ပုံပြင်လေးတစ်ပုဒ် ကျွန်တော် အရမ်းကြိုက်တဲ့ ပုံပြင်လေး တစ်ပုဒ်ပါ။ဒီ
ပုံပြင်လေးက များစွာ သင်ခန်းစာတွေ ပေးပါသည်။ထိုင်းနိုင်ငံသား တစ်ယောက်က ပြောပြထားတဲ့ ပုံပြင်လေး တစ်ပုဒ်ဖြစ်ပါတယ်။
သူကတော့ Video File လေးနဲ့ ပြောပြထားတာပါ။ကျွန်တော်ကတော့ စာသားအဖြစ် ရေးသားလိုက်ပါသည်။
ဒါဆို ခင်ဗျား ဘာသာပြန်ထားတာလား လို့  ထင်နေမယ် မဟုတ်ပါဘူး
၃ ဘာသာ နဲ့ တင်ထားတာပါ။
ပုံပြင်လေးရဲ့ နာမည် ကတော့
"The Buddha and The Beggar"
"ဗုဒ္ဓနှင့်ဆင်းရဲသားလေးတစ်ယောက်"
မိဘ မဲ့ ဆင်းရဲသားလေးတစ်ယောက်ဖြစ်ပါသည်။
ဆင်းရဲသားလေးက နေ့စဉ်တောင်းရမ်း ရှာဖွေလို့ ရတဲ့ ပစ္စည်း တွေနဲ့ အစားအသောက်တွေကို စုပြီး သိမ်းထားလေတယ်။
တစ်နေ့ တော့ သူသိမ်းထားတဲ့ အစားအစာ တွေ က လျော့လျော့လာတယ် ဘာကြောင့်လဲဆိုတာ စဉ်းစား လို့ မရ ဖြစ်နေလေရဲ့ နောက်တစ်နေ့ မှာ ကြွက်တစ်ကောင်က သူသိမ်းထားတဲ့ အစားအစာ တွေ ကို ခိုးခိုး စားနေတာ တွေ့ တယ်။ ကြွက်ကလေးကို မေးလိုက်တယ် မင်း ငါ့ရဲ့ အစားအစာ တွေ ကို ဘာလို့  ခိုးစား နေရတာလဲ ငါက ဆင်းရဲသား တစ်ယောက်ပါ၊ တခြား ချမ်းသာတဲ့ သူတွေ ဆီက မင်း ခိုးစားရင် ဘာပြဿနာ မှ ဖြစ်မှာ မဟုတ်ပါဘူး လို့  ပြော လိုက်သည်။ ကြွက်ကလေး ပြန်ပြောလိုက်သည်မှာ ဒါကတော့ မင်းရဲ့ ကကြမ္မာပဲ လေ တဲ့ မင်းဘယ်လောက်ပဲရှာစုစု ၊အရာဝတ္ထု (၈)ခုထက် ပိုစု လို့ မရဘူး လို့ ပြန်ပြောတယ်။ ဆင်းရဲသားလေးက အံသြသွားတယ် ဘာအတွက်ကြောင့် အရာဝတ္ထု ( ၈) ထက် ပိုစုလို့ မရ ရတာလဲ လို့  ဆက်မေးလိုက်တယ်။ ကြွက်ကလေးက ဒါတော့ ငါမသိဘူး
မင်းသိချင်ရင် ဗုဒ္ဓဘုရား ကို သွားမေးကြည့်လို့  ပြောလိုက်တယ်။
ဆင်းရဲသားလေးက ကြွက်ကလေးရဲ့ စကားကြားပြီး ဗုဒ္ဓဘုရား ဆီကို သွားဖို့  ဆုံးဖြတ်လိုက်တယ်။ မနက်စောစော အိပ်ယာထ ပြီး ဗုဒ္ဓဘုရား ဆီကို ခရီးစတင် ထွက်လေတယ်။ ခရီးထွက်လာ လိုက်တာ နေဝင် ၍ မှောင်စပြုနေပြီ တစ်ညတာ နားခို ဖို့  အနီးအနား မှာရှိတဲ့ အိမ်တစ်အိမ် ဝင်ပြီး တစ်ညတာ တည်းခိုခွင့် တောင်းတယ်။ အိမ်ရှင်က ဘာကြောင့် ခရီးထွက်လာ တာလဲ လို့ မေးတော့ ဆင်းရဲသားလေး က ဗုဒ္ဓ ဘုရား ဆီမှာ သိချင်တာလေး သွားမေးဖို့  ထွက်လာတာ ဖြစ်ကြောင်းပြောပြလိုက်တယ်။
