နတ်ဆိုးရဲ့ ကကြိုးရုပ်
(or)
နတ်ဆိုးရင်မှာ ဝှက်သောပန်း
part- 7
နွေးထွေးသော ချိန်းရဲ့ အနမ်းတွေ။
ရာ … ရင်ခုန်ခြင်းထက် ကြောက်ရွံခြင်းက ပိုနေခဲ့မိသည်။
အတင်းဖိကပ်နမ်းရှိုက်ရင်းမှ ချိန်းက နှုတ်ခမ်းပါးတို့ကို
ခွာလိုက်ရင်း ……စူးစူးရဲရဲ စိုက်ကြည့်လိုက်မိတာ ရာရဲ့ မျက်နှာလေးကို။
ရာ…ရဲ့ မျက်နှာလေးမှာ ကြောက်ရွံမှုတွေကို တွေနေရတာကြောင့် ချိန်း ……သေနတ်ကို ခါးကြားထဲ ထိုးလိုက်ပြီး … သူမ ပါးပြင်မှ မျက်ရည်စလေး နှစ်ကြောင်းကို ယုယုယယသုတ်ပေး
လိုက်သည်။
ပြီးတော့…သူမ ကိုယ်လေးကို ဖျက်ခနဲ့ ပွေ့ချီလိုက်ပြီး
ဖန်ကွဲစတွေကို ရှောင်ကွင်းကာ လျှောက်လာခဲ့သည်။
ချိန်းရဲ့ ပွေ့ချီမှုကြောင့် ရာ…အံသြကြောက်လန့်နေပေမဲ့ မရုန်းကန်ရဲ။…
ချိန်း …လက်ထဲမှ အရုပ်လေး တစ်ရုပ်လိုသာ။
ချိန်းက ပွေ့ချီလာရင်း သူမကို ကုတင်ထပ်မှာ အသာအယာ ချလိုက်သည်။ပြီးတော့ …ရာ …မျက်နှာလေးကို ငုံ့မိုးကာ ကြည့်လိုက်ရင်း……
"ဒီပေါ်မှာဘဲ ငြိမ်ငြိမ်ထိုင်နေ …အောက်ထဲကို မဆင်းနဲ့အုံး …ရာ ။ …ကြားလား…"
ချိန်း စကားကြောင့် ရာက ခေါင်းညိမ်ပြသည်။……
ချိန်းက …လိမ္မာတယ် ဆိုသည် သဘောဖြင့်…
…ရာ ခေါင်းလေးကို ပုတ်လိုက်ရင်း…အခန်းထဲမှ
ထွက်သွားခဲ့သည်။
ဘာကြောင့် သူမကို အောက်ထဲမဆင်းခိုင်းဘဲ ကုတင်ပေါ်မှာ ထိုင်နေခိုင်းတာကို ရာ နားမလည်။
သူ ဘာကြောင့် အခန်းထဲမှ ထွက်သွားတာကိုလည်း
ရာ …မသိ။ သူမ ချိန်းကို ကြောက်တာကြောင့် ချိန်း …အမိန်ပေးထားသည် အတိုင်းသာ ကုတင်ပေါ်မှာ ထိုင်နေမိသည်။
အတန်ကြာသောအခါ ……
တံခါးဖွင့်သံကြောင့် ရာ လှည့်ကြည့်
လိုက်သည်။
နောက်က နောက်ပါးစေ နှစ်ယောက် နှင့်အတူ အခန်းထဲကို ဝင်လာသည် ချိန်း။
ထိုလူတွေရဲ့ လက်ထဲမှာလည်း တံမြက်စီးတွေ ဂေါ်တွေ ကော်ပုံးတွေနှင့်။
"အဲဒီဖန်ကွဲစတွေ အားလုံးကို သေခြာ ရှင်းလိုက်ပါ …ဘာတစ်ခုမှ မကျန်ခဲ့စေနဲ့ ……"
"ဟုတ်ကဲ့ပါ ……သခင်လေး "
ထိုလူနှစ်ယောက်က အရိုအသေ ပေးရင်း ကြမ်းပြင်ပေါ်မှာ ပြန်ကျဲ့နေသည် ဖန်ကွဲစများ အားလုံးကို လှဲကျင်းနေသည်။
ချိန်း …က ကုတင်ပေါ်မှာ ကြောက်ရွံငြိမ်သက်စွာ
ထိုင်နေသည် ရာ …ကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း
……ခုနက သူလွှတ်ပေး လိုက်သည် ကြောင်လေးကို
လိုက်ရှာမိသည်။
မင်း …ဘယ်မှာ ပုန်းနေတာလည်း …။
အခန်းထဲမှာ လှည့်ပတ်ကာ ဝေ့ကြည့်ရင်း ရှာသည်။
မရှိပါ…။ ဘယ်ကို ထွက်ပြေးသွားလည်း မသိ။
"အားလုံး လှဲကျင်းကျုံးပြီးပါပြီ သခင်လေး …"
"ကောင်းပြီ…ထွက်သွားတော့……"
ချိန်းက …လက်ကာပြသည်။ ထိုလူနှစ်ယောက်က အရိုအသေ ပေးရင်း အခန်းထဲမှ ထွက်သွားကြသည်။
ချိန်း …ကုတင်ပေါ်မှာ ထိုင်နေသည် ရာ ဆီကို
လျှောက်လာခဲ့ရင်း ……ချောင်းတစ်ချက်ဟန်လိုက်ကာ …………
