အချစ်ဆုံး မို့ပါ အပိုင်း (25)

အချစ်ဆုံး မို့ပါ
အပိုင်း (25)

နေ ဆောင်းသူ့ကို ဘယ်လောက်ချစ်လဲ သူနားလည်သည်။
သို့ပေမဲ့ သူက တစ်ခြားတစ်ယောက်ကို ချစ်မိသွားပြီလေ
နေမန်းလေးကို ပြန်ရောက်တော့လည်း သူရဲ့ အိမ်သို့
ပြန်ရမည်
မပြန်ခင် သူရဆီ သွားရန်ဆုံးဖြတ်လိုက်သည်။
နေ သူရဆီသို့ ထွက်သွားလိုက်သည်။
သူရလည်း ဒီနေ့ အလုပ်နား၍ အိမ်တွင်ကပ်နေသည်။
ဘဲလ်တီးသံကြား၍ သူရတံခါးသွားဖွင့်လိုက်သည်။
"ဟာ ငနေ မင်းဘယ်ကလှည့်လာတာလဲ မင်းကွာငါ့ဆီ
ဖုန်းလေးတောင်ဆက်ဖော်မရဘူး"
"ငါမအားလို့ပါကွာ"
"လာထိုင် ငနေ ခုမင်းဘာလုပ်နေလဲကွ"
"ငါ မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်ယံတော် လုပ်နေတယ်"
"တယ်ဟုတ်နေပါလား အယ်လဲ့ မင်း မဟုတ်မှလွဲရော
အဲ့ကောင်မလေးနဲ့"
"ဟာ မင်းကလည်းကွာ ခုထိမသေချာသေးပါဘူး"
"နောက်တော့ သေချာမယ်ဆိုတဲ့သဘောပေါ့"
"ဟာကွာ ရှင်းလေ ရှုပ်လေ ဖြစ်ကုန်ပြီ ဒါနဲ့ မင်းသိပြီးပြီလား"
"ဘာကိုလဲ ငနေ"
"ဆောင်း မသေဘူးဆိုတာ"
"ဟေ့ကောင် ငနေ မင်းသွေးရူးသွေးတန်း လျှောက်မပြောနဲ့
ငါသေတောင် မယုံဘူး"
"ငါရုပ်က လိမ်မဲ့ရုပ်လား ခုတင်ဘဲ သူတို့အိမ်ပြန်လာတာ"
"ငနေ မင်းမရူးစမ်းပါနဲ့ကွာ လူချင်းတူတာနေမှာပါကွာ
သူဈာပနကို ငါကိုယ်တိုင် လိုက်ပို့ခဲ့တာပါကွာ"
"ငါတကယ်ပြောနေတာ မင်းမယုံရင် သူ့အိမ်မှာသွားကြည့်လ်ုက်"
"အေးကွာ မယုံဘူး သွားကြည့်မယ် နောက်နေ့သွားဖြစ်အောင်
သွားမှာ ဒါနဲ့မေးပါရစေဦး"
"ဘာမေးမှာလဲ မေး"
"သူမသေဘူးဆိုတော့ မင်းဘယ်လိုမှ မခံစားရဘူးလား"
"ဘာကိုလဲဟ"
"မင်းကလည်းကွာ တုံးတာ မင်းသူနဲ့ပြန်လက်တွဲလို့ရတယ်လေ"
"ငါသူ့ကို မချစ်တော့ဘူးသူရ ငါတစ်ခြားတစ်ယောက်ကို
ချစ်နေမိပြီ"
"ဟာ မင်းကလည်း မပြောင်းလဲတုန်းကတော့ ပြောင်းလဲ
အောင်ပြောလိုက်ရတာ ပြောင်းလဲသွားတော့လည်း
ခံစားချက် အကြွက်းအကျန်တောင် မထားတော့ဘူးလားကွာ
မင်းသိပ်ရက်စက်တယ် ငနေ ဆောင်းခမျာ ဘယ်လောက်
