✒️စာချုပ်ပေါ်ကမျက်ရည်🖊
📑အပိုင်း ၁၈📑
"ကိုကို လရိပ်ပြောစရာရှိလို့"
"မင်းနဲ့ပြောစရာစကားတွေငါ့မှာမရှိတော့ဘူး"
ဧည့်ခန်းထဲမှာထိုင်နေတဲ့ ဝင့်ဝါကိုမမြင်သလိုနဲ့အပေါ်ကတက်သွားပေမဲ့မရခဲ့ပါ အပေါ်တက်အဝတ်အစားလဲပြီး လရိပ်ကိုထွက်ရှာမလို့
"ကိုကို ဝင့်ဝါကိုစိတိဆိုးနေတာလား?"
"မင်းစိတ်ဆိုးနေတာမဟုတ်ဘူးစိတ်နာနေတာ"
ကိုကိုရဲ့စကားကြောင့် ဝင့်ဝါအသည်းတွေနားသွားရ၏ သူကိုချစ်လို့လုပ်မိတဲ့အမှားပဲသူခွင့်လွှတ်သင့်တာပေါ့
"မောင်ဂုဏ်ရောင်လာခဲ့ပါ မင်းဒဏ်ရာတွေသွေးအရမ်းထွက်နေပြီ အန်တီဆေးမရင်ထဲပေးမယ်နော်"
ဒီလောင်ဆိုအခြေအနေကိုဒေါက်တာဒေါ်ခင်မြင့်နားလည်နေပါပြီး ကလေးအရမ်းလိုချင်တဲ့ ဂုဏ်ရောင်နဲ့ကလေးမွေးမပေးချင်တဲ့ ဝင့်ဝါတို့ဘာတွေလုပ်ထားကြလဲဆိုတာ လွယ်မယ်ထင်လို့လုပ်ခဲ့ကြတာ အခုတော့အားလုံးရှုပ်ကုန်ပြီ ကြားထဲကဒေါက်တာခင့်မြင့်သက်ပြင်းချမိသည် အခုခေတ်ကလေးတွေတကယ်မလွယ်ပါလား
ဂုဏ်ရောင်မှာသူ့ကိုယ်သူအခုမှသတိထားမိ၏
ဒါပေမဲ့ဒဏ်ရာတွေထက် သူ့ရဲ့နှလုံးသားကနာနေသည်
"ကြီးပုကိုသနားရင်ဆေးထည့်လိုက်ပါနော် သား.. ဆရာကြီးတာသိရင်ကြီးပုကိုစိတ်ဆိုးမှာ"
ကြီးပုရဲ့ငိုသံကြောင့်အပေါ်တက်တော့မယ်
ဂုဏ်ခြေလှမ်းဆွေအနောက်ပြန်ဆုတ်လိုသည်
အန်တီက ဂုဏ့်ကိုဆေးထည့်ပေးပြီး
ကြီးပုကိုလိုအပ်တာတွေမှားပြီးပြန်ထွက်သွားသည်
ဂုဏ်ကအခုချိန်ထိအသက်မဲ့နေတဲ့လူတစ်ယောက်လိုထိုင်နေသလို့ မျိုးထိုင်နေ၏
ဝင့်ဝါကလည်း လက်ပိုက်ကာ
ကိုကိုထိုင်ကြည့်နေသည် ဆရာဝန်ဆေးထည့်ပေးနေတာတောင်နာဖို့သတိမရတဲ့
ကိုကို အဲ့လောက်ထိဖြစ်သွားလိုက်မယ်လို့
ဝင့်ဝါမထင်ခဲ့ပါ ဒါပေမဲ့ဝင့်ဝါလုပ်ရက်တွေက
လုံးဝမမှားတာသေချာတယ်
"ကိုကို!"
ဝင့်ဝါရဲ့အသံကြောင့် ဂုဏ် စိတ်နဲ့လူပြန်ကပ်လာသည် ဝင့်ဝါတစ်ချက်လှည့်ကြည့်ပြီးမျက်နှာပြန်လွဲ၍
"ငါ ကွာရှင်းစာချုပ်လုပ်ဖို့ဖုန်းဆက်လိုက်တော့မယ်"
"ဘာ! ကိုကို! ကိုကိုဘာပြောလိုက်တာလဲ?"
