သစ်ခွလေးရဲ့ ချစ်သစ္စာ အပိုင်း (9)

သစ်ခွလေးရဲ့ ချစ်သစ္စာ

                   အပိုင်း (9)

ယီလန်း ချင်မြို့တော် ထိ ကောင်းမွန်စွာ ရောက်ခဲ့ပါပြီ
သူမ အရင်ဆုံး တည်းခိုခန်း ရှာကာ အနားယူရမည်။
ထို့ကြောင့် အနီးတွင် ရှိသော တည်းခိုခန်းသို့
ဝင်သွားလ်ုက်သည်။
တည်းခိုခန်း ဝန်ထမ်းက ထွက်လာပြီး
"ကြွပါ သခင်လေး ကြွပါ"
ယီလန်း ခေါင်းငြိတ်ပြလိုက်သည်။
"သခင်လေးက ချင်မြို့တော်က မဟုတ်ဘူးထင်တယ်"
"ဟုတ်တယ် ကျုပ်က တောင်ပိုင်း ချွမ်ခရိုင်ကနေ လာတာ"
"ဖြစ်မှာပါ ဒါကြောင့် သခင်လေးကို ဒီမှာ မမြင်ဖူးတာ
ဒါနဲ့ စကား မစပ် သခင်လေးက တော်တော် ချောတယ်"

ယီလန်း ရယ်ကာ
"ကောင်းပြီ အခန်း ရှိသေးတယ်မလား"
"ဟာ ရှိတာပေါ့ ဘယ်လို အခန်းမျိုး လိုချင်တာလဲ"
"အပေါ်ဆုံးထပ် ရဲ့ အသန့်ရှင်းဆုံးနဲ့ အကျယ်ဆုံး
အခန်းကို လိုချင်တယ်"
"ဟို အဲ့ဒါက "
ယီလန်း သူ့ကို ပြန်ကြည့်ပြီး
"ဘာဖြစ်လို့"
"အဲ့ဒါက တစ်ပတ်ဆို အခကြေးငွေက ရွှေတုံး
တစ်တုံးတောင် ကျသင့်တာ သခင်လေး"
ယီလန်း ပြုံးပြီး
"စိတ်မပူပါနဲ့ ကျသင့်သလောက် ပေးနိုင်တယ်
အခု အခန်းကိုဘဲ ပို့ပေး အခန်းက ကျုပ်စိတ်တိုင်းကျ
ဖြစ်ဖို့တော့ လိုမယ်နော်"
"ဟာ စိတ်တိုင်းကျစေရပါမယ်ဗျာ ကြွပါ သခင်လေး"
ယီလန်း ထိုကောင်လေးနောက်သို့ လိုက်သွားသည်။
ကောင်လေးက အခန်းတစ်ခန်းရှေ့ အရောက်
"ဒီအခန်းပါ သခင်လေး သခင်လေး
စိတ်တိုင်းကျ မယ်လို့ ယုံကြည်ပါတယ်"
"ကောင်းပြီ ကျုပ် ညစာ သုံးဆောင်ဖို့ အတွက်
အစားသောက် လာပို့ပေးပါ သန့်ရှင်းလတ်ဆတ်ဖို့
လိုတယ်နော်"
"ဟုတ်ကဲ့ သခင်လေး စိတ်တိုင်းကျ ဖြစ်စေရပါမယ်"

ယီလန်း အခန်းကို လေ့လာကြည့်လိုက်သည်။
"မဆိုးပါဘူး "
သူမ တည်းခိုခန်း အပေါ်ထပ်ကနေ ပတ်ဝန်းကျင်
ကို လေ့လာနေမိသည်။
သူမ ချင်မြို့တော်နှင့် နေသားကျဖို့ လိုအပ်မည်။
သူမ မြောက်ဖက်ဆောင်မှ ကြားရသော ဆူညံသံ
ဆောင်ကြာမြိုင်ဆိုတာ မေးစရာပင် မလိုအပ်ပေ