ခံစားလိုက်ရမလဲ သူက မင်းကို အရမ်းချစ်တာ"
"သူခု အတိတ်မေ့နေတယ် ဘာကိုမှသတိမရဘူး
သူအားလုံး ပြောင်းလဲသွားပြီ သူမပြောင်းလဲတာက
ငါ့အပေါ်ထားတဲ့ သူ့အချစ်တွေဘဲ သူငါ့အပေါ်
ဒီလောက်ချစ်ခဲ့တာ ငါဘာလို့ သူ့က်ု မေ့နိုင်သွားရတာလဲ
ငါ့ကိုယ်ငါတောင် မဝေခွဲတတ်တော့ဘူး ငါသူ့အပေါ်
အရမ်းရက်စက်ရာ ကျနေမှန်းလည်း ငါသိတယ် ဒါပေမဲ့
ငါသူ့ထက် တစ်ခြားတစ်ယောက်ကို ချစ်မိနေပြီ
ငါက်ုယ်ငါ မှားတယ်လို့မထင်ဘူး ငါသူ့ကို အချိန်ကြာကြီး
စောင့်ခဲ့တာဘဲလေ"
နေ စကားတွေ တစ်သီတစ်တန်း ပြောနေမိသည်။
"မင်းဟာကလည်းကွာ ငါဘယ်သူ့ဘက် ပါရမှန်းတောင်
မသိတော့ဘူး ဒါမဲ့ မင်းမှားတယ်ငနေ"
"ငါမှားရင်လည်း ဒီအမှားက်ု ငါပျော်ပျော်ကြီး လက်ခံမှာပါ"
"ရော့ မိုးအေးအေးလေးနဲ့ coffee သောက်လိုက်"
"ကျေးဇူးဘဲကွာ "
နှစ်ယောက်သား ကော်ဖီသောက်ရင် အတွေးများစွာဖြင့်
"သူရ ငါအိမ်ခဏပြန်လိုက်ဦးမယ်ကွာ နောက်မှတွေ့ကြတာပေါ့"
"အေး ပါကွာ"
နေ သူရအိမ်က ထွက်လာပြီးသူ့မိဘ အိမ်သို့ ပြန်ခဲ့သည်။
နေ တံခါးဘဲလ်တီးလိုက်သည်။လူကြီးတစ်ယောက် ထွက်လာသည်။
သူကားပေါ်ကလူကို ကြည့်လိုက်သည်။
"ဟာ သခင်လေး "
နေပြုံးပြလိုက်သည်။
နေရဲ့ကားလေး စင်တီအောက်ထဲ ဝင်သွားသည်။
အိမ်ထဲဝင်ဝင်ချင်း အော်ခေါ်လ်ုက်သော အသံ
"မာမီ မာမီဘယ်မှလဲ သားပြန်လာတယ်ပါဆို"
ဒေါ်ခင်ခင်ပြုံး ထွက်လာသည်။
"ဟယ် သားလေး အမလေး အမေ့သားလေး"
နေအား သွားဖက်ကာ ပါးတွေလည်း နမ်း
"ပြစမ်း အံမယ် ငါ့သားက ဝလာတယ်တော့"
နေကိုယ်လုံးလေးကို လှည့်ပြီးပြောနေသည်။
(ဟင့်တော်ကြာ တစ်မျိုးထင်နေမှာစိုးလို့)
"မေမေ သားဗိုက်ဆာတယ် "
"ဗိုက်ဆာတယ် ဟုတ်လား လာလာ မေမေနောက်လိုက်ခဲ့"
"ဟုတ်"
ဒေါ်ခင်ခင်ပြုံး သားက်ု ထမင်းစားခန်းခေါ်ပြီး ထမင်း ဟင်း
တွေ ခူးပေးနေသည်။
"ကဲ စားလို့ရပါပြီရှင်"
"ဟာ မရဘူး မေမေကိုယ်တိုင် ခွံကျွေး"
"အမလေး ဒီကလေးနဲ့တော် ကဲခွံကျွေးဆိုလည်း
ခွံပေးရမှာပေါ့"နေ ပြုံးမိသည်။
ထမင်းစားနေရင်း "မေမေ ဒယ်ဒီအလုပ်မှာလား"
