မချစ်ဖူးလို့ မသိပါ (အပိုင်း၁)
"စိတ်ထားဖြူ .....လာခဲ့စမ်း ညည်းစာမေးပွဲကျတယ်ဆို"
"ကျတာထူးဆန်းလို့လား ဖွားဖွားကလည်း တကတဲ"
"အောင်မလေးတော် ညည်းက ဒါမထူးဆန်းဘူးပေါ့ တွေ့မယ် ဒီမှာ"
ဒေါ်သန်းနုရဲ့လက်ထဲတွင် ကြိမ်တုတ်ရောက်သွားသောအခါ ထားပြေးဖို့ရန် အသင့်ပြင်လိုက်သည်။
"ဟဲ့ မိထား လာခဲ့လေ လာစမ်း စာမကျက်တဲ့ကောင်မလေး"
"အီးဟီးဟီး ဖွားဖွားနော် ကိုယ့်မြေးမလေးကို လက်လွန်ခြေလွန် တုတ်လွန်ဖြစ်သွားမယ် စိတ်လျှော့ပါ နော် နော် နော်"
"မလျှော့ဘူး ညည်းကို မိတဆိုးလေးမို့ ဖအေကလည်း အဝေးမှာအလုပ်လုပ်နေရလို့ ငါက ဒုက္ခခံပြုစုထားတာ ခုတော့ လုပ်ချလိုက်တာ ကြည့်စမ်း ၉တန်းတောင်ကျတယ်တဲ့ လာခဲ့စမ်း ငါ့အရှက်ခွဲတဲ့ မိန်းမ"
"ဟာ....ဖွားဖွားနော် ထားကိုတကယ်ကြီးရိုက်မလို့လား"
နောက်ဆုံးတော့လည်း ဖွားဖွားပဲ မောပြီး ခြေပစ်လက်ပစ် ထိုင်လိုက်သည်။မိမနိုင်စိန်ကို ထိန်းကွပ်ရတာ ဝဋ်တစ်ခု။
"အဟီး ဖွားဖွား လက်နက်ချပြီလား"
"အေးဟေ့ အေး....ငါတော့စိတ်ညစ်ပါတယ် နင်နဲ့တော့...မဖြစ်ဘူး ။နင့်အဖေကို အကြောင်းကြားမယ်"
"ဟာ ဖွားဖွား လုပ်ပါနဲ့ ထားမုန့်ဖိုးဖြတ်ခံရလိမ့်မယ်"
"ဪ ဒါကျတော့သိသားပဲ....မရဘူး နင့်အဖေကိုပြောမှဖြစ်မှာ"
"ဖွားကလည်း အဟင့် ဟင့်"
ထား ဟန်ဆောင်ပန်ဆောင်ငိုပြလိုက်သော်လည်း အချည်းအနှီးဖြစ်သွားသည်။ထား၏ဖခင်ဦးလွင်အောင်သည် မြစ်ကြီးနားမှာ တာဝန်ကျနေပြီး ထားကတော့ ကျောက်ပန်းတောင်းမှာပဲ ဖွားဖွားနဲ့အတူ နေထိုင်ခဲ့ရသည်။အခုတော့ ထားဘဝတစ်ဆစ်ချိုးပြောင်းလဲသွားအောင် ဘာတွေဖြစ်လာဦးမလဲ ထားလည်းမသိတော့ပါဘူး။
"မိထားရေ ဟေ့ စိတ်ထားဖြူ "
ခြံရှေ့က အေးမြအော်သံကြောင့် ထားအိမ်အပြင်ထွက်လာသည်။
"ပြော ဘာလဲ စွတ်တရွတ်အော်နေတာ"
ထားပြောလိုက်တာကို သူကစိတ်မဆိုးဘဲ ခပ်ပြုံးပြုံးလေးလုပ်နေသည်။ပြီးမှ
"နင်ကလည်းဟာ ငါအဖော်မရှိလို့ ယာထဲလိုက်ခဲ့ဦးနော် နော်"
"ဇာတ်လမ်းကစပြီ နေဦး ငါ ဖွားဖွားကိုပြောဦးမယ်"
"ဟယ် တယ်လိမ်မာနေပါလား "
"ခုမှ သိလား ဟွန်း ခဏ"
ထား အိမ်ထဲပြန်ဝင်သွားချိန်အထိ အေးမြကလိုက်မဝင်ဘဲ အပြင်မှာပဲ ရပ်ကျန်ရစ်ခဲ့သည်။ဖွားဖွားရဲ့ အော်သံဟစ်သံကို နားမခံနိုင်၍ နေခဲ့တာဆိုလည်း မမှားပါ။
ဖွားဖွားက ဧည့်ခန်းမှာ စားစရာတွေစီရင်နေသည်။တခမ်းတနားပြင်ဆင်နေပုံကိုကြည့်၍ အရေးတကြီးဧည့်သည်ပင်ဖြစ်နိုင်သည်။ဖွားဖွားက အိမ်အကူတွေကို နေရာတကျခိုင်းစေနေသည်။
