"မာန နှင်းဆီ" (Part 1)
"ေ မခတ်ထန်"
ခေါ်သံက မိုးကြိုးပစ်သံထက်ပြင်းသည်။ဘယ်လောက်ပင်သတ္တိကောင်းတယ်ပြောပြော ဒဏ်ရာတွေပေးနေကျခေါ်သံကြောင့် မေ့ကိုယ်လေးတုန်သွားမိသည်။ပြီးတော့ လေးလေးမျက်နှာကို ဖျက်ခနဲမော့ကြည့်မိသည်ကအားကိုးတကြီး...။
"သွားလိုက်သမီးလေး၊ သူတို့ဆုံးမတာလို့ပဲ ခံယူလိုက်ပါကွယ်၊ ခုချိန်မှာ လေးလေးကသမီးဘက်ကရပ်တည်မပေးနိုင်လို့ လေးလေးမှာအပစ်ရှိပါတယ်ကွယ်"
စကားအဆုံးမှာခေါင်းငိုက်စိုက်ကျကာ ညိုးလျှော်သွားတဲ့ လေးလေးကိုကြည့်လျက်
"စိတ်မပူပါနဲ့  လေးလေးရယ် ဒီဒဏ်တွေကိုသမီးခံနိုင်နေပါပီ"ဟုအံကြိတ်ကာပြောမိ၏။
"ဟဲ့...မေခတ်ထန် ငါခေါ်နေတာမကြားဘူးလား၊နင်နားကန်းနေသလား...ဟမ်"
"ကျွန်မ လာပါပီ"
"အေ...မနက်ကနင့်ကိုငါဘာခိုင်းထားလဲ "
"အိမ်အလုပ်တွေပြီးရင်...မမလေးလုံချည်လျှော်ခိုင်းထားပါတယ်"
"အေး...အဲ့ဒါလျှော်ပြီးပြီလား"
"လေးလေးကို ဆေးတိုက်နေလို့ မလျှော်..."
"ဖြန်း...👋"
စကားတောင်မဆုံးလိုက် မမလေးနဒီ၏လက်ဝါးက
မေခတ်ထန်၏ပါးမှာ အရှိန်ပြင်းစွာကျရောက်လာသည်။မေခတ်ထန်မှာ အသားဖြူသူလေးဖြစ်၍ ပါးပြင်မှာလက်ဝါးရာလေးက ထင်းခနဲပင်...။
"ကောင်မ...နင်က ဘာအချိုး ချိုးတာလဲ အဲ့လုံချည်ကို မနက်ကတည်းက လျှော်ခိုင်းထားတာကို ခုချိန်ထိမလျှော်ရတေးဘူးဟုတ်လား...ဟမ်"
"မလျှော်ပေးဘူးလို့ ကျွန်မ မပြောပါဘူး ဒီခုဟာက ကျွန်မ မအားသေးလို့ပါ"
အသားကျနေသောရိုက်ချက်များနှင့် မေ့မျက်နှာလေးရဲဝံ့စွာမော့လာသည်။ခေါင်းငုံ့ လည်စင်းပေးနေလည်း
ဒီရိုက်ချက်တွေက သနားငဲ့ညှာစွာ လျှော့ကျသွားမည် မဟုတ်သောကြောင့် ပြောချင်တာကိုပြောပြီးမှ
ဘယ်လောက်ခံရပါစေ...။
"အံမယ်...ကြည့်စမ်းမေမေ ဒီကောင်မလူပါးသိပ်ဝနေတာ "
"အမှန်တရားကို ပြောပြတာပါမမ"
"တိတ်စမ်း၊ အမျိုးယုတ်မ"
'အမျိုးယုတ်မ 'ဆိုသည့် စကားသံက နားထဲမှာ ပြင်းထန်စွာ ပေါက်ကွဲသွားသည်။မေ့ မျက်လုံးများက
မေ့အား'အမျိုးယုတ်မ'ဟုပြောလိုက်သောဒေါ်နဒီလှိုင်းထံသို့...။
"အံမာ...ကြည့်ပုံက... ငညို"
ဒေါ်နဒီလှိုင်း ကသူ့ငယ်ကျွန်ကြီး ငညိုအား..။
"ဗျာ.မမလေး"
"ဒီကောင်မကိုအပိုးကျိုးအောင်ဆုံးမလိုက်စမ်း..."
"ဟုတ်ကဲ့...မမလေး"
ငညိုကလည်း အမိန့်နာခံသည့် တပ်သားတစ်ယောက်နှယ် စကားဆုံးသည်နှင့် မေ့အားရိုက်ရန် နံရံတွင်
ထားရှိသည့် ကျာပွတ်နှင့်...
"ရွှမ်း..."
ဘယ်လောက်ပင်မာန်တင်းထားပါစေ ဒီကျာပွတ်ကို
တော့တောင့်ခံထားနိုင်းစွမ်းမရှိပါချေ။တစ်ချက်ထဲနှင့်
ဒူးထောက်ကျသွားသော မေခတ်ထန်အား သားအမိ
နှစ်ကြည့်ကာ သူတို့အတွက် ၏မြင်ကွင်းကဟာသ
ဗီဒီယိုကဲ့သို့ ကြည့်ကာ ဟားတိုက်ရယ်မောနေကြသည့်
ဒေါ်နဒီလှိုင်းတိုးသားအမိကို ကျာပွတ်ဒဏ်ကိုအံကြိတ်
ခံနေရင်းမှ စူးစိုက်စွာကြည့်နေမိသည်။
"ရွှမ်း"
"အား..."