"ဟုတ်တယ် မင်းဒယ်ဒီအလုပ်သွားတယ် ပြန်လာတော့မာပါ"
"ဟုတ် "

ထမင်းစားပြီး နေအခန်းထဲဝင်သွားသည်။ဒီအခန်းလေးထဲမှာ
သူနဲ့ ဆောင်း အမှတ်တရဓာတ်ပုံတွေ များစွာ
သူအကုန်စုပြီး မီးရှို့ ပစ်ရန်ဆုံးဖြတ်လိုက်သည်။
ဓာတ်ပုံလေးတွေစုပြီး မီးရှို့ရင်း
"ငါတောင်းပန်ပါတယ် ဆောင်း ငါ့ကို ခွင့်မလွတ်ပါနဲ့"
နေ ဓာတ်ပုံလေးတွေ မီးရှို့ပြီး အခန်းထဲမှ ထွက်လာကာ
ဧည့်ခန်းလေး ဆီသို့ သူရဲ့ဒယ်ဒီ ဦးလင်းသိုက်
ဧည့်ခန်းထဲတွင် ထိုင်နေသည်။
"ဒယ်ဒီ "
"aww သား မင်းမာမီက မင်းအနားယူနေတယ် ပြောလို့
ဒယ်ဒီမခေါ်တော့တာ လာထိုင်ပါဦးကွ"
"ဟုတ်ဒယ်ဒီ"
နေ ဆိုဖာတွင် ဝင်ထိုင်လိုက်သည်။
"ကဲ အခြေနေ ဘယ်လိုလဲ သား"
"ဘာကိုလဲ ဒယ်ဒီ"
"ဆောင်းက မသေဘူးဆိုတော့ မင်္ဂလာပွဲ ပြန်လုပ်မယ်
မဟုတ်လား"
ထိုစဉ် ဒေါ်ခင်ခင်ပြုံး ရောက်လာသဖြင့်
"ဘယ်လို ဆောင်းမသေဘူးဟုတ်လား "
"ဟုတ်တယ် ခင်"
"ဝမ်းသာလိုက်တာ ကိုကြီးရယ် ဒါဆို သားတို့နှသ်ယောက်
ကို လက်ထပ်ပေးလို့ရပြီပေါ့ သား ဝမ်းမသာဘူးလား"
"ဆောင်း မသေတဲ့အတွက် သား ဝမ်းသာပါတယ် မေမေ
ဒါပေမဲ့ "
"ဒါပေမဲ့ ဘာဖြစ်လဲသား "
"သားသူ့ကို မချစ်တော့ဘူး ဒယ်ဒီနဲ့မာမီ"
"ဘယ်လို"
"ဟုတ်တယ် သားမှာ တစ်ခြား ချစ်ရမဲ့သူရှိနေပြီ"
"ဟုတ်ရဲ့လားသားရယ် ဒါတစ်ဘဝလုံးနဲ့ ဆိုင်တဲ့ကိစ္စပါ
သားပေါ့ဆဆမတွေးလိုက်ပါနဲ့"
"သားဆုံးဖြတ်ပြီးပြီ မေမေသား သူ့ကိုဘဲ လက်ထပ်မှာပါ
ဆောင်းကတော့"
"မရဘူး မင်း ငါ့ကိုမျက်နှာပျက်အောင် မလုပ်နဲ့
နေသွေးမောင် မင်းဆောင်းကိုဘဲ လပ်ထပ်ရမယ်
ဒီဆုံးဖြတ်ချက်ကို ငါမပြင်နိုင်ဘူး"
"ဒယ်ဒီ"
"ဘာမှ မပြောနဲ့ မကြားချင်ဘူး"
"ဒယ်ဒီသားကို သံစဉ်နဲ့ သဘော မတူလည်း သားသံစဉ်ကိုဘဲ
လက်ထပ်မယ်ဆိုတာ ဒယ်ဒီသိထားပါ သားက ဒယ်ဒီ
အမိန့်တိုင်း လိုက်လုပ်နိုင်တယ် ဒါပေမဲ့ အချစ်နဲ့
ပတ်သက်လာရင်တော့ သားက ဒယ်ဒီ ကြိုးဆွဲရာ
ကပေးမဲ့ ရုပ်သေးရုပ် မဟုတ်ဘူး'
နေ ပြောပြီးသည်နှင့် အပေါ်တက်သွားတော့သည်။