ဝင့်ဝါအသံကျယ်လောင်စွာထွက်ပေါ်လာသည်
ကြီးပုကတော့ မီးဖိုချောင်ထံအသာလေးပြန်ဝင်ခဲ့လိုက်၏ နားတော့စွန့်ထားရမှာပဲ ကလေးတစ်ခုခုဖြစ်မှာဆိုလို့
"ကိုကိုဘာပြောလိုက်လဲ? ဒီဘာမဟုတ်တဲ့မိန်းမကြောင့် ဝင့်ဝါကိုကွာမယ်ပေါ့ဟုတ်လား"
"ဟား!ဟာ!"
ဂုဏ် ရင်နာနာနဲ့ရယ်လိုက်မိသည်
"ဘာမဟုတ်တဲ့မိန်းမဟုတ်လား? အဲ့ဘာမဟုတ်တဲ့မိန်းမကပဲငါအရမ်းလိုချင်တဲ့ငါ့ရင်သွေးကိုယူပေးမှာလေ မင်းထက်ဆိုင်ရင်တော့ အခုချိန်မှာ သူ့ကိုငါအရမ်းလိုအပ်နေတာ ဒီလိုတွေဖြစ်လာအောင်လည်းမင်းပဲလုပ်ခဲ့တာလေ"
ဒီလောက်ဆို ကိုကိုဆီမှာ ဝင့်ဝါ အတွက်အချစ်
တွေမရှိတော့ဘူးဆိုတာသေချာနေပြီ
ဟင့်အင်း ဝင့်ဝါခွင့်မပြုဘူး ကိုကို ဘယ်သူကိုမှမပေးနေဘူး
"ကိုကိုဘာပြောလိုက်တာလဲ? ဝင့်ဝါခွင့်မပြုဘူးနော် ကွာလည်းရှင်းပေးမှာမဟုတ်ဘူး"
ဝင့်ဝါဒေါသတွေကြီးလာရသည် ခေါင်းကိုခါ၍ငြင်းနေမိသည်
"မင်းကွာမပေးလည်း ငါကရအောင်ကွာဖို့ဆုံးဖြတ်ထားပြီးပြီ"
"ဘာလဲ ရှင်ကငါးစိမ်မြင်လို့
ငါးကင်ပစ်တာလား ကိုကို ဒက်ဒီရဲ့ကျေးဇူးတွေကိုမှမထောက်..."
မရတဲ့အဆုံးငါကိုကျေးဇူးတွေနဲ့ကိုင်ပေါက်နေပြန်ပြီးပေါ့
"မင်းမှားနေပြီ ဝင့်ဝါ လရိပ်နွေကြောင့်
ငါမင်းကိုဆက်မပေါင်းနိုင်တော့တာမဟုတ်ဘူး
ငါ့ကလေးကိုမင်းမယူဘူးငြင်းတဲ့အပြင်
တစ်ခြားတစ်ယောက်ကိုမွေးခိုင်းဖို့မင်းကြံခဲ့တယ် မင်းကိုချစ်လို့ ဒီအစီစဉ်ကို ငါမျက်စိမှိတ်လက်ခံခဲ့တာငါဝန်ခံပါတယ် အခုရတစ်ခြားတစ်ယောက်ကရလာပြန်တော့လည်း ငါ့ရင်သွေးကိုအဝေးကြီးရောက်အောင်မင်းပို့လိုက်ပြီး.... ငါရင်အနားဆုံးက ငါ့ကလေးကိုသူများကလေးဖြစ်အောင်မင်းလုပ်ကြံတဲ့ကိစ္စပဲ"
ကိုကိုစကားတွေကမှန်နေတာမို့ ဝင့်ဝါမှာဘာပြောရမှန်မသိဖြစ်သွားသည် မျက်ရည်တွေပါကျလာ၏ နောင်တမျက်ရည်မဟုတ်ပါ ဘာမှပြန်မပြောနိုင်တာမို့ အရှုံးပေးလိုက်ရလို့ကျတဲ့မျက်ရည်တွေပါ
"ပြီးတော့ငါကကျေးဇူးကန်းတာမဟုတ်ဘူး
ကျေးဇူးတရားတွေနဲ့ငါ့ကိုချုပ်ကိုင်ဖို့မကြိုးစားပါနဲ့ ကျေးဇူးကြောင့်လည်းငါမင်းကိုလက်ထပ်ခဲ့တာမဟုတ်ဘူး"
ဝင့်ဝါနှုတ်ခမ်းတွေကိုဖိကိုက်လိုက်မိ၏
ထိုစဉ် ဘယ်အချိန်ဘယ်ကနေနားထောင်နေမှန်မသိတဲ့ဦးမိုးအနားကိုရောက်လာသည်
"သမီးဝင့်ဝါ ဦးတစ်ခုပြောပါ့ရစေ တကယ်ဆိုရင်
ဆရာကြီးတို့ကသမီးတို့အပေါ်မှာဘာကျေးဇူးမမရှိဘူး"
"ဗျာ!"
