ညကကမ္ဘာတစ်ခြမ်းဖြိုချပြီး
ငါ့ဘဝကိုအသက်ဆက်ဖို့ကြိုးစားခဲ့တယ်
အမှောင်ထုထဲမှာတိတ်ဆိတ်ခြင်းကမင်းမူ
ရင်ကွဲကောင်လိုအော်လည်းရင်ခေါင်းထဲကအသံ
ထွက်မလာဘူးသူ့ဌာနေမှာသူနေပျော်သလိုမျိုး
"ဟူးးသက်ပြင်းချသံလေးညနက်နက်ထဲ
ပြေးဝင်သွားတယ်ကမ္ဘာမြေပေါ်မှာ
နေစရာရှားသူမို့မှိတ်တုတ်မှိတ်တုတ်နှင့်
ဟိုအဝေးကကြယ်လေးရေ
မင်းတို့နှင့်အတူနေချင်တယ်
မင်းတို့နှင့်အတူကြွေချင်တယ်
ညလိုသူ့အရောင်ကိုသူသဘောကျသလိုမျိုး
မင်းတို့ဘဝကောနေပျော်ကြလား
ကြယ်ကလေးတွေမေးနေတယ်လေ
ဖြေပေးကြပါအုံးညတိုင်းညတိုင်း
ပျော်နေကြလားကြယ်လေးတွေ
ကိုယ်လည်းလိုက်ပျော်ချင်ပါတယ်
ဒါပေမယ့်.ဒါပေမယ့်....
ပျော်ခွင့်ရပါမလား......
@ahtaroo
MSC- 004