"မင်း …ရေချိုးချင်တယ်ဆို ဒီအခန်းနဲ့ ကပ်လျက်မှာ ရေချိုးခန်း…ဟို ဗီရိုထဲမှာ အဝတ်အစားတွေ အဆင့်သင့် ရှိတယ် ။ ကိုယ်မင်းနဲ့ လိုက်ဖက်မယ် ထင်တဲ့ အဝတ်အစား အားလုံးဝယ်ထားတာ။ …မင်းလိုအပ်တာ ရှိသေးရင် ကိုယ်ကိုပြောနိုင်တယ်…"
ကိုယ်မင်းရှေ့ကို ပေါ်လာတဲ့တစ်နေ့ မင်းကို ပိုင်ဆိုင်စေရမည်ဟု ပြောပြီး …
ရာ …ရှေ့မှ ပျောက်ကွယ်သွားခဲ့တဲ့ တစ်ပါတ်အတွင်း
ရာ…အတွက် အရာအားလုံးကို ချိန်း စီစဉ်နေခဲ့တာ။
ရာ…နေဖို့ အခန်းကနေအစ …လိုအပ်သည် အသုံးအဆောင် မှန်သမျှ အားလုံးကို ချိန်း လိုအပ်ချက်
မရှိရလေအောင် စီစဉ်ပေးထားခဲ့ခြင်းဖြစ်သည်။
ချိန်း …ချစ်ရသည် ရာ ကို အားလုံးပြည့်စုံအောင် ဖြည်းဆည်း ပေးထားခဲ့သည်။ အဲဒီအတွက် ရာ ပြန်ပြီး ဖြည်းဆည်းပေးရမှာ တစ်ခုတည်း …သူရင်ခွင်က
ဘယ်ကိုမှ ထွက်မသွားဘဲ သူအနားမှာဘဲ အမြဲရှိနေ
ပေးဖို့သာ ဖြစ်သည်။
"ဒီအခန်းက လွဲပြီး အပြင်စံအိမ်ကို မင်း… မရောက်ဖူးသေးဘူး မဟုတ်လား …ရာ ။
ကိုယ်လိုက်ပြမယ် ……မင်း ရေမိုးချိုးပြီး … ပြင်ဆင်ထားလိုက်ပါ…။ ကိုယ်မင်းကို လာခေါ်မယ်။ ……''
ချိန်းက သူပြောချင်တာ ပြောပြီး အခန်းထဲမှ ထွက်သွား
သည်။ ……
ရာ …မျက်ဝန်းအစုံကို မှိတ်ကာ မျက်နှာလွဲသည်။ …
သူဖြစ်ချင်တာကိုသာ သူပြောသွားပြီး ရာ…လိုက်ချင်လား မလိုက်ချင်ဘူးလား ဂရုမစိုက်။
ရာ…မုန်းတာ သူရဲ့ အဲဒီလို အကျင့်မျိုးတွေ။
…တစ်ဇွတ်ထိုး ဆန်တဲ့ အဲဒီအကျင့်တွေအားလုံး …ရာ……သူနှင့် ပါတ်သက်သမျှ အရာအားလုံးကို ရွံရှာမုန်းတီး မိသည်။
………………………………………………
ချိန်း ……ရာ ……အခန်းထဲမှ ထွက်လာခဲ့ရင်း …
ကြောင်ဖြူလေးကို လိုက်ရှာမိသည်။
ဒီကြောင် … စံအိမ်ထဲကို ဘယ်လိုများ ဝင်လာပြီး ဘယ်ကို ပျောက်သွားပါလိမ့်။
…ခြံစည်းရိုးအုပ်တံတိုင်းတွေမှာ လျှပ်စစ်ဓာတ်တွေ လွတ်ထားတာမို့ ဒီကြောင် စံအိမ် အပြင်ကို ထွက်သွားတာတော့ လုံးဝ မဖြစ်နိုင်။ဒီကြောင့် ဒီစံအိမ်
တော်ရဲ့ တစ်နေရာမှာ ရှိကို ရှိရမည်။
ချိန်း ……တစ်ယောက် အပေါ်ကြည့်လိုက် အောက်ကြည့်လိုက် ကုန်းလိုက် ကွလိုက်ဖြင့် ကြောင်
ကိုလိုက်ရှာ နေမိသည်။
"ဟူး ……ဒီကြောင် ဘယ်ကို ရောက်သွားပါလိမ့်…"
သက်ပြင်းချကာ ညည်းထွားလိုက်ရင်းမှ ……ဟုတ်ပြီ
ကြောင်ကို အော်ခေါ်ရမယ် …။
ချိန်း ……တွေးလိုက်ရင်း ……
" မီ……မီ…မီ "
ချိန်း ……ကြောင်ကို မီ…မီ…မီ ဟု အော်ခေါ်ရင်း လိုက်ရှာနေမိသည်။
"အစ်ကိုလေး … ဒါက ဘယ်လို ဖြစ်ပြီး ……"
နောက်ပါးဆီမှ ခွန်းညီရဲ့ အံသြတအ မေးလိုက်သံ
အဆုံးမှာ ချိန်းရဲ့ တစ်မီမီ ဖြင့် ကြောင်ခေါ်သံကလည်း
ရပ်သွားသည်။
ပြီးတော့ နောက်ကို လှည့်ကြည့်လိုက်လျှင် ……
သူ ပုံစံကို အံသြတအ ငေးကြည့်နေကြသည် ခွန်းညီ
နှင့် နောက်လိုက်တစ်စု။