"ရှင်!"
ဂုဏ်ရောဝင့်ဝါပါအံ့သြသွားသည်
"ဟုတ်တယ် လူလေး ဦးမိုးလည်းဒီကိစ္စတွေသိတာမကြာသေးဘူး....ဆရာကတော်ရှင်းပြလို့သိထားတာပါ"
"မာမီက!?"
"ဟုတ်တယ် အားလုံးအတွက်သူအနှစ်နှာခံသွားတာပါ ပြီးတော့သားဒက်ဒီလုပ်ငံတည်းပြန်ထည့်တဲ့ငွေတွေဟာ ဆရာကတော်ကိုယ်တိုင် ဘဝနဲ့ရင်းပြီးပြန်ရှာပေးခဲ့တာပါ"
ဦးမိုးသွားပြန်ပို့တုန်းကမျက်ရည်တွေနဲ့ရှင်းပြနေတဲ့ဆရာကတော်ကိုပြန်မြင်ယောင်လာသည် ဒီအကြောင်းတွေသားကိုမပြောပြပါနဲ့တဲ့
"အဲ့ငွေတွေကို ဒီကကလေးမအဖေကနေတစ်ဆင့်ပို့ပေးခိုင်းခဲ့တာပါ ဦးမိုးဒီလောက်ပဲရှင်းပြပါမယ် သိချင်တာရှိရင်သားမာမီကိုတာမေးပါ"
တကယ်ဆိုသားအမိချင်ပြန်အဆင်ပြေအောင်
ဦးမိုးလုပ်ပေးနေတာပါ ဒါမှ ဂုဏ်လေးလည်းအိမ်မက်ဆိုတွေဆက်မမက်တော့မှာ
"တော်ပြီးဦးမိုးမပျော်နဲ့တော့ ဝင့်ဝါမကြားချင်ဘူး"
ကိုယ်ကအလုပ်သမားပဲမို့ ဦးမိုးပြန်ထွက်သွားသည်
ဂုဏ်မှာ သူမာမီကိုပြောလိုက်တာတွေပြန်ကြားပြီးချွေးတွေပြန်လာရ၏ ဦးမိုးပြောတာက မာမီဘဝနဲ့ရင်းပြီးတော့တယ် ဂုဏ်နားမလည်တော့ဘူး ဂုဏ်အရှေ့မှာမျက်ရည်တစ်စက်မကျ ဂုဏ်ကိုတစ်ချက်လေးမျှလှည့်မကြည့်သွားတဲ့မာမီက ဂုဏ်နဲ့ဒက်ဒီအတွက် ဘဝကိုစတေးခဲ့တာတဲ့ မာမီရယ် ဂုဏ်တစ်ခုမှနားမလည်တော့ဘူး
"ကျွန်မရှင့်ကိုကွာပေးမယ်"
"ဟင်!"
ဝင့်ဝါစကားကြောင့် ဂုဏ့်ခေါင်းတွေပြန်ထောင်လာ၏ အံ့သြသွားတယ် ဝင့်ဝါကအလွယ်လွယ်နဲ့အဆုံးမပေးတတ်တာသိတော့ သူမဘာဆက်ပြောမလဲဆိုတာ ဂုဏ်နားစွန့်လိုက်၏
"ဒါပေမဲ့အပေးယူတစ်ခုတော့လုပ်ရမယ်"
ထင်တဲ့အတိုင်းပါ
"မင်းဘာလိုချင်တာလဲ?"
"ဒီအိမ်ကြီး!"