ထိုစဉ် သူမအတွက် ခုနက ဆိုင်ဝန်ထမ်း အစားသောက်
လာပို့သည်။
"သခင်လေး သုံးဆောင်လို့ရပါပြီ "
"ကောင်လေး ဒီမှာ ဆောင်ကြာမြိုင်လည်း ဖွင့်ထားတာလား"
"ဟုတ်ပါတယ် ဒီနေရာကို ချင်နန်းတွင်းက လူတွေ
အများဆုံး လာပါတယ် မင်းသားတောင် လာတယ်လို့
တစ်ချို့သူတွေက ဆိုကြတယ်"
"မင်းသား ဟုတ်လား "
လူငယ်က ပြုံးကာ
"မသေချာပါဘူး သခင်လေးက ဆောင်ကြာမြိုင်ကို
စိတ်ဝင်စားလို့လား သခင်လေးသာ သွားရင်
အပျော်မယ်တွေ သခင်လေးနားဘဲ ကပ်လာမှာ
သေချာဘဲ"
"ဘာလို့ မင်းက အဲ့လို ပြောရတာလဲ"
"သခင်လေးက အရမ်းချောလို့ပေါ့ ယောကျာ်းချင်းတောင်
ငေးကြည့်ရတဲ့ အထိ ချောတာ"
ယီလန်း ပြုံးပြီး
"မင်းက စကားအရာ ကျွမ်းကျင်သားဘဲ ငါ့ကို တစ်ခု
ကူညီမလား"
"ဘာများလဲ သခင်လေး ကူညီနိုင်ရင် ကူညီပါ့မယ်"
"ငါ့ကို ချင်မြို့တော်နဲ့ ချင်နန်းတွင်း အကြောင်း
မင်းသိသလောက်ပြောပြ အခကြေးငွေ ပေးမှာပါ"
"သခင်လေးက ဘာလို့ သိချင်ရတာလဲ"
"ငါက တောင်ပိုင်းကလာတော့ ချင် မြို့တော် အကြောင်း
ဘာမှ မသိဘူးလေ "
"ဟုတ်သားဘဲ သခင်လေးက ချွမ် ခရိုင်ကဘဲ
သခင်လေး ညစာထမင်း အရင် သုံးဆောင်လိုက်ပါ
ကျွန်တော် အားရင် သခင်လေးဆီ လာပြီး ပြောပြပါ့မယ်
အခုတော့ အလုပ်ရှိသေးလို့ ခွင့်ပြု ပါဦး"
"ကောင်းပြီ"
ယီလန်း ညစာ အရင်သုံးဆောင်လိုက်သည်။

"မင်း ဒီကို ဘာလာလုပ်တာလဲ ငါ့ခွင့်ပြုချက်
မရဘဲ ငါ့အိမ်ထဲ ဝင်ခွင့် မရှိဘူးဆိုတာ
မင်းနားမလည်ဘူးလား "
"ဟိုလေ အဲ့ဒါက ယွိအော်က ခုမှ ဒီကို ရောက်လာတာ
ဆိုတော့ မသိလို့ပါ ခွင့်လွှတ်ပါ
ယွိအော် ပြန်လိုက်ပါဦးမယ်"
ယွိအော် ပြန်ဖို့ အလှည့်
"ခဏ "
သူမ ခြေလှမ်းများ ရပ်ကာ လူကြီးမင်းဆိုသော
ကွမ်းယွိ ကို လှည့်ကြည့်လိုက်သည်။
"ငါမေးတာ မင်း မဖြေရသေးဘူး "
"ဟိုလေ အဲ့ဒါက "
"မင်းက လူရဲ့ တော်ဝင်မျိုးရိုးကလား"
"ရှင် လူကြီးမင်းက ဘယ်သူလဲ"
"ငါမေးတာကို ဖြေပါ အမှန်တိုင်း မဖြေရင် မင်းဒီအိမ်ကနေ
အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး"
"အဟက် လူကြီးမင်းက ယွိအော်ကို ခြိမ်းခြောက်တာလား"
ကွမ်းယွိ မဲ့လိုက်ကာ
"ငါက ပြောရင် ပြောတဲ့ အတိုင်းလုပ်တယ်ဆိုတာ
မင်း မသ်သေးဘူးထင်တယ်"
"ကျွန်မ စိတ်မဝင်စားဘူး ဒီက်ု ရောက်လာတာ
လူတစ်ယောက်ကို ရှာချင်လို့ ကျန်တာ ဘာမှ
ကျွန်မ မသိချင်ဘူး စိတ်လည်း မဝင်စားဘူး"