သေစမ်း……။
ချိန်း…မျက်နှာ ရဲခနဲ့ ဖြစ်သွားသည်။သို့သော်
ချိန်း မျက်နှာကို တမင်ပင် ခပ်တည်တည် လုပ်လိုက်ရင်း ……
"မင်းတို့တွေ အသုံးမကျဘူး……
"ဗျာ ………"
"ဒီစံအိမ်ထဲကို ကြောင်တစ်ကောင် ရောက်နေတာ မင်းတို့ သိကြလား …
"ဗျာ ……ကြောင် …" ( ခွန်းညီ နှင့် နောက်လိုက်တစ်စု အံသြတအ အော်လိုက်ကြသည်)
"မသိကြဘူး …မဟုတ်လား။ အသုံးကို မကျဘူး…အခု
အဲဒီကြောင်ကို မတွေ တွေအောင် လိုက်ရှာကြ …"
"ဗျာ ……
မျက်လုံးအပြူးသားဖြင့် အော်လိုက်ကြကာ ပြီးမှ ခေါင်းငုံ့ကာ အရိုအသေ ပေးလိုက်ကြရင်း……
"ဟုတ်ကဲ့ပါ ……သခင်လေး "
ချိန်း…က သွားရှာကြဆိုသည် သဘောဖြင့် လက်ကာပြ
လိုက်သည်။
"သခင်လေး ………"
ခွန်းညီနောက်မှာ ရပ်နေသည် ကုပ်အကျ င်္ီအနက်နှင့်
လူက လက်ထောင်ပြရင်း ချိန်းကို လှမ်းခေါ်လိုက်သည်။
"ဘာလည်း ………"
"ဟို…အဲဒီကြောင်ကို တွေရင် တစ်ခါတည်း သက်ပြစ်လိုက်ရမှာလား…သခင်လေး…"
"ဘာ ……ငါပြောတဲ့ အထဲမှာ အဲဒီကြောင်ကို
ပစ်သက်ဖို့ ပါလား ။…ငါဆီကို ဖမ်းခေါ်လာခိုင်းတာ
အရူးတွေရဲ့ ………"
ချိန်းက ဒေါသတစ်ကြီးအော်သည်။ ……
ခွန်းညီက နောက်မှ …မေးသည်လူကို ခြေဖြင့် တစ်ချက် လှမ်းကန်လိုက်ရင်း အပြင်ကို ထွက်ဖို့ အချက်ပြသည်။ ဒီအထဲမှာသာ ဆက်နေရင် သူပါ
ဒေါသ မုန်းတိုင်းထဲ ပါတော့မည်ထင်။
အစ်ကိုလေးချိန်း တစ်ယောက် ဘာတွေ ဖြစ်နေမှန်း
ကိုမသိပါ။ ……
"ဟုန်…နဲ့ ဆက်ပိုင် မင်းတို့ စံအိမ် ဟိုဘက်အခြမ်း
ကို ရှာကြ။ ငါ နဲ့ ကျန်တဲ့ လူတွေ စံအိမ် ဒီဘက်အခြမ်းကနေ ပတ်ရှာမယ်………
"ကောင်းပါပြီ…အစ်ကိုလေးခွန်း ……"
"အရေးကြီးဆုံး အချက်က အဲဒီကြောင်ကို တွေရင်
အရှင်ရအောင်ဖမ်း …လုံးဝ သေနတ်နဲ့ မပစ်မိစေနဲ့…မဟုတ်ရင်
သခင်လေးချိန်းက မင်းတို့ကို သေနတ်နဲ့ ပစ်သက်လိုက်မယ်…"
"ဟုတ်ကဲ့ပါ …အစ်ကိုလေးခွန်း"
"သွားရှာကြမယ် ……"
ခွန်းညီ စကားကို အားလုံးက ခေါင်းညိမ့်ပြရင်း …
ကြောင်ကို လိုက်၍ ရှာကြသည်။
ချိန်းရဲ့ နောက်လိုက် လူဆိုးလူမိုက် ဘဝကနေ…
ကြောင်ရှာ သမားဘဝကို ရောက်ကြသည် အထိ။
လူကြားလိုမှ မကောင်းရယ် …😂😂
………………………………………………
ရာ ……စိတ်ပင်ပန်းမှုတွေ…များစွာကြောင့် ချိန်း ပြထားခဲ့သည် ရေချိုးခန်းထဲ ဝင်ကာ ရေဝင်ချိုးလိုက်သည်။
အေးစက်သော ရေအထိအတွေကြောင့် ရာ …စိတ်တွေ အနည်းငယ်တော့ လန်းဆန်းသွားတာ
အမှန်။
သူမ …ရေကို အကြာကြီး ဇိမ်ဖြင့် မချိုးရဲပါ။ တော်ကြာ ချိန်း ဆိုသည်လူ အခန်းထဲ ဝုန်းဆို ပြန်ဝင်
လာမှဖြင့်……ရာ …အတွေးနှင့်ပင် ကျောချမ်းလှ
သည်မို့ ရေကို အမြန်ချိုးလိုက်သည်။
ရေချိုး၍ ပြီးလျှင် …Towel တစ်ထည်ကို ကိုယ်မှာပတ်ကာ ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။
သူမှ …အဝတ်စားဗီရိုကြီး ရှေ့မှာ ရပ်ကာ မှန်တံခါးကို