"ဖွားဖွား ထား အပြင်သွားမလို့"
"ဘာလုပ်မလို့လဲ မသွားရဘူး ဒီနေ့မြို့ကဧည့်သည်တွေလာမှာ"
"ဟာ ဖွားကလည်း သူတို့လာတာ ထားနဲ့မဆိုင်ရေးချမဆိုင်ဘူးနော်"
"ဆိုင်တာပေါ့...အဲ့ဒိဧည့်သည်တွေက ညည်းအဖေမိတ်ဆွေတွေ...ညည်းမြို့ကကျောင်းကိုသူတို့အိမ်မှာနေပြီးတက်ရမှာ"
"ဘယ်လို...သူတို့အိမ်ကို လိုက်နေရမယ် ဟာ ဟင့်အင်း ထားမနေချင်ဘူးနော် ဖွားရယ် ဖေဖေ့ကိုကူပြောပေးပါဦး....ကိုယ့်မြေးမလေးကို သူများအိမ်မှာ မျက်နှာငယ်နဲ့နေစေချင်လို့လား"
"တိတ်စမ်း...မိထား လူကြီးတွေကကောင်းစေချင်လို့စီစဉ်တာကို မငြင်းနဲ့ သွားတော့ မနက်ဖြန်သွားဖို့ပစ္စည်းတွေထည့်ထား "
"ဟင်....မ..မနက်ဖြန်...ဟာ ဖွားဖွား"
"သွားဆို ငါလုပ်လိုက်ရ"
"အာ့...သွားပြီဗျို့"
စိတ်ထားဖြူ ထွက်သွားသောအခါမှ ဒေါ်သန်းနုပြုံးနိုင်တော့သည်။တစ်ယောက်တည်းရှိသော မြေးမလေးကို အဝေးမြေခြားတွင် တစ်ယောက်တည်း လွှတ်မထားချင်သော်လည်း သူ့ရဲ့ပညာရေးက အဓိကပဲမဟုတ်လား။
"တီ.....တီ..."
"ဟော်တော်....ကားသံကြားတယ်...ဟဲ့ မောင်ထွန်းရှိန် တံခါးသွားဖွင့်လိုက်...ပြီးတော့ လှမေက ထားကိုသွားခေါ်စမ်း"
"ဟုတ်..ဖွားဖွား"
အသီးသီးကိုခိုင်းစေလိုက်ကာ ဧည့်သည်တော်တွေကို စောင့်နေလိုက်သည်။
ခဏအကြာ ဧည့်သည်လင်မယားနှင့် သားတစ်ယောက်က အိမ်ထဲကို ဝင်လာကြသည်။
"ဟာ....ဖွားဖွားက နုဆဲပဲနော်"
ဦးမြင့်မြတ်အောင်က အပြုံးလေးနဲ့ ဖွားကိုနှုတ်ဆက်ရင်း အိမ်ထဲသို့ဝင်ခဲ့ကြသည်။
"ပြောတာပါပဲကွယ် ဒီမြေးမထိန်းရတာနဲ့ မနုချင်တော့ပါဘူး ကဲ ကဲ အိမ်ထဲဝင်ကြ"
"ဖွား..ဒါနဲ့ ဟို မြေးမကရော ဘယ်သွားလဲ"
"ရှိတယ် ဟဲ့....လှမေရေ မိထားကိုသွားခေါ်လိုက်ဦး"
"ဪ မိထားတဲ့လား"
အခုမှပဲ ဇနီးဖြစ်သူဒေါ်တင်တင်နွယ်က မေးတော့သည်။
"အမည်ရင်းက စိတ်ထားဖြူတဲ့....အလိုလိုက်ထားတော့ အရမ်းဆိုးတာကွဲ့ အဲ့ဒါကြောင့် ဒီကတူလေးတို့ဆီမှာ ကျောင်းဆက်တက်စေချင်လို့...သူ့ကိုဆုံးမပေးကြပါကွယ်"
"ဘာမှမပူပါနဲ့ ဖွားရဲ့...ကျွန်တော်က လွင်အောင်နဲ့ငယ်သူငယ်ချင်းတွေဆိုတော့ ကူညီရတာပေါ့...ဪ ဒါက သားငယ်ဗျ အောင်တိုင်းညီတဲ့ အိမ်မှာက သားကြီးရော သမီးလေးရောရှိသေးတယ်"
"ဪ ဒါဆို အဖွားမြေးလေးအဖော်ရတာပေါ့ ကျေးဇူးတင်ပါတယ်ကွယ် ကဲ စားကြပါဦး ဘာမှအားမနာနဲ့"
"စားမှာ စိတ်ချဗျို့...."