"အဟက် လုတိုင်းပြည်က မိန်းကလေးတွေက
သူတို့ သခင်မ အတိုင်းပါလား ခေါင်းမာတာက
တစ်ပုံစံတည်းဘဲ "
"ဘာ ဒီမှာ လူကြီးမင်း လူကြီးမင်း ကျွန်မတို့ရဲ့
သခင်မကို ဝေဖန် ပိုင်ခွင့်မရှိဘူး ဆိုတာ သိထားပါ
နောက်ထပ် ပြောလာလို့ ကတော့ ကျွန်မ အဆိုး
မဆိုနဲ့ "
"စွာ တာကလည်း သူ့အတိုင်းဘဲ "
"ဘာပြောတယ်"

ယွိအော် သူများ နယ်မြေမှာ ရန်မဖြစ်ချင်သောကြောင်
သည်းခံကာ လှည့်ပြန်လာပေမဲ့
သူမကို သွေးကြောပိတ်ဖို့ ရောက်လာတဲ့ လက်
လျင်မြန်လွန်းပေမဲ့ ယွိအော် သတိကြီးစွာ
ထိုလက်ကို ရှောင်လိုက်သည်။
"ဒီမှာ လူကြီးမင်း ကျွန်မ ရှင်နဲ့ ပြသနာ မဖြစ်ချင်ဘူး
ကျွန်မကို ခွင့်ပြုပါဦး"
ယွိအော် ထိုအိမ်ထဲမှ လှည့်ထွက်လာခဲ့သည်။

ကွမ်းယွိ အိမ်ထဲတွင် ကျန်ခဲ့ကာ သူစဉ်းစား
နေမိသည်။
"မင်းက ဘယ်သူလဲ မင်းဘာလို့ သူနဲ့
ဒီလောက် တူနေရတာလဲ မင်းက လူရဲ့
တော်ဝင်မျိုးရိုးဆိုတာ သေချာတယ် မဟုတ်ရင်
မင်းဒီလောက် တော်နေစရာ အကြောင်း မရှိဘူး"

ယွိအော် ရွာထဲ မဝင်တော့ဘဲ အိမ်ထဲမှာဘဲ ပြန်လိုက်သည်။
အိမ်ထဲလူ မတွေ့သောကြောင့် စပ်စုတတ်သည့်
သူမ ဝါသနာ အရ အိမ်ထဲ လှည့်ပတ်ကြည့်ရန်
ဆုံးဖြတ်လိုက်သည်။
သူမ အိမ်နောက်သို့ ထွက်သော အခါ သာယာလှသော
ရေကန်လေးတစ်ခု ကြာအပေါင်းနဲ့ ပြည့်စုံကာ
မွှေးရနံ့ ထုံအီလျက်
"ဝါး ဒီလောက် လှတဲ့ နေရာ ငါအခုမှ သိတာ နာတယ်"
သူမ ခဏ ကန်ဘေးတွင် ထိုင် ပြီး အိမ်ထဲ ဝင်လာကာ
အခနိးလှည့် ပတ်ကြည့်မိသည်။
ဆေးသိုလှောင်ခန်း
"ဆေးတွေ အများကြီးပါလား နတ်ဆေးဆရာလို့တောင်
ထင်စရာဘဲ"
သူမ ပြန်ထွက်လာပြီး တစ်နေရာ အရောက်
သူမ နင်းထားသော ပျဉ်ပြားက သာမာန် ကြမ်းပြင်နဲ့
မတူ သူမ သိလိုက်ပြီ မြေအောက်ခန်း ရှိတယ်ဆိုတာ
ဒါပေမဲ့ ဘယ်လို ဝင်ရမလဲ သူအ မသိ
ရှာနေမိသည်။ သိချင်စိတ်က ထိန်းလို့မရ
ထိုနေရာတွင် လှည့်ပတ်ရှာသော်လည်း နံရံ မီးအိမ်
များမှ လွဲ၍ ဘာမှ မတွေ့
သူမ စဉ်းစားနေမိသည်။
"ဟာ ယွိအော် နင်တော်တော် တုံးတာဘဲ "
သူမ မီးအိမ် ခွက်ကို လှည့်ဖို့ အလုပ်
"မမ ဒီမှာ ဘာလုပ်နေတာလဲ"
ယွိအော် နောက်လှည့်ကြည့်ကာ
"ဟင် မိန်မိန် မမ ဘာမှ မလုပ်ပါဘူး ပျင်းလို့
အိမ်လိုက်ပတ်ကြည့်တာ"
"AWW ဖေဖေ က မမကိုရှာနေတာ "
"ဟုတ်လား ဒါဆိုလည်း သွားစို့လေ"
ယွိအော် အမြန်ထွက်လာလိုက်သည်။
သူမ စိတ်ထဲတွင်
"ဟူး တော်သေးတာပေါ့ မရိပ်မိလို့ ဘာဖြစ်ဖြစ်
နောက်တစ်ခါ တော့ လာဦးမှဘဲ"
မိန်မိန်ကလည်း
"ငါအရောက်မြန်လို့သာပေါ့ မဟုတ်ရင် မြေအောက်ခန်းသာ
သူ သိသွားရင် ပြသနာ တက်တော့မှာဘဲ
သတိထားဖို့တော့ လိုပြီ"