ဆွဲဖွင့်လိုက်တော့ အရောင်အသွေးစုံလင်သော အင်္ကျီ
အဝတ်အစားတွေက မနည်းမနော။ဗီရို တစ်လုံးအပြည့်။ ……
ရာ ……အရမ်းကြီး အံသြမှု မဖြစ်တော့။
သိန်းထောင်နဲ့ ချီပြီး သူမကိုတောင် အရုပ်တစ်ရုပ်လို
ဝယ်ခဲ့တဲ့လူ……။
ရာ …အရောင်စုံအင်္ကျီတွေ ကြားထဲမှ အနက်ရောင်
လက်ပြက်ဂါဝန်လေးကို ရွေးချယ်ကာ ဝတ်ဆင်လိုက်သည်။
ပြီးတော့ စု၍ထုံးထားသည် ဆံနွယ်ရှည်လေးကို ဖြည်ချ
လိုက်ရင်း မှန်တင်ခုံ ရှေ့ရှိ ကုလားထိုင်မှာ ထိုင်ချလိုက်သည်။
မှန်တင်ခုံ အံဆွဲထဲမှာ ရှိနေသည်က အသက်စက်စက်
ခေတ်မှီ အလှပြင် ပစ္စည်းတွေ။
ရာ …မျက်နှာလွဲလိုက်သည်။သူမ ဘာတစ်ခုမှ ပြင်ဆင်ခြယ်သ လိုစိတ်လည်း မရှိ။
မှန်ပြင်ထဲကို ငေးမိတော့ နီမြန်းနေသည် နှုတ်ခမ်းလွှာ
တို့ကို မြင်လျှင် ဖျက်ခနဲ့ ဖိပိတ်ပစ်လိုက်ရင်း မျက်ရည်
ဝဲသည်။
ချိန်းရဲ့ အရိုင်းဆန်တဲ့ အနမ်းတွေအောက်မှာ ကျရှုံးခဲ့ရသည် သူမ။
………………………………………………
"တွေပြီလား …ဟုန် "
" မတွေသေးဘူး အစ်ကိုလေးခွန်း…ကျွန်တော်တို့လည်း
ဖက်ဖက်မောနေပြီ……"
ဟုန် …တို့ လူစုက ခေါင်းခါယမ်းလိုက်ရင်း စိတ်ပျက်လက်ပျက် ပြောသည်။
ခွန်းညီလည်း သက်ပြင်းမောချလိုက်ရင်း ……
" တစ်မနက်လုံး စံအိမ်လည်း တစ်အိမ်လုံး နှံနေပြီ…
ဒီကြောင် …ဘယ်ကိုရောက်နေပါလိမ့်………
မနေ့က လျှပ်စစ်ကြိုးခလုပ် ပျက်နေတာ
ကို ပိတ်ပြင်နေတုန်း အပြင်က ဝင်လာတာ ဖြစ်မယ်…
အခု တစ်ခြံလုံး လျှပ်စစ်ဓာတ်တွေ လွှတ်ထားတာ ဆိုတော့ ဒီကြောင် ပြန်ထွက်နိုင်မှာ မဟုတ်သေးလောက်ဘူး ……"
"အစ်ကိုလေးခွန်း…ဟိုမှာ ……ဟိုမှာ"
"ဘာလည်း …
ဟုန်က အထိတ်တလန့်အော်လိုက်ရင်း …နံရံကပ်တန်း မှန်ဗီရိုကြီးပေါ်ကို ထိုးပြသည်။
(ကြောင်……)
အားလုံးပြိုင်တူ အော်လိုက်ကြရင်း ဖမ်းဖို့တစ်ယောက်ကို တစ်ယောက် အချက်ပြသည်။
အမွှေးဖွားဖွား မျက်လုံးပြူးပြူးလေး နှင့် ကြောင်ဖြူလေး။ ……
ဟုန်တို့ လူစု ဖမ်းရန် လက်လှမ်းလိုက်ပေမဲ့ မမှီ။…
နံရံကပ်ဗီရို မှန်တန်းကြီးက သူတို့ အရပ်ထက် ပိုမြင့်နေခဲ့သည်။
"မမှီဘူး……
တစ်ယောက်က ကြောင်ကိုမိရန် အတွက် အောက်က ကုန်းပေးလိုက်သည်။ နောက်တစ်ယောက်က ထိုလူရဲ့ ကျောပေါ်တက်၍ လှမ်းဖမ်းသည်။
"မိ…မိတော့မရ် ……"
လှမ်း၍ ဖမ်းလိုက်ပေမဲ့ ကြောင်က ထိုလူလက်ထဲ မရောက်ဘဲ ဗီရိုကြီးပေါ်မှ လွှားခနဲ့ခုန်ဆင်းသွားသည်။
"အ……အ…
ဝုန်း "
ကြောင်က ကြောင်ကျ ကျပေမဲ့ လူနှစ်ယောက်က ခွေးကျဝတ်ကျ အောက်ထဲကို ပြုတ်ကြသည်။
ကြောင်က ……ခွန်းညီ နှင့် ဟုန်တို့ လူစု ကြား လွှားခနဲ့ ခုန်ချလာသည်။
ဘယ်ကိုပြေးမလည်း ဆိုသည် အပြုံးဖြင့် ခွန်းညီ နှင့်
ဟုန် တို့ လူစု တစ်ယောက်ကို တစ်ယောက် အချက်ပြလိုက်ရင်း ခုန်ဖမ်းသည်။
"ဝုန်း ……"
''ခွပ် ………"
"အား …ကျွတ်…ကျွတ် …"