"အေးပါကွယ် စားကြ"
ဧည့်သည်လင်မယားနှစ်ယောက်က စားလိုက်ကြ စကားတွေပြောလိုက်ကြနှင့် ဖော်ဖော်ရွေရွေရှိလှသည်။သားဖြစ်သူကောင်လေးက အနေခပ်အေးအေးထင်ပါရဲ့။စကါးသိပ်မပြောပဲ မျက်နှာလေးညှိုးနေသည်။
"ဟဲ့ ကောင်လေး နေမကောင်းဘူးလား"
ဖွားဖွားက စကားဖြတ်ပြီး ညီ့ဘက်ကိုမေးခွန်းမေးလိုက်သည်။သူမဖြေရသေးခင်မှာပဲ မေမေကအရင်ဖြေလိုက်သည်။
"ဖွားရေ...ကားမူးလို့တဲ့...ကဲ သား အပြင်လေကောင်းလေသန့်လေးရှူချည်ပါ့လား...ဒီထဲနေရင် အရမ်းမူးနေမယ်"
"ဟုတ်ကဲ့...မာမီ။ဪ ဖွား ညီ့ကိုအပြင်ထွက်ခွင့်ပြုပါဦး"
"အေး အေး သွားပါကွယ်"
ညီအပြင်ကိုထွက်လာကာ ခြံဝန်းလေးထဲ လျှောက်ကြည့်နေမိသည် ။အိမ်ကိုတည်ဆောက်ထားပုံက မြို့အိမ်တွေလို ခေတ်မီစနစ်တကျ ဆောက်ထားတာဖြစ်သည်။
ထားကိုလိုက်ရှာရင်း ဒေါ်လှမေတစ်ယောက်ခေါင်းမီးတောက်နေပြီ။ဖွားဖွားက အခေါ်လွှတ်လိုက်တာမို့ ရှာပေမဲ့ အခန်းထဲမှာလည်း မတွေ့ အပြင်မှာလည်း မတွေ့သေး။
"ဒီကောင်မလေး ဘယ်ပျောက်သွားပါလိမ့်နော်"
"ခစ်ခစ် "
ထား ရယ်ချင်စိတ်ကိုမနည်းချုပ်တီးထားရသည်။ဒေါ်လှမေက ထားကိုရှာရင်း ချွေးဒီးဒီးကျနေတာပင်။ထားက သူမသိအောင် ပုန်းနေခဲ့တာ။
"ကဲ...မှတ်ပလား...ဟွန်း..မြို့ကဧည့်သည်တွေလာတာ ထားကိစ္စလား...ကိုယ့်ဟာကို အိမ်လည်တာကောင်းတယ်"
ထားနောက်ဘက်ပေါက်ကနေ ခိုးထွက်လာစဉ်
"မမထား...မမ...အီးဟီးဟီး "
"ဟယ်...သာထူး ဘာလို့ငိုလာတာလဲ ပြောစမ်း ဘာဖြစ်လို့လဲ အေးမြကရိုက်လို့လား"
"ဟုတ်ဘူး မမထား...ဟို..ဟိုမှာလေ"
သာထူး လက်ညှိုးညွှန်ပြနေတာက မန်ကျည်းပင်ရဲ့ အကိုင်းတစ်ခု။သေချာကြည့်မှ ထိုကိုင်းတွင်စွန်ငြိနေတာကိုမြင်လိုက်ရသည်။
"စွန်လိုချင်ရင် မမယူပေးမယ်နော် ခဏစောင့် မငိုနဲ့တော့ တိတ် တိတ်"
"ဟုတ်...မမထား မြန်မြန်လုပ်နော် သားသားစောင့်နေမယ်"
ကလေးအငိုတိတ်ရအောင် သစ်ပင်ပေါ်တက်ကာ အရိပ်အရောင်ပြမဲ့ ပေါက်ကျော်မတော့ လုပ်ငန်းစလေပြီ။လှေကားထောင်လိုက်ပြီး စွန်ကိုတက်ယူလိုက်သည်။သစ်ပင်က လူတစ်ရပ်ကျော်စာပဲ ရှိသည် ။
"ဟာ....သူ...သူခိုး...ဆင်းခဲ့စမ်း"
"ဟင်"
အောက်ငုံ့ကြည့်လိုက်တော့ လှေကားကိုလှုပ်နေတာ လူငယ်တစ်ယောက်ဖြစ်နေသည်။ဒါ မြို့ကကိုရွှေချောပဲဖြစ်မည်။
