မကြုံချင်မဆုံချင်တာတွေလဲ
ကြုံကိုကြုံတတ်တယ်ဆိုပဲ။
တွဲလက်တွေမြဲမယ်
ထင်ခဲ့တာတွေလည်း
အထင်ကအထင်
အမြင်ကအမြင်မို့
စိတ်သွားတိုင်းတော့
ကိုယ်မပါနိုင်ခဲ့ဘူးလေ။
နေမင်းကြီးတောင်
အချိန်တန်ရင်
ကမ္ဘာမြေကိုကျောခိုင်းလို့
အနောက်အရပ်ကို
သူသွားရသေးတာပဲ။
လွှတ်ချသင့်တာတွေကို
လွှတ်ချလိုက်ပြီး
မေ့ထားသင့်တာတွေကို
မေ့ထားလိုက်တော့မယ်။
ငှက်တစ်ကောင်မှာ
လွှတ်လပ်စွာ ပျံသန်းဖို့
အခွင့်ရေး ရှိသနေသလို
ကျွန်တော်လည်း
ပျော်ရွှင် ရယ်မောချင်တယ်လေ။