ကြောင်က သူတို့ အုပ်စု လက်ကြားထဲမှ လွှားခနဲ့ ခုန်ထွက်သွားကာ လူတွေသာ တစ်ယောက်ခေါင်း နှင့် တစ်ယောက် တိုက်မိသွားကြသည်။
အပြိုပြိုအလဲလဲ ဖြစ်သွားကြသည် လူစုကို ကြောင်လေးက တစ်ချက် ကြည့်ရင်း ဆက်တီခုံလေးပါ် လွှားခနဲ့ ခုန်တက်ကာ လှေကားအောက်ထပ်ကို ပြေး
ဆင်းရန်ပြင်သည်။
"အောက်ထဲ ဆင်းပြေးတော့မယ် ……"
ဟုန် …ရဲ့ အော်သံအဆုံးမှာ …ခွန်းညီက ခုန်၍
ဖမ်းလိုက်သည်။
"ညောင် ………"
အတင်းရုန်းကန်နေသည် ကြောင်ရဲ့ နောက်ခြေနှစ်ကြောင်းကို အားကုန်ဖမ်းဆွဲ
ထားရင်း …
"မိပြီ……"
ို
………………………………………………
" ဒီဝတ်စုံလေးက မင်းနဲ့ လိုက်ဖက်တယ်…ရာ
အရမ်း လှနေတယ် …"
အခန်းထဲ ဝင်လာရင်း ထိုင်နေသည် ရာ အနီးကို လျှောက်လာကာ ……
နဖူးထပ်ဝဲကျနေသည် ဆံနွယ်စလေးကို သပ်တင်ပေး
လိုက်ရင်း ……ချိန်းက စကားဆိုသည်။
"မင်း …အနက်ရောင်ကို ကြိုက်လား…ရာ ။ ဒီလို
ဆိုရင်တော့ မင်းနဲ့ကိုယ် အကြိုက်ချင်း တူနေပြီ…
ကိုယ်အကြိုက်ဆုံး အရောင်က အနက်ရောင်ဘဲ ……
ချိန်း စကားကြောင့် …ရာ ……မျက်လွှာလေးချကာ မျက်နှာလွဲထားရာမှ ချိန်းကို ဖျက်ခနဲ့ မော့ကြည့်လိုက်ရင်း ………
ရာကတော့ ဝမ်းနည်းမှု အထိမ်းအမှတ်အနေနဲ့ အနက်ရောင် ဝတ်စုံကို တမင်သက်သက် ဝတ်ဆင်ထားတာပါ ဟု
ရာ …ရင်ထဲမှ တီးတိုးစကားဆိုလိုက်မိသည်။
ချိန်းက ……ရာကို သွားစွယ်လေးတွေ ဖွေးခနဲ့ ပေါ်အောင်ပင် ပြုံးပြလိုက်ရင်း …ရာ လက်ဖဝါးလေးကို ဆုတ်ကိုင်လိုက်ကာ ……
"ထားပါတော့ ။ အခု …ကိုယ်မင်းကို စံအိမ်အပြင်ကို လိုက်ပြမယ်
…… "
ချိန်းက …သူမ လက်ကိုဆွဲကာ အခန်းထဲမှ ထွက်လာခဲ့
သည်။
"ဟင်……"
ရာ ……အခန်းထဲမှ အထွက် မြင်တွေလိုက်ရသည်က
ခမ်းနားတောက်ပြောင်လွန်းသည် ဧည့်ခန်းကျယ်ကြီး။
ခင်းထားသည် အနီရောင် ကတ္တီပါ မွေးပွကောဇော
ကြီးက ခြေတစ်လှမ်းချတိုင်း နူးညံလှသည်။
ချိတ်ဆွဲထားသည် မီးဆိုင်းကြီးများက အလွန်လှပစွာဖြင့်။
အားလုံးခေတ်မှီသားနားသော နောက်ဆုံးပေါ် ပရိဘောက အပြည့်အစုံ နှင့် တဖိတ်ဖိတ်လက်နေသည်
အပြင်အဆင်က ချိန်း ဘယ်လောက်အထိ ကြွယ်ဝ
ချမ်းသာလည်း ဆိုတာကို ပြနေသည်။
ဧည့်ခန်းရဲ့နှင့် ကပ်လျက်မှာရှိသည် ဝရန်တာဆီ…
ရာကို ချိန်း ခေါ်လာခဲ့သည်။
"အို ………"
ဝရန်တာ ပေါ်မှ တွေမြင်လိုက်ရသည် မြင်ကွင်းတွေကြောင့် ရာ …အံအားသင့်သွားသည်။
ဝရန်တာ ပေါ်မှ ငုံ့မိုးကာ ကြည့်လိုက်လျှင် ပထမဆုံး
မြင်တွေရသည်က လှပသည် ရေကူးကန်။
ထို့နောက် ကြီးမားသော မြက်ခင်းပြင်ကျယ်စိမ်းကြီး နှင့် စနစ်တကျ စိုက်ပျိုးထားပုံရသော ပန်းပင် /သစ်ပင်တွေ။
ကွေ့ဝိုက်ကာ ဖြင့် ကားနှစ်စီးလောက်ကတော့ အသာလေး ယှဉ်မောင်းလိုရနိုင်သည် ပြောင်ချောနေသည် ကွန်ကရစ်လမ်းချော။
ဟိုးအဝေးကို လှမ်းမျှော်ကာ ကြည့်လိုက်လျှင် မြင့်မား၍
