နယ်မှာ စီးပွားလုပ်ရတာ အဆင်မပြေတော့ လောက်ကိုင်မြို့သို့ ထွက်ခဲ့သည် ဖိနပ်လေးတွေသယ်လာခဲ့တယ် ရောင်းဖို့ပေါ့
မိတ်ဆွေတွေရဲ့ကူညီမှုကြောင့် စရောက်စမှာတင် အဆင်ပြေပါတယ် လောက်ကိုင်ရောက်မှပဲ ပိုသိလာရတယ် ဗမာငွေ ၅၀၀၀က တန်ကြေးမရှိမှန်း ဘာ၀ယ်၀ယ် တရုတ်ငွေ ၁၅ယွမ်အောက်မရှိဘူးး အကုန်ဈေးကြီးပါသည်။ ကိုယ်ရောင်းတဲ့ပစ္စည်းဆိုလည်း ဈေးကောင်းရတယ်လေ ဘာပဲဖြစ်ဖြစ်ရောက်လာခဲ့ပြီးမှတော့ အဆင်ပြေအောင်ကြိုးစားရမှာပေါ့ရှင်