ဇာတ်​လမ်းအကျဉ်း

အားပါးတရ သမ်း​ဝေ​နေခိုက်
ပါးစပ်​ထဲ လက်​ညှ်ိုးထိုးခံလိုက်​ရသလို
လောကဓံရဲ့ ကျီစယ်​မှုဟာ
ငါ့ဘဝကိာ အရသာပျက်​​စေတယ်​။
ထောင်​မကျဖူးဘူး
ပင်​လယ်​ခရီးမထွက်​ဖူးဘူး
တံခါးချပ်​​တွေကို​တော့
ကိုယ်​လုံးနဲ့တိုက်​ဖွင့်
သဲလွန်​စဆိုတာ ရှာခဲ့ဖူးတယ်
ကိုယ့်​အ​​ကြောင်းကိုယ်​ပဲ
သီချင်းလုပ်​ဆိုကြတဲ့ အရပ်​မှာ​ပေါ့
အမှန်​တရားကို ချစ်​ခဲ့မိလို့
လွမ်းရမယ်​ဆိုလည်း
မီးခိုးထွက်​​အောင်​ လွမ်းပစ်​လိုက်​မယ်
သွေးသား​တောင်းတမှုအတွက်​​တော့
ပန်းသီးကိုနမ်းရုံပဲနမ်းခဲ့တယ်
ရင်​ထဲ​ရေခဲလို့ တစ်​စက်​စက်​​ပျော်​ကျ​နေ​သော
နောင်​တတရားများနဲ့
ငါ့အတ္ထုပ္ပတ္တိရုပ်​ရှင်​ဟာ
ဝင်​​ငွေမ​ကောင်းခဲ့ဘူး.....

Myanmar_burma_flag_waving_animation.gif

@ahtaroo
MSC- 004

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center