အခိုင်အမာ ကာရံထားပုံရသည်
အုတ်တံတိုင်းကြီးတွေ ။
တောင်ကုန်းရဲ့ထိပ်မှာ ရဲတိုက် တစ်ခုလို ဆောက်လုပ်ထားသည် စံအိမ်ကြီးကို ကြည့်ကာ ရာ…
ချိန်းရဲ့ လက်က လွတ်မြောက်ဖို့ မလွယ်ကူနိုင်
လောက်ဘူးဟု တွေးမိသည်။
ချိန်းက ……ရာ အတွေးကို ရိပ်မိနေဟန်ဖြင့် ……
"မင်း …ထွက်ပြေးဖို့တော့ မစဉ်းစားလိုက်နဲ့…ရာ ။တံခါးတွေ …ခြံထဲတွေမှာ အမြဲမပြက် အစောင့်တွေချထားတာ …
တစ်ကယ်လို အစောင့်တွေ အလှစ်မှာ မင်း…ထွက်ပြေးနိုင်တယ် ဆိုရင်တောင် ခြံစည်းရိုးကိုတော့ ကျော်နိုင်မှာ မဟုတ်ဘူး။ ခြံစည်းရိုးက 24 နာရီ မပြက် လျှပ်စစ်ဓာတ်တွေ လွတ်ထားတာ……
အေးဆေးစွာပင် ပြောနေသည် ချိန်းကို ကြည့်ကာ ရာ
…မျက်နှာမှာ ကြောက်ရွံမှုက အထင်းသား။
ဒီပုံစံအတိုင်းသာဆို သူမ ဒီစံအိမ်က ထွက်ပြေးဖို့ မဖြစ်နိုင်တော့ဘူးထင်သည်။
ချိန်း ……ရာကို ဝရန်တာမှ ရှုခင်းတွေပြနေရင်းမှ
……ဧည့်ခန်းစီမှ ကြောင်ကို ပိုက်၍ လာနေသည်
ခွန်ညီ နှင့် ဟုန်တို့ လူစုကို တွေလိုက်ရသည်။
"ခြံရှေ့မှာ ကားလမ်းမ ရှိတရ်… ခြံဘေးပတ်ချလည်ကတော့ ရာဘာတောတွေ …ခြံနောက်မှာတော့ တောအုပ်ဘဲ ရှိတယ်
………"
"သစ်တော………"
တစ်ကယ်တမ်း …ရာ …ထွက်ပြေးဖို့အတွက်က ခြံတံခါး ရှေ့မှ လွဲပြီး အခြားနေရာ မရှိ။
ရာ ……အုတ်တံတိုင်း အမြင့်ကြီး ခက်ထားသည် ခြံရှေ့ကို ငေးကြည့်နေခိုက် ……
ချိန်းက ……ကြောင်ကို ပိုက်၍ လာနေသည် ခွန်းညီတို့ အနီးကို လျှောက်လာခဲ့သည်။
ခွန်းညီတို့ လူစုက ခုနက ကြောင်ဖမ်းရင်း ရရှိလာ
ဒဏ်ရာတို့ကို ချိန်းမမြင်အောင် ကွယ်ထားရင်း ………
"အစ်ကိုလေးချိန်း ကျွန်တော်တို့…ကြောင် ဖမ်းမိလာပါပြီ "
"တော်တယ် ……မင်းတို့တွေ ကောင်းကောင်း အနားယူလိုက်ကြအုံး …"
"ကျေးဇူးပါဘဲ …အစ်ကိုလေးချိန်း "
ခွန်းညီက အရိုအသေ ပေးရင်း ပြောသည်။
ချိန်းက …ကြောင်ဖြူလေးကို လှမ်းယူ လိုက်ရင်း …နိုရာ အနီးကို ပြန်လျောက်လာခဲ့သည်။
ပြီးတော့ ဟိုးအဝေးကို ငေးမောနေသည် ရာ …မျက်နှာလေးကို ငေးကြည့်လိုက်ရင်း ……
"ရာ ……ဒီမှာ မင်းအတွက် …"
"ဟင် ……"
ရာ ……ချိန်း လက်ထဲမှ ကြောင်ဖြူလေးကို လှည့်ကြည့်လိုက်ရင်း …အံသြသွားသည်။
"ကြောင်ဖြူလေး ……
သူမ ဝမ်းသာစိတ်ဖြင့် လှမ်းယူလိုက်ရန် ပြင်ပြီးမှ …
မနက်က အဖြစ်အပျက်ကို သတိရသွားကာ ……
မယူဖြစ်တော့ဘဲ နောက်ကို ဆုတ်လိုက်ရင်း ချိန်းကို
မော့ကြည့်လိုက်သည်။
"ဒီကြောင်က စံအိမ်တော် မှာဘဲ ကပ်သပ်ပြီး နေနေတာ…အပြင်ကို လွင့်ပစ်တော့လည်း အလုပ်ကိုရှုပ်တယ် …ပစ်သက်ဖို့ ကျတော့လည်း …
မင်းတောင်းပန်ထားတယ် မဟုတ်လား ။ အဲဒါကြောင့်……"
ချိန်းရဲ့ စကားကို ကြားတော့ ခွန်းညီ နှင့် ဟုန်က တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်သည်။