"ရွှမ်း"
"အား..."မိန်းကလေးတျောက် ဖြစ်သည့်အတွက်
ပြင်းထန်လွန်းသည့် ကျာပွတ်သုံးချက်နှင့်အတူ
မေ့ခန္ခာကိုယ်လေး လေဟာနယ်ထဲ ရောက်သွား
သကဲ့သို့ ခံစားလိုက်ရပြီး မေနောက်ဆုံးသိလိုက်သည်က "ဒုန်း"ဟူသော ကြမ်းပြင်နှင့် သူမ၏ခေါင်းထိခက်သံ ...။ထိုအချိန်မှ ဒေါ်နဒီလှိုင်းက
"ဟဲ့ ..ငညို ရပီ ...အဲ့ကောင်မကိုသူ့အခန်းထဲထည့်ပိတ်ထားလိုက်...ငါ့ယောကျာ်းမသိစေနဲ့။သူမေးရင်
အပြင်သွားခိုင်းထားတယ်လို့ပြော ကြားလား..."
"ဟုတ်ကဲ့...မမလေး"
ဒီမြင်ကွင်းကို အစအဆုံးမြင်လိုက်ရသူက...။အမုန်း
ပြင်ဦးလွင် ကိုရောက်ကတည်း ဘယ်မှမသွားပဲ
မရောက်တာကြာပီဖြစ်တဲ့စံအိမ်ကြီးကိုလှည့်ပတ်
ကြည့်ရှူ့နေသည်။ပြီး အပေါ်ဆုံးအထပ်မှ မှန်ဘီလူး
လေးတစ်လက်ဖြင့် ဟိုကြည့်ဒီကြည့် ကြည့်နေရာမှ
အမှတ်မထင် ဘေးအိမ်၏ ထောင့်ကျကျနေရာလေး
တစ်ခုမှ သူနှင့်ရွယ်တူလောက်ရှိမည့် ကောင်မလေး
တစ်ယောက်ကို သူနှင့် ဆွေမျိုးတော်စပ်သည်ဟု
ယူဆရသော အသက်အလတ်ပိုင်းမိန်းမကြီးတျောက်
နှင့်သူနှင့်ရွယ်တူကောင်မလေးထက်နည်းနည်းကြီး
မည်ဟုထင်ရသော မိန်းကလေးတျောက် ပြီး
အသားညိုညို ဗလတောင့်တောင့်ယောကျာ်းကြီး
တို့ကထိုမိန်းကလေးအားရိုက်နှက်နေသည့်မြင်ကွင်း
သည် သူ့အားအံ့အားသင့်စေသည်။စိတ်ထဲမှလည်း
'ဘယ်လိုလူတွေဘာလိမ့်အကြင်နာတရား ခေါင်းပါး
လိုက်ကြတာ ကိုယ့်ကိုဘာမှပြန်မလုပ်နိုင်တဲ့လူကို
ရိုက်နှက်နေကြတာ ထိုမိန်းကလေး သတိလစ်
သွားလဲကျသွားသည်အထိ ပင်။အမုန်း ကိုယ်နှင့်မဆိုင်
သော်လည်း လူငယ်သဘာဝ အရစူးစမ်းချင်မိသည်။
ထိုအချိန်...
"ကျွီ.. ."ဟူသောအမုန်းအခန်းတံခါးဖွင့်လာသူ
ခြံစောင့်ဦးလေး ဘကြီးစိုးက
"အမုန်း..."
"ဗျာ...ဘကြီးစိုး ဘာပြောစရာရှိလို.လဲ"
"အဟဲ...ဘာမှမဟုတ်ပါဘူးကွာ မင်းကခါတိုင်းဆို
ဒီရောက်တာနဲ့ ချက်ချင်းလည်တာလေကွယ်
ဒီတစ်ခေါက်ငြိမ်ချက်သားကောင်းနေလို့
ဘာများဖြစ်တာလဲဆိုပီးလာကြည့်တာ...။"
"သြော်...ဒီလိုပါပဲဗျာ ရောက်တိုင်းလည်နေတော့
ပြင်ဦးလွင်တစ်မြို့လုံးကနှံ့နေပီလေဗျာ အဲ့တာကြောင့်
ပါဗျာ ဘာရယ်လို့တော့မဟုတ်ပါဘူး..."
"အေးပါကွာ...😂😂"
"ဒါနဲ့...ဘေးခြံကလူသစ်တေလား?"
"အေးကွယ့်...ဒီနှစ်မှပြောင်းလာကြတာပဲ
ဘကြီးစိုးကြားမိသလောက်ကတော့ သူတို့က
အထည်ကြီးပျက်တွေဆိုလား ဘာလားသချာမသိပါဘူးကွာ "
"Aww..."
မနက်မိုးလင်း၍ မျက်စိနှစ်လုံးဖွင့်ပြီဆိုသည်နှင့်
သံပတ်ပေးထားသည့်စက်ရုပ်ပမာ အလုပ်တေက
တန်းစီနေသည် ဒီနေ့ရေခဲသေတ္တာထဲမှ ဟင်းချက်
စရာများကုန်နေပီဖြစ်သည်။ထို့ကြောင့်ဈေးသွားရန်
ထွက်လာခဲ့သည် ။ လမ်းသာလျှောက်နေရတယ်
မနေ့ကရိုက်ထားတဲ့ ကျာပွတ်ဒဏ်ကြောင့်
တစ်ကိုယ်လုံးနာကျင်နေသည်။လူကယိုင်နဲ့နဲ့ဖစ်နေ
သည်မနည်းအာယူးကာလျှောက်နေရသည်။
သို့နှင့်အချိုးကွေ့လေးတစ်ခုသို့အရောက်
"အား... အမလေး!"
"ဒုန်း"