ငယ်ဘဝအမှတ်တရ (Myanmar)

ဤအကြောင်းရေးဖြစ်ခဲ့ခြင်းမှာ မနေ့က မိမိ၏
ရှမ်းခေါက်ဆွဲဆိုင်သို့ ငယ်သူငယ်ချင်း နှစ်ယောက်
လာရောက်ခဲ့ခြင်းကြောင့် ငယ်ဘဝအား သတိရကာ
စာရေးချင်စိတ်ဖြစ်ခဲ့သည်။ တစ်ချိန်ချိန်တွင်တော့
စာရေးဆရာကြီးမဟုတ်ပေမဲ့လည်း မိမိ၏ဘဝအား
မည်ကဲ့သို့ ဖြတ်သန်းရခဲ့ရသည်ကို မိမိ၏သားသမီး၊
သို့မဟုတ် တူ၊ တူမများ လေ့လာသိရှိခွင့်ရရှိစေရန်
မိမိ၏ အတ္ထုပ္ပတ္တိအား ရေးသားခဲ့ဖို့ စိတ်ကူးရှိပါ
သည်။

ငယ်ဘဝအမှတ်တရ

ယခုတော့ မဆီမဆိုင် ငယ်ဘဝအား သတိရသွားမိ
ခြင်းအား ဖော်ပြပေးပါမည်။ ကျွန်တော်ငယ်စဥ်
ကတည်းက အပေါင်းသင်းမိတ်ဆွေနဲလှသည်။
ကြုံတဲ့လူနဲ့ ပြောဆိုဆက်ဆံနိုင်ပေမဲ့ စိတ်တူကိုယ်တူ
ပေါင်းသင်းဖြစ်ခဲ့သော မိတ်ဆွေ၊ သူငယ်ချင်းများမှာ
လက်ချိုးရေတွက်လို့ရပါသည်။ ယခုဖော်ပြပေးမည့်
ငယ်ဘဝအမှတ်တရထဲတွင် ပါဝင်ခဲ့သည့် ခင်မင်ခဲ့ရ
သည့် သူငယ်ချင်းနှစ်ယောက်မှာ မနေ့က မိမိဆိုင်သို့
လာရောက်ခဲ့ကြသည့် အောင်သူရနှင့် နေဆန်းမိုး ဖြစ်
ပါသည်။ ၄ တန်းကျောင်းသားဘဝတည်းက ကျောင်း
နေဘက် သူငယ်ချင်းများဖြစ်ကြသည်။ အောင်သူရ
သည် လူအေးတစ်ယောက်ဖြစ်ပြီး၊ နေဆန်းမိုးက
တော့ နောက်တက်၊ ပြောင်တက်သောလူ ဖြစ်သည်။

အမှတ်ရဖြစ်စေခဲ့သော သူငယ်ချင်းနောက်တစ်
ယောက်မှာ ရဲလင်းနှောင်ဖြစ်သည်။ သူကလည်း
လူအေးဖြစ်ပေမဲ့ ပျော်ပျော်နေတက်သောသူဖြစ်
သည်။ ဒီသူငယ်ချင်းတွေနှင့်ဆုံတိုင်း မပြောမဖြစ်
အမှတ်တရ တစ်ခုမှာ လေးယောက်သား အတူတူ
ကျောင်းပြေးခဲ့ခြင်းဖြစ်သည်။ အချိန်ကား စာသင်နှစ်
ပြီးခါနီး ၉တန်းကျောင်းသားဘဝကဖြစ်သည်။ နွေးဦး
ပေါက်ပြီမို့၊ ကျောင်းကြီးလည်း ပိတ်တော့မည်ဖြစ်ပြီး
စိတ်ရူးကလေးများ ပေါ်ပေါက်တက်သည့် အချိန်မ
ဟုတ်လား။ ထို့ကြောင့် မနက်ပိုင်း ကျောင်းတက်ပြီး
နေ့တစ်ပိုင်း ကျောင်းပြေးကြရန် သဘောတူခဲ့ကြ
သည်။ အစီစဥ်ဆွဲသူက နေဆန်းမိုး၊ မဟုတ်တာ လုပ်
တော့မည်ဆိုလျှင် သူကဦးဆောင်နေကြ။