အိမ်ရှင်က တစ်ညတာ တည်းခို ခွင့် ပြုလိုက်တယ်။ အိမ်ရှင်က သူတို့မှာ စကားမပြောနိုင်တဲ့ (၁၆) နှစ် သမီးလေး တစ်ဦးရှိကြောင်း ပြောပြပြီး ၊ဗုဒ္ဓဘုရားဆီ ရောက်ရင် စကားပြောလာအောင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာ မေးခဲ့ပေးပါ ဟု ပြောတော့ ဆင်းရဲသားလေးက မေးခဲ့ပေးပါမည်ဟု ကတိပေး ပြောလိုက်လေသည်။
မနက်လဲ ရောက်တော့ ဆင်းရဲသားလေး ခရီးဆက် လေတယ်။ သူ့ရဲ့ ခရီးကတော့ တောင်ကုန်းတောင်တန်း တွေကိုဖြတ်ကျော်ရမယ့် လမ်းခရီးဖြစ်နေသည်။
တောင်တစ်တောင် ကို ရောက်တော့ မှော်ဆရာ တစ်ယောက်နဲ့ တွေ့တယ်။
မှော်ဆရာ က သူ့ ရဲ့ မှော်တုတ်ချောင်းကိုသုံးပြီး ဆင်းရဲသား လေးကို တောင်တွေနဲ့ ဝေးရာ အရပ်ကို
ခေါ်ဆောင်သွားပေးတယ်။တောင်တွေရှင်းသွားတော့မှ ဆင်းရဲသားလေး ခရီးဆက်မယ့် လမ်းပေါ်ကိုချပေးတယ်။ မှော်ဆရာ က ဆင်းရဲသားလေး ကို ဘယ်ကို ခရီးဆက်မလဲ လို့ မေးလိုက်တယ်။ဆင်းရဲသားလေး ဗုဒ္ဓဘုရား ကို မေးစရာလေး ရှိလို့  ဗုဒ္ဓဘုရားနဲ့ တွေ့ ဖို့ သွားနေတာဖြစ်ကြောင်း ပြောပြတယ်။
ဒီလိုဆို သူ့အတွက်ပါ မေးခဲ့ပေးဖို့  တောင်းဆိုတယ်။ သူ့ က မှော်ဆရာ ဘဝနဲ့ နှစ်တစ်ထောင် ရှိနေပြီ သူ့ရဲ့ ကျင့်စဉ်အရ ၊ သင်ယူမှု အရ ဆိုရင် နတ်ပြည် ရောက်သင့်နေပြီ ဒါပေမယ့် အခုထိ မရောက်သေးဘူး ဘာကြောင့်လဲ ဆိုတာ မေးခဲ့ပေးဖို့  ပြောတော့ ဆင်းရဲသားလေးက ရတာပေါ့ မေးခဲ့ပေးပါမယ် လို့  ပြောလိုက်တယ်။
ဒီလိုနဲ့ ခရီးဆက် လာလိုက်တာ သူ ဘယ်လိုမှ ကျော်လို့မရတော့တဲ့ မြစ်ပြင်ကြီး ကို တွေ့ တယ်။ မြစ်ကို ဘယ်လို ဖြတ်ကူးရမလဲ ဆိုတာ စဉ်းစားရင်း လိပ်ကြီးနဲ့ သွားတွေ့တယ်။
လိပ်ကြီးကို ဟိုဘက်ကမ်း ကို ပို့ ပေးဖို့ အကူအညီ တောင်းလိုက်တယ်။
လိပ်ကျောပေါ် ထက်ပြီး မြစ်ပြင်ကို ဖြတ်ကူးနေရင်း၊ လိပ်ကြီးက ဘယ်ကို သွားမလဲ လို့  မေးလိုက်တယ်။ ဆင်းရဲသားလေးက ဗုဒ္ဓ ဘုရားဆီမှာ သူသိချင်တာလေး မေးမလို့  ခရီးထွက်လာတာ လို့  ဖြေလိုက်တယ်။
လိပ်ကြီးကလဲ ဒါဆို သူ့အတွက်ပါ မေးခဲ့ပါလား ဆိုတော့ ၊ ဆင်းရဲသားလေးက လဲ ရတာပေါ့ လို့  ဖြေလိုက်တယ်။ လိပ်ကြီး က နဂါးဖြစ်ဖို့  ကျင့်နေတာ နှစ် (၅၀၀) ရှိနေပြီ အခုထိ နဂါး မဖြစ်သေးဘူး ၊ငါ့ရဲ့ ကျင့်စဉ်နဲ့ ဆိုရင် နဂါးဖြစ်သင့်နေပြီ၊ ဘာကြောင့် မဖြစ်သေးတာတာလဲဆိုတာ သိချင်တယ် ဗုဒ္ဓဘုရားကို မေးခဲ့ပေးပါလို့  ပြောလိုက်တယ်။
