လွန်ခဲ့သော ၆နှစ်က ကျမလှူဒါန်းထားသော ကျောင်းဆောင်လေးပါ
ကျမ အမျိုးသားက ဖုန်းဆိုင်လေး ဖွင့်ပြီး တစ်လအကြာမှာပဲ ယာဉ်အက်စီးဒန့်ဖြစ်ပြီး ကွယ်လွန်သွားခဲ့တယ်
ကျန်ရစ်ခဲ့သော သူ့ဖုန်းဆိုင်လေးကို ဘုန်းကြီးကျောင်းမှာ သံဃာ တစ်ပါးစာ ကျောင်းဆောင်အသေးလေးအဖြစ် ဆောက်လုပ်လှူဒါန်းခဲ့သည်
စစ်ကိုင်းတိုင်းဒေါင်းမရွာက ဦးဇင်းတစ်ပါးက ရွာဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတော့ ဒကာမလေး လှူဒါန်းတဲ့ကျောင်းဆောင်လေး ဦးဇင်းသတင်းသုံးမယ်ဆိုတော့ အရမ်းကိုပီတိဖြစ်ခဲ့တယ်
ယခုအချိန်ထိ ဦးဇင်းသီတင်းသုံးတယ်
ကျောင်းဆောင်လေးက တိတ်ဆိတ်ငြိမ်သက်တဲ့နေရာလေးမှာ ဆောက်ထားတာပါ တစ်ခြားကျောင်းဆောင်တွေနဲ့ မနီးဘူးရှင့်
အဲအချိန် ကျမှာ ပိုက်ဆံရှိလို့ရယ်လို့မဟုတ်ခဲ့ပါ ကျမရှေ့က မားမားရပ်ပေးခဲ့တဲ့ မေတ္တာ တံတိုင်းကြီး မရှိတော့ အရာရာကို မဖက်တွယ်ချင်လောက်အောင်ကို လူ့ဘ၀ကြီးကို စိတ်ကုန်စေခဲ့တယ် ဒါနဲ့ပဲအလှူလေး လုပ်ဖြစ်တာပါရှင်
ကျောင်းဆောင်လေးထဲမှာလည်း အ၀တ်ဘီရို တစ်လုံးလည်း လှူထားသေးတယ်ရှင့်
နတ်လူသာဓုခေါ်စေသောဝ်🙏🙏🙏