Week 9

ဒီတပတ်မှာတော့ EPL Week 9 ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ စနေနေ့မှာ 6 ပွဲ၊ တနင်္ဂနွေနေ့မှာ 4 ပွဲ ကစားသွားမည် ဖြစ်၏။ EPL ပွဲစဉ်တွေကတော့ အပတ်တိုင်း ကြည့်ကောင်းနေတာပါပဲ။ ဒီတပတ်မှာ ပွဲကြီး ပွဲကောင်း ပွဲစဉ် တပွဲ ပါဝင်နေ၏။ Arsenal vs Liverpool တို့၏ ပွဲစဉ် ဖြစ်၏။ အမှတ်ပေးဇယား အဆင့် 1 မှာ ရပ်တည်နေသည့် Liverpool နှင့် အမှတ်ပေး ဇယား အဆင့် 3 မှာ ရပ်တည်နေသည့် Arsenal တို့ ထပ်တိုက်တွေ့ကြမည် ဖြစ်၏။ Liverpool က 21 မှတ်၊ Arsenal က 17 မှတ်ရယူထား၏။

Arsenal သာ နိုင်ခဲ့ရင် အမှတ် ကွာဟချက် လျော့ချနိုင်မည် ဖြစ်၏။ Liverpool သာ အနိုင်ရသွားခဲ့ရင်တော့ အမှတ် ကွာဟချက် ဒီထက် ပိုများသွားနိုင်၏။ အဆင့် 2 နေရာမှာ ရပ်တည်နေသည့် Man City အတွက်ကတော့ Arsenal အနိုင် သို့မဟုတ် သရေလို့ တွက်ဆထားပေလိမ့်မည်။ မျှော်မှန်းထားတာမျိုးပေါ့။ သို့မှာသာ City တို့ အဆင့် 1 နေရာကို လှမ်းနိုင်မည်ကိုး။ City က Southampton ကိုတော့ နိုင်လောက်ပါတယ်လေ။ အိမ်ကွင်းမှာ ကစားရမည်ကိုး။ တော်နေကြာ ကိုယ်က အနိုင် မကစားဘဲ သရေ ဒါမှမဟုတ် ထရှုံးသွားမှ ဟုတ်ပေ့ ဖြစ်နေဦးမည်။

Chelsea က New Castle နှင့် အိမ်ကွင်းမှာ ဧည့်ခံ ကစားရမည် ဖြစ်၏။ Chelsea က အဆင့် 6 New Castle က အဆင့် 9 မှာရပ်တည်နေ၏။ နှစ်သင်းကြား 2 မှတ်သာကွာ၏။ Chelsea က 14 မှတ်၊ New Castle က 12 မှတ် ဖြစ်၏။ အသည်းကျော် United ကတော့ West Ham ၏ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။ နောက်ထပ် မလွယ်သည့် ပွဲစဉ် တခုပင်။

ကျနော့် FPL အသင်းကိုလည်း သွား မစစ်ဖြစ်နေပေ။ ဒီတပတ်တော့ မမှီတော့ပေ။ နောက်တပတ်မှ လူစားပြောင်းလဲမှု လုပ်သင့်ရင်လည်း လုပ်ဦးမှ။ Mainoo လေး နာနေတာကို လူစားလဲဖို့ မေ့သွားခဲ့၏။ အမှတ်တွေ နစ်နာပြီ။ နဂိုကမှ အမှတ်က အများကြီး မရနေပါဘူး ဆိုနေ။ လူအပြောင်းအလဲ လုပ်ဖို့ မေ့မေ့နေတာနဲ့ ရသင့်တဲ့ အမှတ်တွေလည်း မရဘဲ ရှိနေခဲ့၏။ FPL အသင်းလေးကိုလည်း ပြန် အာရုံစိုက်ဦးမှပါလေ။

(photo from Premier League Facebook page)

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center