ဒီလိုနဲ့ ခရီးဆက်လာရင်း ဗုဒ္ဓ ဆီကို ရောက်တယ် ။ ဗုဒ္ဓဘုရားက လူတစ်ဦး လျှင် မေးခွန်း သုံးခွန်း သာမေးခွင့်ပြုတယ်။
ဆင်းရဲသားလေး မှာ ဗုဒ္ဓဘုရားကို မေးခွန်းမေးဖို့  စကားမပြောတတ်တဲ့ (၁၆) နှစ် သမီးလေး၊ နတ်ပြည်ရောက်ဖို့ ကျင့်နေတာ နှစ်တစ်ထောင်ရှိပြီဖြစ်တဲ့ မှော်ဆရာ၊နဂါးဖြစ်ဖို့  နှစ်(၅၀၀) ရှိပြီဖြစ်တဲ့ လိပ်ကြီး၊သူ့ အတွက်ပါမေးမယ်ဆိုရင် မေးခွန်းက အားလုံး လေးကြိမ်မေးရမယ်။ဒါပေမယ့် သုံးခွန်းသာ မေးခွင့်ရမှာမို့  ဆင်းရဲသားလေး စဉ်းစားရလေပြီ၊ ဗုဒ္ဓဘုရားဆီကို သူသိချင်တဲ့မေးခွန်းမေးဖို့ အဝေးကြီးကနေ လာခဲ့တာ ၊ သုံးခွန်းသာ မေးခွင့်ရမှာ သူ့ အတွက် မမေးတော့ပဲ
စကားမပြောတတ်တဲ့ (၁၆ )နှစ်သမီး၊နဂါးဖြစ်ဖို့ နှစ်(၅၀၀) ထိ ကျင့်ကြံနေတဲ့လိပ်ကြီး၊ နတ်ပြည် ရောက်ချင်လို့  နှစ်တစ်ထောင် ကျင့်နေတဲ့ မှော်ဆရာ သူတို့အတွက် ပဲမေးတော့မယ်လို့  ဆုံးဖြတ်လိုက်တယ်။
သူကတော့ အရင်နေရာမှာ ပဲပြ န် တောင်းစားတော့မယ်လို့ ဆုံးဖြတ်ထားလေတယ်။
၁။ပထမဆုံး စကားမပြောတတ်တဲ့ (၁၆) နှစ်ရှိပြီဖြစ်တဲ့ ကောင်းမလေး ၊ ဘယ်အချိန် စကားပြောနိုင်မှာလဲ ဘုရားလို့  မေးလိုက်တယ်။
ဗုဒ္ဓဘုရားက သူ့ရဲဖူးစာ ဖက်နဲ့တွေ့ ရင် စကားပြောပါလိမ့်မယ်လို့ ဖြေလိုက်တယ်။
၂။နတ်ပြည်ရောက်ဖို့ ကျင့်ကြံနေတာ နှစ်တစ်ထောင်ရှိပြီဖြစ်တဲ့ မှော်ဆရာကရော ဘာကြောင့် နတ်ပြည်မရောက်သေးတာလဲဘုရား လို့ မေးလိုက်တယ်။
ဗုဒ္ဓဘုရားက မှော်ဆရာ က မှော်တံလေးကို ဘယ်တော့မှ အောက်မချဘူး၊ ကျောက်ချထားသလိုဖြစ်နေတယ်။မှော်တံလေးကို စွန့်လွှတ်လိုက်ပါ။ဒါဆို နတ်ပြည် ရောက်ပါလိမ့်မယ်လို့ ဖြေတယ်။
၃။သက်တမ်း နှစ်(၅၀၀) ရှိပြီး၊နဂါးဖြစ်ချင်နေတဲ့ လိပ်ကြီးအကြောင်း ကို လျှောက်တင်လိုက်တယ်။
ဗုဒ္ဓဘုရားက လိပ်ကြီးဟာ သူ့ရဲ့ အခွံကိုမခွါချင်ဘူး ဖြစ်နေတယ် ၊အခွံကိုမခွါသ၍ နဂါးမဖြစ်နိုင်ဘူး လို့ ဖြေလိုက်ပါတယ်။ဆင်းရဲသားလေး ဗုဒ္ဓဘုရား ကို ရှိခိုးဦးချပြီး ပြန်လာခဲ့တော့တယ်။
ဆင်းရဲသားလေးက ဗုဒ္ဓဘုရားဆီက မေးခွန်း သုံးခွန်း မေးပြီးတော့ သူ ပြန်လာခဲ့ပြီ ပထမဆုံး တွေ့ တာက လိပ်ကြီး ၊ဆင်းရဲသားလေးက လိပ်ကြီးကို နဂါးဖြစ်ဖို့  အခွံကနေ ခွါထွက်မှသာ နဂါးဖြစ်နိုင်မယ် ဗုဒ္ဓဘုရား က လိပ်ကြီးရဲ့ မေးခွန်းကို ဖြေလိုက်တယ်လို့  ပြောတော့၊လိပ်ကြီးကလဲ အခွံကနေ ခွါလိုက်တယ် လိပ်ကြီး ၊နဂါးဖြစ်သွားတယ်။