အခန်းထဲ ရောက်သည်နှင့်သံစဉ် ဆီ ဖုန်းဆက်လိုက်သည်။
သံစဉ်လည်း နေဆက်မဲ့ ဖုနါးကို မျှော်နေတာပါ
ဖုန်းဝင်လာသဖြင့် နေဖုန်းဖြစ်သောကြောင့် ကိုင်လိုပါသည်။
"ဟဲလိုသွေး အဆင်ပြေရဲ့လားဟင်"
"ကိုယ်အဆင်ပြေပါတယ် ခုကိုယ့်အိမ်ပြန်ရောက်နေတယ်
မင်းရော အဆင်ပြေရဲ့လား'
"ပြေပါတယ်"
"မနက်ဖြန် ကိုယ်မင်းဆီ ပြန်လာမယ် အရေးကြီး
ပြောစရာ ရှိလို့"
"ဘာအရေးကြီး ကိစ္စလဲ"
"နောက်မှ ပြောမယ်"
"inn ပါ "
"နောက်မှ တွေ့မယ် နော် လွမ်းတယ် အရမ်းလည်း ချစ်တယ်"
နေပြောချင်ရာ ပြောပြီး ဖုန်းချသွားသည်။
"ဟွန့် လူဆိုး "

နောက်နေ့
သံစဉ် နေ ကို သူတ်ု့ လက်ရှိနေနေတဲ့ resort မှာဘဲ
စောင့်နေလိုက်သည်။
သူမတွေ့ပါပြီ ဒီနေ့မှ ပိုခန့် နေသလို
နေ သုမအနားရောက်တော့
"ဟာ ခုမှဘဲ အမောပြေတော့တယ် "
"ဟင် ဘာဖြစ်လ်ု့"
"မင်းမျက်နှာလေး တွေ့လိုက်ရလို့"
"ပိုပြီ"
"လိုတာပါ ကိုယ်က်ု အဖြေမပေးသေးဘူးလား"
"ဟင် ပြောထားတာဖြင့် ဘာမှတောင် မကြာသေးဘူး"
"ဘာလဲ ကိုယ့်အချစ်ကို မယုံတာလား"
"ဘယ်လိုပြောရမလဲ ဆိုတော့ "
နေ သူမကို ဖက်လိုက်သည်။
"မင်းကို အသက်နဲ့လဲပြီး ကာကွယ်ပေးတာ ကိုယ့်အချစ်ရဲ့
သက်သေဘဲ မြန်မြန်အဖြေပေးပါတော့ကွာ
မင်းရဲ့ အဖြေက ကိုယ့်ဘဝကြီးကို ပြောင်းလဲပေးနိုင်တယိ"
"ဟင် ဘာဆိုင်လို့"
"ချစ်တယ်မလား"
"ဟွန့် လူဆိုးကြီး ဒါတောင်မသိဘူးလား"
နေပြုံးကာ"က်ုယ်က ချစ်လူဆိုးလေးပါကွာ အရမ်းချစ်တယ်
သိလား ကိုယ့်ကိုလည်း ချစ်တယ်လို့ပြောလေ"
"ပြောချင်ပါဘူး"
"မပြောရင် ဖက်နမ်းလိုက်မှာနော်"
"အဲ ချစ်တယ် ရပြီလား"
နေ ပြုံးလိုက်ပြီ ရုတ်တရက် သူမ နှုတ်ခမ်းလေးကို နမ်းလိုက်သည်။
သူမ ထိုအနမ်းကို ငြင်သာစွာ ခံယူနေမိသည်။
သူတို့နှစ်ယောက် ဘာမဆ်ု ရင်ဆိုင်ဖို့ အသင့် ဖြစ်ပြီထင်တယ်

နည်းနည်း နောက်ကျသွားတယ် ခွင့်လွတ်နော် အတျဲတွေ
ဝေဖန်ပေးကြဦး အားလုံး good night

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center