တစ်ခါက တက္ကသိုလ်

Myan.png
ပျော်ရွှင်စရာကောင်းတဲ့ ကျောင်းသားဘဝ
တစ်ခါ ပြန်ရချင်၊ လွတ်လပ်ခြင်း၊နယ်ပေါင်းစုံက ကျောင်းလာတက်တဲ့ သူငယ်ချင်းတွေနဲ့ အတူ ဘုရားဖူးသွား၊ကိုယ်မရောက်ဖူးတဲ့ သူငယ်ချင်း မြို့၊ရွာ
တွေကို လိုက်လည်၊မတွေ့ ဖူးသေးတဲ့ ဓလေ့ ၊ သူငယ်ချင်းတို့ ပြောပြတဲ့ သူတို့ ဇာတိ အကြောင်း၊မစားဖူးသေးတဲ့ အစားအစာ ၊ကိုယ်မသိ၊မကြုံဖူးတဲ့ အရာတွေကို စိတ်ဝင်စားစွာနဲ့ စူးစမ်းလေ့လာ ခဲ့ဖူးပါသည်။
ဒုတိယနှစ်ရောက်တော့ ရေနံချောင်းဘက်ကို
သူငယ်ချင်း ပြန်တော့ လိုက်သွားဖြစ်တယ်၊ အဲဒီ့ဘက်တွေ တစ်ခါ မှ မရောက်ဖူးဘူး ၊ ဒါပထမဆုံးပဲ
မနက် ၆ နာရီ ကားနှင့် လိုက်သွားတယ်။

ကျွန်တော်နှင့်အတူ စလေ ဘက် က သူငယ်ချင်း
တစ်ယောက်လဲ ပါတယ်၊အားလုံး ၃ ယောက်ပေါ့၊ ချောက်မြို့ကို ရောက်တော့ ကျွန်တော့် အတွက် ထူးဆန်း တာ တစ်ခုတွေ့ တယ်၊ ဘယ်ကိုပဲ ကြည့်ကြည့် ကုလားတွေပဲ ၊ ချောက်မြို့ က ကုလားများတယ်ဆို တာ ကျောင်းမှာ ကျောင်းက သူငယ်ချင်းတွေ ပြောပြလို့  သိထားပါတယ်။ ဒါပေမဲ့ ကျွန်တော်က ယောသား လေ ကုလား အာ့လောက်များတဲ့ နေရာ မရောက်ဖူးဘူး၊ ကျွန်တော် ရွာသားတစ်ယောက်ပါ၊ ကျွန်တော် မှတ်ထားလိုက် တယ် ချောက်မြို့ ကုလားများတဲ့ ပဲ ဆိုပြီး မှတ်ထားလိုက်တယ်။
FB_IMG_1506513440823.jpg
ကားဂိတ်ကနေ ဈေးထဲ ခဏသွားလိုက်သေးတယ်၊ပိုဆိုး သွားပြီး ကုလားဆိုင်တွေ ပဲ အများစု၊ရေနံချောင်းက သူငယ်ချင်းကို မေးလိုက်တယ် မင်း၊ငါ့ကို ကုလာများတဲ့ နေရာ ခေါ်လာတာလားလို့ ၊ သူငယ်ချင်းက ပြန်ပြောတယ် မင်း က ရွာသားပဲတဲ့ ၊ဟုတ်ပါတယ် ခင်ည၊ ပြောလိုက်တယ်။ကုလားဆိုင်ကပဲ အင်္ကျီလေးတွေ ဝယ်ခဲ့သေးတယ် အမှတ်တရပေါ့ ၊
ပြီးတော့ ကားဂိတ်ကို ပြန်သွား မကွေး ကားလက်မှတ်ဖြတ် ၊ ၂ နာရီကျော် လောက်ဖြစ်မယ်ဗျ၊ ကားစထွက်တယ်ရောက်ပါပြီ ရေနံချောင်း ၊ ကားပေါ်ဆင်းက မင်းအိမ်က ဘယ်မှာ တုန်း လို့ မေးလိုက်တယ် ၊ရောက်တော့ မှာ ဧရာဝတီ မြစ်ကို သွားမယ် တဲ့လမ်းလျှောက် ပြီး မြစ်ဆိတ်မှာ စက်လှေ စီး ၊ ဟဟ ပျော်စရာကြီး တော်ပေါ်သားလေ မြစ်ပြင် မမြင်ဖူးဘူး၊ ကြောက်စိတ် လဲ မရှိဘူး၊ ရေက အဝါရောင်ကြီး ၊ရေပြင်က အကျယ်ကြီးပဲ ၊ဟင်္သာ ဆိုတောင် အကောင်တွေလဲ အများကြီးပဲမင်းတို့ ဘက် ပျော်စရာ ကောင်းမှာကွာ လို့  ၊ ဟိုဘက်ကမ်းကို ရောက် ကုန်းပေါ်တက် ပြီး သူငယ်ချင်းက ရောက်ပြီ ငါတို့ "ဝက်လွှတ် "တဲ့ ဟိုဘက်မှာက "ဝက်မဆွတ"်၊ ဒီလိုပဲ သူတို့ရွာ ပတ်လည်က ရွာနာမည်တွေ ရွတ်ပြတာ ဝက် ပါတဲ့ရွာ ၊ ၄ ရွာ လောက်ရှိတယ် ၊ စလေ က သူငယ်ချင်း မင်းတို့ ဘက်က ဝက်မျိုး တွေ ဖြစ်မယ် လို့ပြောလိုက်တယ်။ ဝက်လွှတ် သား က ဟုတ်တယ် ဆိုပြီး ရွာနာမည် ဝက် ပါရတဲ့ အကြောင်းရှင်းပြတယ်။
FB_IMG_1506513449036.jpg
ဒီလိုနဲ့ လမ်းလျှောက်လာလိုက် တာ အိမ်ရောက် ၊ အစ်ကို ကြီးပြန်လာပြီ ဆိုတဲ့ အသံ ကြား လို ကြည့် လိုက်တယ်သူငယ်ချင်း က အဲဒါ ငါ့ညီမ တဲ့၊"ပျော်ပြီလေ ညီမလေးက အချောလေး
ဟီးဟီး"
သူငယ်ချင်းရဲ့ အဖေ အမေ ကလဲ ကြိုဆို ကြတယ် ပြူပြူငှာငှာ ပဲ အိမ်ပေါ်တက် ခဏနား ၊ရေချိုး ထမင်းစား ပြီး ရွာ ကိုလျှောက်ပတ်ကြည့်ကြတယ်။
စလေ ဘက် က သူငယ်ချင်းက ပြောလိုက်တယ် " ဟ မင်းတို့ ရွာ က ရေတက်ရင် ဘယ်မှာ နေတုန်း"
"ဝက်လွှတ်သား က ရေတက်ရင် ကျောင်းတော်ရာ ဘက်မှာ သွားနေရတာ၊ရေက ၂ နှစ်တစ်ခါ၊ ၃ နှစ် တစ်ခါ၊တက်တယ်ကွ၊ ဒီနှစ် ရေမတက်ရင် နောက်နှစ် ရေတက်မှာ စိုးရိမ်နေရတယ်။
ကြိုတင်ပြီး နွားစာ၊ လူစာ တစ်လ စာ၊နှစ်လစာ ပြင်ဆင်ထားရတယ် တဲ့"ရေတက်ရင် စိတ်ပျက် စရာကြီးဖြစ်မှာပါကွာ လို့  ကျွန်တော် ပြောလိုက်တော့ " ဝက်လွှတ်သား က ဘယ်ကလာ ပျော်စရာကြီး လှေ တစ်ဆင်းနဲ့ မြွေ လိုက်ဖမ်းတယ် ၊ ငှက်ပစ်တယ်၊ ရေပြင်ကျယ်တော့ ငှက်တွေ ရေမမြုပ်တဲ့ သစ်ပင်တွေမှာ အိပ်တယ်တဲ့ ညဘက် လှေနဲ့ သွားလက်နဲ့ ဖမ်းရင်တောင်ရတယ်တဲ့၊တစ်ရွာလုံး ရေမြုပ်တော့ ပျော်စရာကြီး၊
ဒါပေမဲ့ ရေကျသွားရင်တော့ စိတ်ပျက်စရာကောင်းတယ်တဲ့ လမ်းတွေ အိမ်ဝိုင်းအတွင်းမှာ ရွံ့ နွန်တွေ ပြည့်ပြီး
လမ်းသွားလို့  မကောင်း ဖြစ်ပြီး အိမ်သာ