"အောင်မာ ပြူးတူးပြဲတဲ ကြည့်မနေနဲ့...ဆင်းခဲ့စမ်း"
"ဟာ...ဘာလို့အရမ်းလှုပ်နေတာလဲ ဒီမှာပြုတ်ကျတော့မယ်"
"ဆင်းခဲ့စမ်း ရုပ်ကလေးသနားကမားနဲ့ခိုးတုန်းကခိုးပြီးခုမှ"
"အံမာ ဘယ်သူကခိုးနေလို့လဲ ထားကသူခိုးမဟုတ်ဘူး ဖြစ်ရင်ဖြစ် နင်သာသူခိုး"
"ဘာ...မင်း"
"ဒုန်း..ဝုန်း"
"အား....သေပြီ"
လှေကားကို ညီက အတင်းတွန်းလိုက်တော့ ယိုင်ထွက်သွားကာ ထားဟန်ချက်ပျက်သွားသည်။ထားကိုယ်လေး လေထဲ ဝေ့ခနဲဖြစ်သွားပြီး ကိုယ့်ကိုယ်ကို သေပြီပဲလို့ထင်လိုက်သည်။သို့သော် အောက်ကျလာတော့ ထားမသေသေးပါ။
"ငါ အသက်ရှူနေသေးတာလား"
မျက်လုံးဖွင့်မကြည့်သေးဘဲကိုယ့်ဝင်သက်ကို ဆန်းစစ်ကြည့်နေမိသည်။
"ခင်ဗျား မသေဘူး အမိ ဖယ်တော့ အား"
"ဟင်...သူ"
အခုမှ တကယ်မျက်လုံးဖွင့်ကြည့်တော့ ထားက သူ့ရဲ့ရင်ဘတ်ပေါ် မှောက်ရက်လဲကျသွားတာပါလား။
"ဟာ...ပြူးတူးပြဲတဲကြည့်ပြန်ပြီ..မင်းကိုယ်လုံးကြီးဖယ်စမ်း ဒီမှာအောက်ကလူက သေတော့မယ်"
"မဖယ်ဘူး သူခိုးလို့ စွပ်စွဲလို့ကို မဖယ်တာ"
ပြောနေစဉ်အတွင်းမှာပဲ
"ဟယ်....သမီး..."
"ဟင်....သား"
အိမ်ဘက်ကနေ အိမ်သားတွေအားလုံးပြေးထွက်လာကြတော့ နှစ်ယောက်စလုံးက ထပ်ရက်ကြီးဖြစ်နေကာ အမြင်မတော်စရာ မျက်စိဆံပင်မွေးဆူးစရာကြီးဖြစ်နေသည်။ဝုန်းခနဲ အသံကြား၍ ထွက်လာကြတာဖြစ်မည်။နှစ်ယောက်စလုံး စကားနိုင်လုနေကြ၍ ဘေးပတ်ဝန်းကျင်ကိုလည်း သတိမထားမိခဲ့။
"ဒါက ဘာဖြစ်တာလဲ မိထား"
ဖွားဖွားရဲ့ မေးသံက အောင်အောင်မာမာကြီး။ထား နဲ့ သူ ထထိုင်လိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် ရန်မူသည့်မျက်စောင်းတွေထိုးလိုက်ကြသည်။
"ဟဲ့...ဖြေလေ သား"
မာမီကပါ မေးနေ၍ ညီခေါင်းခြောက်သွားကာ ပွန်းပြဲသွားသောလက်မောင်းကဒဏ်ရာကို ယောင်ပြီးအုပ်လိုက်မိသည်။အထင်လွဲစရာကြီးဖြစ်နေမှာပဲ မဟုတ်လား။
"ဟို....ဟို လေ..သူကအရင်စတာ ဖွား"
ထားအသံက မတိုးမကျယ်ဖြစ်သော်လည်း သူ့နားတွင်တော့ ဗုံးပေါက်သွားသကဲ့သိုပင်။
"အောင်မာ နင်အရင်စတာ..နင်သာ သစ်ပင်ပေါ်တက်တာလေ"
"နင် အရင်စတာလေ ငါ့ကို သူခိုးလို့ပြောတာပါ့ကော"
"နင် အရင်စတာလေ"
