ကျွန်တော့်မွေးနေ့...

ကျွန်တော့်မွေးနေ့...

ဒီနေ့ကတော့ ကျွန်တော့်ရဲ့မွေးနေ့ဖြစ်ပါတယ်။ မနက်စောစော ဘုရားသွားကာ နေ့လည်ပိုင်းတွင် အိမ်မှာပဲ အချိန်ကုန်ခဲ့ပါတယ်။ အခုမှ နေကောင်းသက်သာခါစ ဖြစ်လို့ ဘာမှလည်း ထူးထူးခြားခြားမလုပ်ဖြစ်ပါ။ မွေးနေ့တွေ ဖြတ်သန်းခဲ့ဖူးပါတယ်။ အသက် ၁၆ နှစ်လောက်ကစလို့ မွေးနေ့ဆိုတာ ထူးခြားတဲ့နေ့လို့ စိတ်ထဲမှာ သိမှတ်စပြုခဲ့တယ်။

ဟိုတယ်ဝန်ထမ်းဘဝမို့ ဟိုတယ်က ကျင်းပပေးတဲ့ ဝန်ထမ်းတွေရဲ့ မွေးနေ့ပွဲတွေမှာ ပါဝင်ဖြစ်ရင်း မွေးနေ့ဆိုတာ ဒါမျိုးလားဆိုပြီး ကိုယ်တိုင်စတင်ခံစားခဲ့ရဖူးတယ်။ အခုတော့ ဟိုတယ် ဝန်ထမ်းမဟုတ်တော့ မွေးနေ့ ဆုတောင်ပေးမဲ့သူလည်း မရှိ။ အိမ်က မိသားစုဝင်တွေလောက်ကသာ မွေးနေ့ဆိုပြီး အသိမှတ်ပြု ဆုတောင်းပေးကြရုံလောက်ပါပဲ။ ဟုတ်တယ်လေ၊ မွေးနေ့ဆိုပြီး ဘာမှ ထူးထူးခြားခြားပြောင်းလဲသွားတာမျိုးမှ မရှိပဲ။ အဓိက မိမိရဲ့ စိတ်ထားပေါ်မှာသာ မူတည်တာ မဟုတ်လား။ စိတ်ထားလေးကို ကောင်းကောင်းထား။ လာမဲ့ ဘဝခရီးလမ်းရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကို ကြံ့ကြံ့ခံနိုင်အောင် ပြင်ဆင်ထားရမယ်။

IMG_20241024_095357.jpg

IMG_20241024_095434.jpg

IMG_20241024_095712.jpg

IMG_20241024_095357.jpg

ဒါနဲ့စကားမစပ် Telegram Meme Aridrop တစ်ခုဖြစ်တဲ့ X Empire ကနေ ကျွန်တော့်အတွက်တဲ့ 29702 X ကို 2$ မွေးနေ့လက်ဆောင် ရရှိခဲ့ပါတယ်။ ဒါလေးကတော့ ထူးထူးခြားခြား ပေါ့...

Screenshot_20241024_141934_com.bitget.exchange_edit_35505856728436.jpg


#ကိုကိုမိုးဟိန်း
@myanmarkoko

24 Oct, 2024

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center