က ရေပြည် နေတာတွေ ရှိတော့ အဲ့ဒီအချိန် အိမ်ပေါ်က နေ အောက် ကို မဆင်းချင်ဘူး၊ ကျန်တဲ့အချိန်တွေကတော့ ပျော်စရာ ကောင်းပါတယ်လို့  ပြောပြတယ်။
ရေတက်ချိန် ရွာတဲ့က အိမ်မှာ လုံးဝ နေလို့  မရတော့ မှ ကျောင်းတော်ရာဘက်ကို သွားနေတယ်၊ နွား၊ဝက် တွေကိုတော့ ရေစတက်ကတည်းက ကျောင်းတော်ရာဘက် ကို ပို့ထားတယ်အစာကျွေးချိန် ရောက်မှ သွားကျွေးတယ်ရွာက အိမ်မှာ အိပ်လို့ ရသေးရင် အိမ်တယ် အိပ်လို့ မရတော့မှာ ကျောင်းတော်ရာ ဘက် မှာ မိသားစုလိုက်သွားနေတယ်၊ တစ်ခါတလေ ရေက ဆက်မတက်ပဲ ကျသွားတဲ့ နှစ်တွေ ရှိပါတယ် လို့  ဆက်၍ ပြောပြပါသေးတယ်။
FB_IMG_1506513445257.jpg
ကျွန်တော် အတွက် တော့ ဗဟုသုတ ပေါ့
နောက်တစ်နေ့ ည မှာ မြစ်ဘက်ကွင်းပြင်
ကြီးထွက် စားတော်ပဲ ကို မီးဖုတ် ၊ထန်းရည် သောက် ရွာက သူငယ်ချင်းရဲ့ဘော်ဒါ တွေ နှင့်ခင်ခွင့် ရခဲ့ပါတယ်။
အရမ်းပျော်ပါတယ် နောက် မရနိုင်တော့တဲ့ ပျော်စရာ ကောင်းတဲ့ကျောင်းသားဘဝအားလုံး ကျောင်းသား ဘဝ ကို ပျော်ရွှင်စွာ နဲ့ ဖြတ်သန်းခဲ့ကြမယ်လို့  ထင်ပါတယ်။ကျောင်းတော် မှာ ရည်းစား ရပြီးကျောင်းပြီး လို့ ရည်းစားနဲ့ ခွဲရတဲ့သူတွေ ဆိုရင် တော့ လွမ်းစရာ ပေါ့။
ကျောင်းပြန်တက်ချင်တယ်ဆိုရင်တော့ မရတော့ ဘူး ၊ ကျောင်းတက်တုန်း က အဖြစ်အပျက် လေးတွေ ကို ပြန်တွေးရင်း
အလွမ်းဖြေရတာပေါ့။
"လွမ်းစရာ"
လူဆိုတာ ကိုယ်ရဲ့ မွေးရပ်ဇာတိ မှာ
ပျော်ကြတာပဲလေ ၊ ဘယ်ကိုပဲ ရောက်ရောက် အချိန်တန်ရင် အိမ်ပြန်ချင်ကြတာပဲ ကျွန်တော်လဲ ကိုယ့်မွေးရပ် ကို အမြဲ သတိရတယ် ပြန်ချင်တယ် ။
ကျွန်တော့်ရဲ့ အဖိုး၊အဘွား ဆိုရင် အိမ်လည်လာတယ် ကျွန်တော်တို့  အိမ်မှာ ညအိပ်ပါ လို့ ပြောရင် ၊မအိပ်ချင်ပါဘူး ကိုယ့်အိမ်မှာပဲ အိပ်ချင်တယ်တဲ့၊ အဝေးရောက် သူတွေ အသက်ကြီးလာ ရင် ငယ်ငယ်က မွေးရပ် ဇာတိ ကို ပြန်ချင်ကြတယ်ဗျ။
ပြန်ချင်လဲ ပြန်ကြပါ။
Credit::Image from facebook
Author:: AungSannLwin

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center