"ငါမဟုတ်ဘူး နင်စတာ"
"နင်"
"နင်"
တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုးရင်း မျက်စောင်းတခဲခဲဖြစ်နေကြသည်။လူမဟုတ်ဘဲ နဂါးသာဆို ပြာကျကုန်လောက်ပြီ၊
"ကဲ....တော်ပြီ တွေ့မှမတွေ့ရသေးဘူး ရန်ကအရင်ဖြစ်တယ်...ဟင်းဟင်း မိထားနော် ညည်း တွေ့မယ်"
"ဟာ ဖွားကလည်း သူစမှားတာလေ"
ထားက အတိုင်အတောထူကာ စူပွပွနဲ့ပြောလိုက်တာကို ဧည့်သည်လင်မယားကပြုံးကြည့်နေကြသည်။
"လူကိုများ ပြက်လုံးထုတ်နေတယ်ထင်နေလားဘဲ ဘာပြောပြော ပြုံးပြုံးကြီးကြည့်နေတာ တကတဲ"
ထား တွေးလိုက်တာကို သူတို့များ ရိပ်မိသွားသလားမသိပါ။ ထားကို ပိုပြုံးပြပြီး
"သမီးလေးက ချစ်ရာကောင်းလိုက်တာ...ထားထားလို့ခေါ်မယ်နော်...ကဲ သားရေ...အဲ့ဒါမင်းသူငယ်ချင်းအသစ်ပဲ..စိတ်ထားဖြူတဲ့..ထားထားရေ...သူက မာမီ့ရဲ့သားငယ် အောင်တိုင်းညီတဲ့ မှတ်ထားကြနော်"
"ဟုတ်"
"ဟုတ်ကဲ့ မာမီ"
ထိုနေ့က ပြဿ နာသည် ထိုမျှနှင့် အကျဉ်းချုပ်ပြီးသွားသော်လည်း နောင်လာမည့်ပြဿ နာပေါင်း သောင်းခြောက်ထောင်မက ရှိနေပေဦးမည်။
တစ်နှစ်ကျထားပြီး ညီနှင့်အတူကျောင်းတက်ရမည့် အတောအတွင်း ထားတစ်ယောက် တဂျက်ဂျက်ရန်ရှာနေဦးမှာလား။အရင်လိုမဟုတ်ဘဲ အေးဆေးတည်ငြိမ်သွားမှာလား မသေချာသေးပေ။ညီ့အကြိုက်က ထားပုံစံမဟုတ်သလို ထားရဲ့မိတ်ဆွေပုံစံကလည်း ညီလို ပျော့စိစိကောင်စားမျိုးမဟုတ်။
ထား မြို့ကို မလာချင်သော်လည်း ရောက်ရသည်။မနေချင်သော်လည်း ပျော်သလိုနေရသည်။တော်ရာမှပဲ ပျော်အောင်နေပစ်ဖို့ ထားစိတ်ကူးယဉ်ကြည့်မိသည်။ပြဿ နာတွေ ဖန်တီးရင်း ပျော်ရွှင်မှုကို အရယူမည်။ဒါ ထားရဲ့အိပ်မက်။
"စိမ်းရေ စိမ်း လာပါဦး"
အိမ်ထဲမှ ထားနှင့်ရွယ်တူကောင်မလေးတစ်ယောက်ထွက်လာသည်။မြို့သူမို့ ရူပါက မချူချာပေ။အတော်လေး ချောလှသည်။သူ့ရဲ့ဆံပင်တွေက ပေါင်လယ်လောက်ရောက်နေပြီး ဒီတိုင်းလေးဖြည်ချထားသည်။ရိုးလည်းမရိုး ဆန်းလည်းမဆန်းသော ဝတ်ဆင်မှုမျိုးနှင့် ယဉ်စစလေးပင်ဖြစ်သည်။
"ဟင်...မာမီ သူကဧည့်သည်လား"
ထားကိုမေးနေခြင်းပင်ဖြစ်သည်။ထား ပြန်ပြုံးပြနေပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်သည်။
