Last island of survival (Part-17)

IMG_5385.jpg
တစ်ခါတစ်လေတော့လဲ Airdrop ကောက်ရတာဟာ ကောင်မလေးတျောက်ဆီကအဖြေရတာထကိတောင်ပိုပြီးရင်ခုန်ဖို့ကောင်းပါသေးတယ်။ကိုယ့်ကိုစောင့်နေတဲ့သူတွေရှိမလားပေါ့။

ကိုယ့်ကိုစောင့်နေမဲ့သူတွေကရန်သူတွေပြောတာနော်။မိတ်ဆွေတွေတော့မဖြစ်နိုင်ပါဘူး။တစ်ခါတစ်လေလဲကိုယ်ကထိပ်ဆုံးကရောက်ပြီးစောင့်ပြီးပစ်ရတာပျော်ဖို့ကောင်းသလိုကိုယ့်ထက်ဝီရိယရှိတဲ့သူတွေရောက်နေတတ်တာကိုတော့သတိပြုစေချင်တယ်။

တစ်ခါတစ်လေ Airdrop ပုံလေးတွေကကျနေပြီ။ဘယ်သူမှမရှိဘူးလို့ထင်ပြီးဝင်သွားတဲ့အခါမာလကီးယားသွားတာမျိုးလဲမနည်းဘူး။သူတို့ကအပိုင်ရပီဆိုရှယ်တွယ်ကြတာကိုးဗျ။ကျွန်တော်တို့လဲအဲလိုပါပဲ။ကိုယ်တွေအရင်ရောက်ပြီဆိုနေရာတွေဦးထားသေချာအပိုင်အနိုင်စောင့်နေတတ်တယ်။

အဓိက Airdrop ကောက်တဲ့နေရာမှာ ဗျူဟာကအရမ်းရေးကြီးတဲ့အဓိကသော့ချက်ပါပဲ။ပစ္စည်းတွေကြီးငတ်နေလို့မရပါဘူး။တစ်ခါတစ်လေတော့လဲပစ္စည်းကောင်းမပါတတ်ဘူး။တစ်ခါတစ်လေတော့လဲတစ်ကယ့်ကိုအကိတ်ကြီးတွေပေးတာအားရစရာပေါ့ဗျာ။

ကျွန်တော်တို့အဖွဲမှာဆို Member ၁၀ ယောက်ရှိတယ်။Airdrop တစ်လုံးကိုသွားရင် ၄ ယောက်တော့အနည်းဆုံးသွားတယ်။နှစ်လုံးပြိုင်ကျနေရင် ၈ ယောက်သွားပြီးကျန်တဲ့နှစ်ယောက်ကတော့ အိမ်ကို လုံခြုံရေးထားခဲ့တာပေါ့ဗျာ။တစ်ခါတစ်လေ Airdrop ကျမှအိမ်ကိုအလစ်ဝင်တိုက်တဲ့ရန်သူရဲ့နည်းဗျူဟာကိုကာကွယ်တဲ့သဘောပေါ့ဗျာ။

@mgzayyar

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center