ကျောင်းပြေးကြပါပြီ။ တောင်တန်းများ ပက်ပက်
လည် ကာရန်ထားပြီး တည်ဆောက်ထားသည့်
စည်သာဆည်သို့ ၄ ယောက်သား သွားခဲ့ကြသည်။
ဆည်သို့ ရောက်သည်ဆိုလျှင်ပဲ အရှိန်ပြင်းပြင်း တိုက်
ခက်နေသော လေအေးများကြောင့် လူငယ်တို့၏စိတ်
သည် အလိုလို ပျော်ရွှင်ပြီးသားဖြစ်နေကြသည်။
ထိုချိန်က ဆည်တွင် လှေပျက်ကလေးတစ်စီးရှိခဲ့
သည်။ ထိုလှေအား ကျွန်တော်အပါအဝင်
အောင်သူရ၊ နေဆန်မိုး ၃ ယောက်သား စီးကြမည်။
ရဲလင်းနှောင်ကတော့ ရေမကူးတက်သောကြောင့်
ချန်လှက်ခဲ့သည်။ လှေထဲတွင် ခွက်ကလေးကလည်း
အရန်သင့်ရှိသည်။ အကြောင်းမှာ လှေသည် ပေါက်နေသောကြောင် ဝင်လာသောရေအား
ခက်ထုတ်ရန်ဖြစ်သည်။ ကျွန်တော်က အလယ်ကဖြစ်
ပြီးရေခက်ထုတ်ရန် တာဝန်ယူရသည်။ နေဆန်းမိုးနှင့်
အောင်သူရက အရှေ့အနောက် လှော်ခက်ရန် တာဝန်
ယူကြသည်။

တဖြေးဖြေး ဆည်အလည်သို့ လှေကရောက်လာပြီ။
လှေထဲသို့ ရေများက ခွက်ဖြင့်ခက်ထုတ်နေသည့်ကြား
က ဖြေးဖြေးများလာသည်။ အခြေနေမကောင်းတော့
၍ လှေကို ကမ်းသို့ပြန်လှည့်ကြသည်။ ထိုအထိ
ပြဿကား မရှိသေးပါ။ ကမ်းနားသို့ရောက်ခါနီးမှ
ပြဿနာက စတော့သည်။ လှေထဲတွင် ရေများပြည့်
လာပြီး မြုပ်တော့မည်ဖြစ်၍ လှေပေါ်မှ ခုန်ချကာ
၃ ယောက်သား ကမ်းသို့ ကူးခက်ခဲ့ကြသည်။
ကျွန်တော်က ရေကို ကူးတက်ရုံသာ ကူးတက်သည်။
အောင်သူရနှင့် နေဆန်မိုးက ကမ်းသို့ရောက်ပြီး
အပေါ်တက်နှင့်ကြပြီ။ ကျွန်တော်လည်း ကမ်းနား
ရောက်ခါနီးပြီ လက်ပန်းလည်း ကျနေပြီ။ မပြောမဆို
နှင့် ကမ်းပေါ်မှ ရဲလင်းနှောင်က ကျွန်တော်ဆီသို့ ခုန်
ကူးကာ အတင်းလာဖတ်ပါတော့သည်။ ကျွန်တော်
လည်း လက်ပန်းကျပြီဖြစ်၍ သူအားမထိန်းနိုင်တော့
ပါ။ နှစ်ယောက်လုံး ယက်ကန်ယက်ဖြင့် ရေနှစ်နေကြ
ပါတော့သည်။ အခြေနေမကောင်းမှန်းသိ၍ ကမ်းပေါ်
မှ နှစ်ယောက်က လာပြီးကယ်မှ သက်သာရာရပြီး
အသက်ရှင်ခဲ့ကြသည်။ ကမ်းပေါ်ရောက်မှ ၃ ယောက်
သားမတိုင်ပင်ပဲ ပြိုင်တူမေးဖြစ်ကြသည်။
ရဲလင်းနှောင်အား ဘာလို့ရေမကူးတက်ပဲ ရေထဲခုန်ချရသနည်း ဟူ၍။ သူပြန်ဖြေသည်မှာ ကမ်း
စပ်ဆိုတော့ ရေတိမ်မည်ဟု ထင်သည်ကတစ်ကြောင်း
ရေဆော့ချင်သည်ကတစ်ကြောင်းမို့ဟု ပြန်ဖြေလိုက်
ချိန်၊ ကျွန်တော်တို့ ၃ယောက်သား ကိုယ်နဖူးကိုယ်
ပြန်ရိုက်မိကြပါတော့သည်။ အကြောင်းမှာ ဆည်
သည် ကမ်းစပ်ဖြစ်သော်လည်း လူတစ်ရပ်မက နက်
နေသောကြောင့်ဖြစ်ပါသည်။

ယခုချိန်ထိ သူငယ်ချင်း၄ ယောက်သား ပြန်ဆုံတွေ့
တိုင်း ထိုအဖြစ်ပျက်အား ပြန်ပြောင်းပြောကြကာ
တဟားဟား ရယ်မောနေကြဆဲဖြစ်ပါသည်။

IMG_20211024_134835.jpg

Connect to me>>> Touch Image
img_0.49821751738760384.jpgimg_0.6632306743600674.jpgimg_0.6916829654488619.jpg
img_0.5606326659139272.jpgimg_0.8792217511064098.jpgimg_0.9917332950176616.jpg

footer2.gif

Post creator : @myanmarkoko
From : Myanmar
Name: KoKoMoeHein
14.12.2021

Thank-You-GIF-37.gif


Screenshot_2021_0706_191708.png

20211003_160918.gif

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center