မကြေစေချင်တဲ့ဝဋ်ကြွေးကမင်း
အမြဲတုတ်ကျရတဲ့အနာလေးကမင်း
ကိုယ့်ဘဝမီးတောက်လေးကမင်း
စိတ်ချမ်းသာစေချင်တာကမင်း
မင်းဆီကတခုတည်းသော
အမျှော်လင့်ဆုံးအချက်ကပျော်ရွှင်မှု
ကိုယ်လိုလူမရှိမှသာယာမဲ့
မင်းဘဝအတွက်ရင်နာနာနဲ့
မင်းနာမည်အစဆုံးကို
ကိုယ်၊စိတ်၊နှလုံးသုံးပါးစလုံးနဲ့
ကျောခိုင်းလှည့်ထွက်ခဲ့ရတာဟာ
ကိုယ့်အတွက်တော့ရှင်ခန်းပြတ်ငရဲပါ
ရှင်ခန်းပြတ်ငရဲမှာ
ကိုယ်သာငရဲသားဖြစ်ပြီး
မင်းကတော့ပေါ့ပါးလွတ်လပ်စွာ
ပျော်ရွှင်နေသောဘဝအဖြစ်နဲ့
ရပ်တန့်ကျန်ရစ်ခဲ့ပေးပါတော့
ချစ်လှစွာသောAngleလေးရေ....
@ahtaroo
MSC- 004