ဂုဏ်ခေတ္တာစဉ်းစားပြီ ကိစ္စမရှိပါ
မာမီအိမ်ပေါ်ကဆင်းသွားတော့ ဂုဏ်တို့အိမ်ကိုသောခတ်ပြီးသားအဖနှစ်ယောက်တိုက်ခန်းပြောင်းနေကြတာ ပြီးမှဒီအိမ်ကိုဆောက်ခဲ့ကြတာ ဖိုးဖွားပိုင်အိမ်မဟုတ်ပါ ဒါကြောင့်
"ရတယ် မင်းလိုချင်တာအားလုံးဖြစ်စေရမယ်"
"ကောင်းပြီးအခုလောလောဆယ်တော့
ကျွန်မအိမ်ပြန်နေမယ် အားလုံးအဆင်သင့်ဖြစ်ရင်ဖုန်းခေါ်လိုက်ပါ"
ဘာပစ္စည်းမှမယူပဲ ဝင့်ဝါဒီအတိုင်းဆင်းပစ်ခဲ့လိုက်သည် ဝင့်ဝါဆိုတာ လွယ်လွယ်နဲ့အဆုံးမပေးတတ်သူပါ ရှင်စောင့်ကြည့်နဲ့ရှင့်တို့ကိုကျွန်မဘယ်လိုပညာတွေပြမလဲဆိုတာ ရှင့်ကလေးဆိုတာကိုရှင်မမြင်တွေ့စေရဘူးလို့ ကျွန်မကတိပေးတယ် မမြင်မတွေ့ရအောင်ကျွန်မကိုတိုင်လုပ်ပြမယ်
တွေးရင်မျက်နှာကိုမဲ့ကာ ကားကိုခက်ကြမ်းကြမ်းမောင်းထွက်ခဲ့လိုက်သည် ကိုကြီးကို လရိပ်နွေကိုပြန်လိုက်ခိုင်းရမယ် ဂုဏ်ရောင်ရှိန်ဆိုသောကျွန်မကိုကိုရေ ရှင်ခံစားဖို့တာပြင်လိုက်တော့
ဝင့်ဝါစောစောကယူလိုက်တဲ့လက်စွပ်ကိုလက်ထဲပြန်ဝတ်ထည့်လိုက်သည် ဒီလက်စွပ်ကအဓိကလိုအပ်တယ် ဒီအကြံတွေကိုအောင်ဖို့အတွက်
ဂုဏ်လည်းဝင့်ဝါထွက်သွားပြီးတော့ ကားသော့ကိုဆွဲကာလရိပ်ကိုရှာဖို့ထွက်ခဲ့၏ ခက်တာက သူမဘယ်သွားတတ်လည်းဆိုတာ ဂုဏ်မသိပါ တစိမြို့လုံးနေရာအနံ့ရှာပေမဲ့မတွေ့ပါ ဒဏ်ရာတွေကိုက်နေပေမဲ့ သူမှာဒဏ်ရာတွေကိုဂရုမစိုက်နိုင်ပါ
နောက်ဆုံးတော့ လရိပ်အိမ်ကိုတာသွားဖို့ဆုံးဖြတ်လိုက်၏ သူမအိမ်ပြန်သွားတာပဲနေမှာ
ဧည့်သည်ရောက်နေတယ်ဆိုလို့ ပြည့်စုံနားနေခန်းကိုထွက်ခဲ့သည် ရောက်ရောက်ချည်းမှာတော့ သူလုံးဝထင်မထားတဲ့ လရိပ်ကိုတွေ့ရ၏ မျက်နှာလည်းမကောင်းတဲ့မပြင်အနားမှာခရီးဆောင်
အိတ်ကြီးကိုတွေ့လိုက်တာမို့ အံ့သြရင် လရိပ်နားအပြေးလေးသွားမိသည်
"လရိပ်ဘယ်လိုဖြစ်တာလဲ? အိမ်ပေါ်ကဆင်းလာတာလား?"