ယွိအော် အိမ်ရှေ့ ထွက်လာသော် အားပေါင်ဆိုသော
သမားတော်နှင့် ကွမ်းယွိ ဆိုသော လုကြီးမင်း
အားပေါင်က ပြုံးပြသောကြောင့် သူမ ကလည်းဟ
ပြုံးပြလိုက်သည်။
"မိန်းကလေး မင်းကို လူကြီးမင်းက
စကားပြောချင်လို့တဲ့"
"ဟုတ်"
ယွိအော် စကားမပြောချင်ပေမဲ့ လည်း သမားတော်
က ပြောစေချင်သောကြောင့် သူမ ဝင်ထိုင်လိုက်သည်။
"ကဲ လူကြီးမင်းနဲ့ စကားပြောနင့် ဦးလေး ဆေးသွား
ဖော်လိုက်ဦးမယ်"
"ဟုတ်ကဲ့ ဦးလေး"

သမားတော် ထွက်သွားသည်နှင့် ကွမ်းယွိ သူမအား
"မင်းနာမည်က"
"ယွိအော်"
သူမကလည်း ခတ်ချေချေ ဘဲ
"မျိုးရိုး နာမည်"
"မရှိဘူး "
"ဘာ မရှိစရာ အကြောင်းကို မရှိတာ ပြောမျိုးရိုးနာမည်"
"ဒီမှာ ကျွန်မ မျိုးရိုးနာမည်ကို ကျွန်မ မသိတာ
ကျွန်မ အပြစ်မဟုတ်ဘူး
ကျွန်မ ငယ်ငယ်ထဲက အဖေ အမေ မရှိဘူး
စစ်ပွဲ ဘဲ ကျွန်မ ဘဝမှာ ရှိတယ် မေတ္တာ တရားက
ဘာလဲ ကျွန်မ မသိဘူး ဒါကြောင့် နောက်ထပ်
မျိုးရိုး နာမည် အကြောင်း လာမမေးပါနဲ့
ဒဏ်ရာကို မဆွ ချင်တော့ဘူး သိလည်း မသိချင်တော့ဘူး"
ယွိအော် မျက်ဝန်းမှ မျက်ရည်စများကို ပုတ်ခတ်ရင်း
ထိုနေရာမှ ထွက်လာသည်။
ကွမ်းယွိ တစ်ယောက်ထဲ ဆိုမိသည့် စကား
"မင်း ဒဏ်ရာက တော်တော် နက်မယ် ထင်တယ်"

ယီလန်း တည်းခိုဆောင်တွင် အိပ်နေသည်။
ထိုစဉ် သူမ အခန်းသို့ အခန်းမှားပြီး ဝင်လာသော
လူတစ်ယောက် သေရည်နံ့များ ဟောင်ထွက်နေသည်။
သူမ အိပ်ယာဆီသို့ လှမ်းလာစဉ် အိပ်ယာ
ဇာပဝါပါးကို ဖွင့်လိုက်စဉ် သူမကလည်း သတိကြီးသူ
ပီပီ အနားက ဆောင်ဓားကို ထုတ်ပြီး ထိုလူ
လည်ပင်းဆီသို့ သူမ ဒေါသထွက်နေမိသည်။
ထိုလူကတော့ မူးနေ၍ ဘာမှ ပင်မသိ
သူမ ထိုလူကို သေချာကြည့်ရာ
"ဟင် "
အံ့သြမှု များစွာဖြင့်

ဤဇာတ်လမ်းသည် စိတ်ကူးယဉ် ဖန်တီးမှု သက်သက်သာ
ဖြစ်ပါသည်။ အမှားပါခဲ့ရင် ခွင့်လွှတ်ပါ

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center