ကဆုန်လပြည့် ဗုဒ္ဓနေ့

မြန်မာတို့ရဲ့အားထားရာ ကိုးကွယ်ရာ မြတ်ဗုဒ္ဓနေ့မှာ ဆွမ်းလောင်းခြင်း ရေသွန်းခြင်းများပြုလုပ်ကြသည်
ကျွန်ုပ်တို့ကိုးကွယ်ရာ ဘာသာတရား မြန်မာတို့ရဲ့မွန်မြတ်လှသော စိတ်စေတနာ အဖြာဖြာ


ရပ်ဝေးရပ်နီးမှ သံဃာတော်များ ဆွမ်းခံလာကြသည်
ကြည်ညိုစရာအလွန်ကောင်းလှသည်


မိုးမလင်းခင် ချုပ်ပြုတ်ထားသော ဆွမ်းထမင်း ဆွမ်းဟင်း များနှင့် လှူဖွယ်ပစ္စည်းအစုံစုံကို ခေါင်းပေါ်မှာတင်ရွက် စေတနာ ပီတိရွှန်းလျက် သိမ်ကုန်းတောရကျောင်းသို့ ခြေလျင်ဖြင့် လာကြသော ရွာသူများ ကြည်နူးစရာပုံရိပ်ပါ

ဂေါပကအဖွဲ့များ စိတ်အားထက်သန်စွာဖြင့် ပါ၀င်ကူညီနေကြပုံပါ

ဆွမ်းလောင်းအပြီး ညောင်ရေသွန်းနေကြသော ရွာသူများ ယနေ့မွန်မြတ်လှစွာသော မြတ်ဗုဒ္ဓနေ့မှာ ဆွမ်းလောင်းခြင်း ရေသွန်းခြင်းများပြုလုပ်နေကြသော ချစ်စရာ ရွာဓလေ့များ မြင်တွေ့ရပုံပါ အားလုံးသောသတ္တဝါ အပေါင်း ကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ🙏🙏🙏

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center