"ဟုတ်တယ်ဒေါက်တာ လရိပ်ဘယ်သွားရမလဲဆိုတာမသိလို့ ဒေါက်တာကိုအကူအညီလာတောင်းတာပါ"
ရှက်ရှက်နဲ့ပဲလရိပ်ပြောလိုက်၏
မျက်ရည်တွေကိုထိန်းချုပ်ရင့်
ပြည့်စုံအောင်အတွေးတွေထဲမှာတော့
လရိပ်ကဘာကြောင့်အိမ်ပေါ်ကဆင်လားတာလဲ သူသိချင်နေမိ၏ ဝမ်းကွဲတွေနဲ့အဆင်းမပြေလို့လား ဒါမှမဟုတ်အိမ်ကထွက်ပြေးလာတာလား? မျက်နှာကိုငိုထားတာသိသာနေသည်
ဒေါက်တာဘာတွေးနေလည်းဆိုတာသိတဲ့
လရိပ်မှာတော့ မထူးတော့တဲ့အဆုံးဖွင့်ပြောဖို့ဆုံးဖြတ်ထားပြီးတာပါ
"ဒေါက်တာကိုလရိပ်ရှင်းပြမှာပါ
ဒေါက်တာအလုပ်ပြီးရင်တစ်နေရာရာသွားကြမယ်လေ"
"ဒါဆိုခဏနော် နောက်ထပ်
တစ်နာရီလောက်ဆိုပြီးပါပြီ"
"ဟုတ်ကဲ့ဒေါက်တာ လုပ်စရာရှိတာလုပ်ပါ
လရိပ်စောင့်နေပါမယ်"
ဒေါက်တာကိုပြောဖို့ လရိပ်အားမွေးနေမိသည် ဘယ်လိုပဲဖြစ်ဖြစ်ဒေါက်တာကဒေါက်တာမို့ သူမကိုနားလည်ပေးမှာပါ ဘာဆက်လုပ်ရမလဲဆိုတာကိုလည်းအကြံပေးလိမ့်မယ်ဆိုတာ...
"ကိုကြီးလရိပ်နွေကိုပြန်လိုက်ရမယ်"
"ဟင်! ဘာကြောင့် လရိပ်နဲ့ကိုကြီးနဲ့ကသူငယ်ချင်လိုနေဖို့ဆုံးဖြတ်လိုက်ကြပြီး"
"မရဘူး ကိုကြီးပြန်လိုက်ရမယ်"
ပြောပြောရင်ငိချလိုက်တယ် ညီမဖြစ်သူကြောင့်
ပိုင့်မှာလန့်သွားရ၏ ညီမလေးဘာဖြစ်လာပြန်တာလဲ?
"ညီမလေးမငိုနဲ့လေ မာမီကြားသွားအုန်းမယ် ဘာဖြစ်ခဲ့လည်းဆိုတာ ကိုကြီးကိုပြော"
ငိုသံတွေကနည်းနည်းတိုသွားကာ
ညီမလေးရှင်းပြတာတွေနားထောင်ပြီးသူသက်ပြင်းချမိသည် နောက်ဆုံးတော့ သူစိုးရိမ်တာတွေတကယ်ဖြစ်ခဲ့ပြီးပေါ့
"ကိုကြီး လရိပ်နွေကိုပြန်လိုက်ပါ မလိုက်လို့ကတော့ သူဗိုက်ထဲကကလေးတစ်ခုခုဖြစ်ရင်ညီမလေးကိုအဆိုးမဆိုနဲ့"
"ညီမလေး နင် နင်ဘာပြောလိုက်တာလဲ"
"ကိုကြီးကြားတဲ့အတိုင်းပဲလေ ကိုကြီးပေါ်မှာတာမူတည်တယ်"
ပြောပြီးသူ့အရှေ့ကပြေးထွက်သွားသည်
ညီမလေးက ဝမ်းနည်းလို့ငိုနေတာမဟုတ်ပဲ
သူအရှုံပေးလိုက်ရလို့ငိုနေတာကိုသူသိလိုက်ရ၏
လရိပ်အတွက်သူဘာလုပ်ပေးရမှာလဲ?
လရိပ်ကရောလက်ခံမှာတဲ့လား?
ညီမလေးကတော့ သူ့ဇာတ်သူမနိုင်တော့ဘူးနဲ့တူတယ် ဂုဏ်ရောင်ရှိန်ကိုကွာပေးမယ်လို့ပြောခဲ့ပြီးဘာတွေလျှောက်လုပ်ပြန်မို့လဲ? ည်ီမဖြစ်သူရဲ့စိတ်ကိုသူလုံးဝမဖတ်တတ်တော့ပါ
Coming Soon အပိုင်း ၁၉
ဇာတ်လမ်းသည်စာရေးသူရဲ့
စိတ်ကူးယဉ်များတာဖြစ်သည်
နောက်ဖတ်တဲ့သူတွေအလွယ်တကူရှာ
လို့ရအောင် ဖတ်ပြီးရင် comment လေးပေးခဲ့ပါ အပန်းမကြီးဘူးဆိုရင်😘♥️