ကလေးဆန်ဆန်လေပြေလေညှင်းလေးတွေ
တသုန်သုန်ဆော့ကစားနေတဲ့
ကိုယ်တစ်ကိုယ်စာအခန်းကျဉ်းလေးထဲက
သနပ်ခါးကျောက်ပျဉ်ပေါ်ထိုးကျလာတဲ့လရောင်ကို
တရှိုက်မက်မက်ပါးပြင်အပ်နမ်းရှိုက်ကြည့်မိတော့
သူမရဲ့ကဗျာဆန်ဆန်ကိုယ်သင်းရနံ့လေးတွေသာ
သူမရဲ့ကဗျာဆန်ဆန်ရယ်သံလွလွလေးတွေသာ
သူမရဲ့ကဗျာဆန်ဆန်အမူအရာဖွဖွလေးတွေသာ
ဆေးစက်ကျသလို ထွက်ကျလာခဲ့ပေါ့......
မင်းဟာဘယ်လိုအလှမျိုးလဲကွယ်
မင်းဟာဘယ်လိုရနံ့မျိုးလဲကွယ်
ကိုယ့်တစ်ကိုယ်စာအခန်းကျဉ်းလေးထဲက
ကိုယ့်တစ်ကိုယ်စာစိတ်အပေါ်ကိုမှ
လရောင်နဲ့အတူပြိုကျခဲ့သူ
ကိုယ့်ဘဝရဲ့ဆေးရောင်ခြယ်ပန်းကလေး
မင်းဟာဘယ်လိုကဗျာမျိုးလဲကွယ်
မင်းဟာဘယ်လိုအလှမျိုးလဲကွယ်.......
@ahtaroo
MSC- 004