"ဟုတ်...စိတ်ထားဖြူပါ ဒီအိမ်မှာနေပြီးကျောင်းတက်ရမှာပါ"
"ဪ တို့နာမည်က ပင်ရွက်စိမ်းပါ"
အံ့သြသလိုလေး ပြုံးပြီး ထားရဲ့အဝတ်အိတ်တွေကို အိမ်ထဲယူသွားသည်။
"မာမီ သူ့အတွက်အခန်းကရော"
စိမ်းက မေးလိုက်သည်။ဒီအိမ်မှာ တစ်ယောက်တစ်ခန်းနေကြ၍ မေးလိုက်ခြင်းဖြစ်သည်။
"စိမ်းနဲ့ ကပ်ရပ်အခန်းကို ရှင်းခိုင်းပြီးသား....ဟဲ့..မိညိုရေ မိညို"
"ရှင်...မမကြီး"
"အေး....ဒီပစ္စည်းတွေကို ရှင်းခိုင်းထားတဲ့အခန်းမှာသွားရွှေ့တော့...ထားထားလည်းနားဦးမလား"
"ရပါတယ် အန်တီရဲ့ ထားအဆင်ပြေပါတယ်"
" ဒါဆိုလည်း စိမ်းနဲ့စကားပြောနေလေ မာမီနဲ့ဒယ်ဒီတို့ သွားနားတော့မယ်...ဪ ညီရော"
ညီက ကားအပြင်ကိုထွက်လာကတည်းက အခန်းထဲကို တန်းတန်းမတ်မတ်ဝင်သွားပြီး အပြင်ကို ပေါ်တော်မူမလာပါ။
"ညီအထဲဝင်သွားတာ စိမ်းမြင်လိုက်တယ် မာမီ"
"ဪ ဒီကလေးကလည်း ...ကဲပါလေ မာမီသွားပြီနော်"
"ဟုတ်"
မာမီတို့ထွက်သွားချိန်အထိ နှစ်ယောက်လုံး စကားမပြောဖြစ်ကြသေး။တစ်ယောက်ကိုတစ်ယောက် စူးစမ်းလေ့လာနေမိသည်။
ထား၏ပုံစံလေးက လွတ်လွတ်လပ်လပ်သွင်ပြင်မျိုးဖြစ်သည်။ခပ်ပွပွအင်္ကျီလက်ရှည်ကို ဝတ်ထား၍ ကပိုကရိုရှိလှသည်။ ဂျင်းဘောင်းဘီအရှည်ကို ဒူးနားအထိခေါက်တင်ထား၍ အပေါ်ကအပွ အောက်က တိုနံ့နံ့ဆိုတော့ ကြည့်ရတာ သိပ်ဒေါင့်မကျိုးပါ။သို့သော်လည်း ထားသည် စိမ်းအတွက် ညီမလေးတစ်ဦးလို ချစ်ခင်ဖွယ်ကောင်းလောက်အောင် အပြုံးချိုချိုလေးတော့ ရှိသေးသည်။အပြစ်ကင်းသည့်မျက်နှာလေးက ကလေးဆန်ဆန်လေးဖြစ်သည်။
"နင်က ဘယ်နှတန်းလဲ"
ရုတ်တရက် နင် လို့သုံးနှုန်းလိုက်၍ စိမ်း အံ့သြမိသွားသည်။
"စိမ်းက ဆယ်တန်းတက်ရမှာ ညီမလေးရဲ့...ထားကရော"
"ညီမလေးလို မခေါ်ပါနဲ့...ငါက နင်နဲ့ရွယ်တူပဲ ကိုးတန်းကျသွားလို့ အတန်းငယ်တာ"
စိမ်း သူ့စကားကြောင့်ပြုံးမိသွားသည်။စိတ်ဆိုးစရာဖြစ်မလာဘဲ ပိုပြီးတောင်ချစ်ဖို့ကောင်နေသည့် ထားပဲမဟုတ်လား။ကိုယ်ရဲ့မကောင်းကြောင်းကို ပေါ်တင်ပြောကာ ရှက်ရကောင်းမှန်းလဲမသိပေ။တကယ့် အရိုင်းတုံးလေးပါလား ထားရယ်။
ကြိုးစားပမ်းစားဖန်တီးထားတာမို့ အားပေးကြပါဦးနော်။အရမ်းကောင်းတဲ့ဇာတ်လမ်းလေးဖြစ်အောင်ရေးထားပါတယ် readerတို့ရေ😘😘😘