ကြောင်ဖမ်း၍ ထိခိုက်မိထားသည် ဒဏ်ရာတွေက မျက်နှာမှာ အညိုအမည်းစွဲလျှက်။
ကြောင်က ကပ်သပ်ပြီး နေနေတာလား…လူတွေတောင် မနည်းကို ပတ်ပြီး လိုက်ရှာဖမ်းနေရတာ (😂😂)
အပြင်ကို လွင့်ပစ်တော့လည်း အလုပ်ကိုရှုပ်တဲ့တယ်လား …ဖမ်းရတာမှ တစ်ကယ်ကို
အလုပ်ရှုပ်တာပါ သခင်လေးရယ် (😂😂 )
ချိန်းက ယူလေ ဆိုသည် သဘောဖြင့် မေးဆက်ပြရင်း
ရှေ့ကို တိုး၍ ပေးသည်။
ရာက ခေါင်းခါယမ်းပြရင်း နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်သည်။
ချိန်းက ……သူမဘာဖြစ်နေတာလည်း …ဟု မျက်မှောင်ကြုံ၍ စဉ်းစားလိုက်ချိန်တွင် မနက်က အဖြစ်အပျက်က အာရုံထဲ ပေါ်လာသည်။
ချိန်း ……မျက်နှာမှာ အပြုံးတစ်ခု ဖြစ်ပေါ်သွားရင်း……
"ယူလေ …ဘာလည်း။ မင်း မနက်ကလို ဖြစ်မှာ ကြောက်လိုလား …"
ရာ …က ချိန်းစကားကို ခေါင်းညိတ် ပြလိုက်သည်။
"မဖြစ်စေရပါဘူး …တစ်ခုတော့ ရှိတယ် မင်းသူကို
မနမ်းရဘူး ……ရင်ခွင်ထဲ ထည့်ထားပြီး မပွေ့ဖက်ရဘူး …ok…။ ယူ ……"
ချိန်းရဲ့ စကားကို ကြားရမှ ရာက …ကြောက်ကြောက်လန့်လန့် ဖြစ်ပင် ကြောင်လေးကို
လှမ်းယူ လိုက်သည်။ ပြီးတော့ ကြောင်လေးကို ခေါင်းလေး ပွတ်သက်ပေးလိုက်သည်။
ကြောက်လန့်ရုန်းကန်နေသည် ကြောင်လေးက ရာ…
လက်ထဲ ရောက်မှပင် ငြိမ်ကျသွားတော့သည်။
"မင်းကို ကိုယ် …ခြံထဲ လိုက်ပြမယ် …လာ …"
ချိန်းက ……ရာ ကို ခြံဝန်းထဲ လိုက်ပြရန် ပြင်သည်။
အောက်ထပ်ကို ဆင်းသည် ကျွန်းသစ်လှေကားကြီးက
့် ကျွန်းရောင် တစ်ဖိတ်ဖိတ်တောက်လျှက်။ ……
ရာ နှင့် ချိန်းကို တွေရသည် လူတိုင်းက ခေါင်းငုံ့၍
အရိုအသေပေးသည်။
ရာ …အံသြတာက ရာ စံအိမ်ကို ရောက်ရှိကတည်းက
အခုချိန်ထိကို မိန်းကလေး ဆိုတာ လုံးဝ မတွေရ။
သေနတ်ကိုယ်စီ ကိုင်ဆောင်ထားသည် ချိန်းရဲ့ အစောင့်အရှောက် ဆိုသည်ကိုသာ တွေရသည်။
ခြံဝန်းကြီးကို အပေါ်က ကြည့်ရတာလည်း လှသလောက် …
အနီးကပ်တွေ ရတော့လည်း တစ်ကယ်လှသည်။
စနစ်တကျ စေ့စပ်တိကျစွာ စိုက်ပျိုးထားသည် သစ်ပင်အပု လှလှလေးတွေက အစီအရီ။
"စံအိမ်ကြီးရော …ခြံဝန်းကြီးက …အကျယ်ကြီး။ မင်းအတွက် အပျင်းပြေမှာပါ …ရာ
ဟိုဘက်တန်းမှာ ……ချယ်ရီပန်းပင်တွေ …ရှိတယ်
… အခုသူတို့ ပွင့်နေကြပြီ တစ်ကယ်လှတယ်
……"
'တွီ……တွီ…တွီ……"
အင်္ကျီ အိတ်ကပ်ထဲမှ အဆက်မပြက် မြည်နေသော ဖုန်းသံကြောင့် ချိန်း စကားစတို့ ပြက်သွားသည်။
ချိန်း ……ဖုန်းကို ထုတ်၍ ကြည့်လိုက်တော့ Rose
ဆီမှ ………
"ခဏလေး …ရာ ……"
ချိန်း ……ဖုန်းကို ကိုင်လိုက်ရင်း ……ရာ နှင့် ခပ်လှမ်းလှမ်းဆီကို လျှောက်သွားကာ ဖုန်းပြောလိုက်သည်။
"ဟလို……ပြော Rose ……
ရာ ……တစ်ယောက်တည်း ကျန်နေခဲ့ရင်းမှ……ချိန်းပြခဲ့သည်
ချယ်ရီပင်ကြီးတွေ ရှိရာကို လျှောက်လာခဲ့သည်။
'ဟင်………'
အတန်းလိုက် စိုက်ပျိုးထားပုံရသည် ချယ်ရီပင်ကြီး
