Crytocurrency လောက က စိတ်ဝင်စားစရာ
ကောင်းသလို အံ့ဩစရာကောင်းပြီး
စိတ်ကိုလည်း ထိခိုက်စေတယ်။ အံမယ်
ငထွေးက ဘာတွေများ ဒီလောက်
Crytocurrency ကြီးကို ဝေဖန်နေတာလဲ။
ဘယ်လောက်များ Crytpto အကြောင်းသိလို့လဲ။
အဟဲ သိပါဘူး။ မနေ့က ကိုဟင့်ပိုစ်ဖတ်ပြီး
စိတ်ထဲမှာ နည်းနည်းခံးစားမိလို့။
Leo platform က Hive platform ထက်
ရှေ့ပြေးနေတယ်ဆိုတာ ဖတ်လိုက်ရတော့။
စိတ်ထဲ အတော်ခံပြင်းသွားတာ။ ကိုယ်နောက်က
ဟာက ရှေ့ကျော်တက်သွားသလို။ Steemit
မှာလည်း စောင့်စားခဲ့ရတယ်။ ခု Hive platform
ကလည်း HF တင်ပြီသော်လည်း ထူးခြားမှုမရှိ
ဆိုတော့။ နည်းနည်းတော့ ခံစားရတယ်။
2017 ကနေ 2020ထိ ပြောင်းလဲမှုကို စောင့်စား
ခဲ့သည်။
စောင့်စားမှုအတွက် အချင်းအနှီးတော့ မဖြစ်ပါ Steemit မှ Hive ပြောင်းလဲသည့်အခါ
Steemit မှာရှိသည့် ပါဝါအတိုင်း Hive မှာ
ရရှိခဲ့သည်။ Steem တွေရောင်းစားခဲ့ရသည်။
အဲ့အချိန်ကတော့ ပျော်ခဲ့သည်ပေါ့။ steem
ဈေး 10$ကျော်သည့်အချိန်ကထက်ပင် ပျော်ရပါသည်။ အဲ့အချိန်က ငထွေးမှာ steem
များများစားစားမရှိသေးပါ။ ရောင်းရမှန်းလည်း
မသိ။ ရောင်းလဲ မရောင်းတတ်သေးပါ။
ယခု Hive platform ၏ HF ကတင်ပြီးပြီ။
ဘာတွေဆက်ဖြစ်လာမလဲ။ စောင့်စားရပေအုံးမည်။
စောင့်နိုင်ရင် အကျိုးဖြစ် တဲ့။
Hive platform ထက် Leo platform က
သာနေသည်ဆိုတော့ Leo platform သို့
ပြောင်းကြမည်လား။ hive မှာပဲ စောင့်စားနေ
ရအုံးမလား။ တစ်နေ့နေ့တော့ အချိန်ကြာလာ
သည်နှင့် အဖြေပေါ်လာပေမည်။ မည်သည်
တွေက မည်သို့ဖြစ်ပြီး မည်သည်က
ဘာတွေဖြစ်လာမည်ဆိုတာတော့
အချိန် က ပြောပြပါလိမ့်မည်။
ငထွေးလည်းမသိ 😁😜။