လိပ်ကြီးရဲ့ အခွံထဲမှာ ဟို ပင်လယ်အောက်ကြမ်းပြင်မှာသာ တွေ့ နိုင်တဲ့ ပုလဲ တွေ အများကိုတွေ့တယ်။ လိပ်ကြီးက ငါလဲ နဂါးဖြစ်ပြီ ၊ ဒါတွေ မလိုတော့ဘူး မင်းယူသွားလို့  ဆင်းရဲသားလေးကို ပေးလိုက်တယ်။
ဆင်းရဲသားလေးလဲ ပုလဲတွေ ယူပြီး အပြန်ခရီးဆက်ခဲ့တယ်။
တောင်တန်း တွေပေါ်ရောက်တော့ မှော်ဆရာနဲ့ တွေ့ တယ်။ ဆင်းရဲသားလေး က နတ်ပြည်ရောက်ဖို့  မှော်တံလေး ကို စွန့်လွတ် ရမယ်လို့  ဗုဒ္ဓဘုရားက ဖြေလိုက်ပါတယ် ဆိုတဲ့အကြောင်း မှော်ဆရာကို ပြောပြတော့၊ မှော်ဆရာလဲ မှော်တံလေးကို ဆင်းရဲသား အတွက်ပေးလိုက်တယ်၊သူလဲ နတ်ပြည်ရောက်သွားတယ်။
ဆင်းရဲသားလေး ဟာ လိပ်ဆီက ရလာတဲ့အဖိုးတန် ပုလဲတွေနှင့် မှော်တံလေးပါ ရခဲ့တယ်။
ဒီလိုနဲ့ အပြန်ခရီးဆက်ခဲ့ပါတယ်။
စကားမပြောတတ်တဲ့ ကောင်မလေး နေတဲ့ အိမ်ကို ရောက်တယ် ။ ဆင်းရဲသားလေး အိမ်ထဲရောက်ရောက် ခြင်း၊ အိမ်အပေါ်ထပ်ကနေ ကောင်မလေးက အရင်တစ်ပတ်က လာတဲ့ တစ်ယောက်လား ဆိုပြီး စကားစပြောပါတယ်။ သူ တို့နှစ်ယောက် ဖူးစာရှင်တွေ ဖြစ်သွားပြီး၊အချစ်စစ်တွေ ဖြစ်ခဲ့ပါတယ်။
ပုံပြင်လေးက ဒီလောက်ပါပဲကွယ်။
ပုံပြင်လေးက ပေးသွားတဲ့ သင်ခန်းစာတွေက အများကြီးပါ။
ကိုယ်က ခြင်္သေ့ ဖြစ်ချင်ရင် ၊အခုလုံခြုံပြီးသားနေရာ ကနေ ခွါရပါမယ်။
ဆိုလိုချင်တာက ခြင်္သေ့ ဖြစ်နိုင်တဲ့ နေရာရပ်ဝန်းကို ပြောင်းရွေ့နေထိုင်မှသာ ခြင်္သေ့ဖြစ်နိုင်မယ်လို့ ဆိုလိုတာပါ။
တစ်ယောက်တည်းနေတဲ့အခါ ဟိုဟို ဒီဒီလျှောက်တွေးရင်း၊ ကိုယ်ကြုံတွေနေရတဲ့ ပြဿနာ က ကြီးမားတယ်၊တော်တော်ကံဆိုးနေတယ်လို့  ထင်နေတတ်ကြပါတယ်။ အခြားသူတွေရဲ့ အဆင်မပြေမှုတွေ၊ကိုယ့်လောက် အခွင့်အရေးမရတဲ့ သူတွေရဲ့ဘဝကို ကြည့်မယ်ဆိုရင် သေးသေးလေးဖြစ်သွားမှာပါ။ ကျွန်တော်တို့ လူမျိုးတွေက သူ့တစ်ပါးကို ရှေ့တန်းတင်ကြည့်တတ်တဲ့ လူမျိုးတွေပါ။ ကျွန်တော်တို့ ဟာ ကိုယ်ရဖို့ အတွက် ပေးဆပ်ခြင်းနဲ့ စရမယ် လို့ ပုံပြင်ထဲမှာ ပါ ပါတယ်။ သူ့တစ်ပါးအတွက်ပေးဆပ်နေတဲ့သူတွေကို လောက ကြီး က ပစ်မထားပါဘူး၊တူသောအကျိုးပြန်ပေးမှာပါ။
ဒီလိုဆိုရင် ကမ္ဘာကြီးက အေးချမ်းနေမှာပါ။
Credit:: google image
Author::AungSannLwin