Win or Lose or Draw

နက်ဖြန် မြန်မာစံတော်ချိန် မနက် တနာရီခွဲမှာ Man United ၏ ယူရိုပါလိဂ် ပွဲစဉ် ကစားသွားဖို့ ရှိနေ၏။ Fenerbache အသင်း၏ အိမ်ကွင်းမှာ သွားကစားရမည် ဖြစ်၏။ လွယ်ကူသည့် ပွဲစဉ်တော့ မဟုတ်ပေ။ United ကို နည်းပြခဲ့ဖူးသည့် Special One Mourniho ကိုင်တွယ်နေသည့် အသင်း ဖြစ်၏။ Mourniho နှင့် United အကြောင်းကလည်း ပြောစရာတွေ အများသားလား။ သူ့ လက်ထက်မှာ United တို့ ယူရိုပါလိဂ် ဖလား ရယူနိုင်ခဲ့ဖူး၏။ သူ့ အလွန်မှာ ဘယ်နည်းပြကမှ ဥရောပဖလား တလုံးတလေ ထပ်မံ ‌ယူဆောင်ထားပေးတာမျိုး မရှိပေ။

နည်းပြ Mourniho အဖို့ သူ ကိုင်တွယ်ဖူးသည့် အသင်းဟောင်းနဲ့ ပြန်လည် ရင်ဆိုင်ရပြီ ဖြစ်၏။ Fenerbache အသင်း အနေဖြင့် တူရကီ စူပါလိဂ်ဂါ အမှတ်ပေး ဇယားမှာ အဆင့် 4 နေရာမှာ ရပ်တည်နေ၏။ United ကတော့ အင်္ဂလန် ပရီးမီးယားလိဂ်မှာ အဆင့် 11 နေရာမှာ ရပ်တည်နေ၏။

Mourniho တယောက်ထဲ အသင်း ဟောင်းနဲ့ ရင်ဆိုင်ရမည် မဟုတ်ပေ။ Fred နဲ့ Amrabat တို့သည်လည်း အသင်းဟောင်း United နဲ့ ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။ တကယ် ကြည့်ကောင်းသည့် ပွဲတပွဲ ဖြစ်လာမှာကတော့ အမှန်ပင်။

ယူရိုပါလိဂ်မှာ 2 သင်းလုံး အနေနဲ့ 2 ပွဲစီ ကစားထားပြီး ဖြစ်၏။ Fenerbache အနေနဲ့ တပွဲနိုင် တပွဲသရေ၊ United ကတော့ နှစ်ပွဲလုံး သရေကျထားခဲ့၏။ ယခုပွဲကိုပါ အနိုင် မယူနိုင်ခဲ့ရင် အခြေအနေ ပိုဆိုးသွားနိုင်၏။

ဒီတပတ် ချန်ပီယံလိဂ်မှာ ပြောစရာ ဖြစ်သွားသည့် ပွဲကတော့ Real Madrid vs Dortmund တို့၏ ပွဲစဉ် ဖြစ်၏။ 2 ဂိုးပြတ် ရှုံးနေရာကနေ Real တို့က 5 ဂိုး ပြန်သွင်းပြီး အနိုင်ယူသွား ခဲ့ခြင်း ဖြစ်၏။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center