ရယ်ပျယ်
အခြေရယ်ပျက်တဲ့
ပန်းရုံနဘေးက
အုတ်ဂူဖွေးဖွေးထဲက
ငါ့ရဲ့ ဝိဉာဉ် ကိုပဲ
ငါသနားမိပါရဲ့။
Image Source