တွေက အမျာအပြား။
တဖြုတ်ဖြုတ် ကြွေလွင့်နေကြသည် ချယ်ရီပန်းလေးတွေ။
ရာ ……ပန်းလေးတွေကို တွေတော့ ကလေးတစ်ယောက်လို ပျော်မိသည်။
ရာ … ကြွေကျလာသည် ချယ်ရီပန်းလေးတွေကို လက်ဖြင့် လိုက်ဖမ်းယူလိုက်ရင်း ပြုံးသည်။
အတန်ကြာအောင် သူမ အပင်အောက်မှာ ပြေးလွှားကာ ပန်းပွင့်လေးတို့နှင့် ဆော့ကစားနေမိသည်။
ချယ်ရီပန်းပင်ကြီးပေါ်မှ အမျှင်တန်းလေးဖြင့် ပြုတ်ကျလာသည် …အကောင်လေး။
"အား…ပင်ကူ ……"
သူမရှေ့ကို တွဲလွဲခိုကာ ပြုတ်ကျလာသည် ပင်ကူကောင် လေးကိုကြည့်ကာ ရာ …ကြောက်လန့်တကြားအော်လိုက်ရင်း နောက်ကို
ဆုတ်လိုက်သည်။
'အမေ့ ………
ဘုန်း ………"
ခြေခေါက်ကာဖြင့် ရာ… မြေပြင်ပေါ်ကို ပုံရပ်သားလေး လဲကျသွားခဲ့သည်။
"ချိန်း ……ငါကို မနက် လေဆိပ်မှာ လာကြိုပေး…
"ဟင်…ရာ ………"
ချိန်း ……လဲကျသွားသည် ရာ…အဖြစ်ကို မြင်လိုက်ရသည် အချိန်မှာ Rose စကားကိုပင်
ဆုံးအောင် နားမထောင်နိုင်တော့ဘဲ ဖုန်းကို ချပစ်လိုက်သည်။
ပြီးတော့ ခြေလှမ်းကျဲကြီးများဖြင့် စိုးရိမ်တကြီးပြေး
ရာ ဆီကို ပြေးလာခဲ့သည်။
"ရာ …ဘာဖြစ်တာလည်း ……မင်းဘာဖြစ်သွားသေးလည်း…
အသံနှင့် အတူ ချိန်းက …ချက်ချင်းအနားကို ရောက်လာရင်း ……
မြေပြင်ပေါ်မှာ ပုံရပ်သားလေး လဲကျနေသည် ရာ…
ရှေ့တွင် မုဆိုးဒူးထောက် ထိုင်ချလိုက်ရင်းမေးသည်။
မျက်နှာမှာ စိုးရိမ်ပူပန်ခြင်းတွေက ပြည့်သိပ်လျက်ရှိ၏
ရာ …ကြောက်လန့်တစ်ကြား မျက်လုံးပြူးလေးဖြစ်ပင် ချိန်းကို ခေါင်းခါယမ်းပြလိုက်ရင်း ……
" ဟင်အင်း …ရာ …ဘာ …ဘာမှ မဖြစ်ပါဘူး !။ ပင်…ပင်ကူကို တွေတာ …ရာ …ရာ လန့်သွားလို "
"ပင်ကူ ………"
ချိန်းက အံသြတအ ရွတ်သည်။
"ရာ ……ရာ က ပင်ကူကြောက်တယ်…"
ရာ စကားကြောင့် ချိန်း ဟိုကလေးဘဝတုန်းက ပင်ကူ
ကြောက်သည် ကောင်မလေး တစ်ယောက်ကို သတိရမိသွားသည်။
"တော်သေးတာပေါ့ကွာ ……ကိုယ်က မင်းအော်သံ ကြားတာနဲ့ မင်း တစ်ခုခု ဖြစ်သွားတယ် ထင်လို
စိတ်ပူသွားတာ ။ …မင်း ပင်ကူကြောက်ရင် နောက်ဆို
ခြံထဲ မဆင်းနဲ့ ခြံထဲက သစ်ပင်တွေ တိုင်းမှာ ပင်ကူ
တွေ ရှိတယ် …
"ပင်ကူတွေ ရှိတယ် ……
ရာ …ကြောက်ကြောက်လန့်လန့် ရေရွတ်လိုက်ရင်း
……လဲကျနေရမှ ကုန်းထလိုက်ချိန်တွင်…ဘယ်ခြေထောက်က ထောက်၍ မရအောင်ပင် နာကျင်နေ၍ ရှေ့သို့ ငိုက်ကျသည်။
"အား ……
ချိန်းက ယိုင်ပြုလဲမလို ဖြစ်နေသည် ရာ…ကိုယ်လေးကို
ထိန်းကိုင်ထားလိုက်ရင်းမှ ……
"နိုရာ ……မင်း …ခြေထောက်…"
"အ ……
ရာ ……ခြေကျင်းဝတ်လေးက အလွန် နာကျင်နေသဖြင့် မြေပြင်ပေါ်မှာ ကောင်းစွာ မရပ်နိုင်တော့ ။
"ကျွတ် ………"
ချိန်း ……မျက်နှာ မဲ့ခနဲ့ ဖြစ်သွားသည်။ပြီးတော့ ရာ
…ကိုယ်လုံးလေးကို ဆက်ခနဲ့ ပွေ့ချီလိုက်ရင်း ……
ခြေလှမ်းတို့က စံအိမ်ကြီးဆီသို့ ……။
part- 8မျှော်