📝 ပြောမထွက်လိုက်တဲ့ စကားလုံးတွေက<br> ပိုပြီး တန်ဖိုးရှိပါတယ် 📝
📝 ပြောမထွက်လိုက်တဲ့ စကားလုံးတွေက
ပိုပြီး တန်ဖိုးရှိပါတယ် 📝
ဆူဆူညံ့ညံ့အသံတွေကြားက 
အသက်မပါတဲ့ ရယ်သံတွေအစား
တိတ်ဆိတ်ခြင်းတွေကို
ကျမပိုပြီးမက်မောလာတယ်
မျက်နှာဖုံးတွေအောက်က 
အပြုံးတွေအစား
ဟန်ဆောင်မှုကင်းတဲ့
အထီးကျန်ခြင်းဆိုတဲ့အရာကို ကျမပိုမက်မောလာတယ်
အောင်မြင်မှုတွေအောက်က
အပေါ်ယံလောကွတ်
ဆက်ဆံရေးတွေထက်
လိုရင်တမျိုး မလိုရင်တမျိုး
စကားသံတွေထက်
အရှိကိုအရှိတိုင်း ဆက်ဆံတတ်တဲ့
 သိကျွမ်းမှုမျိုးကိုပဲ 
လူတွေနဲ့ 
လိုက်လျောညီထွေအောင်နေရမဲ့
လောကကြီးရဲ့  ကျင့်ဝတ်တွေကို
လူတိုင်းကို
စိတ်ရင်းနဲ့  မဆက်ဆံသင့်သလို
လူတိုင်း​အပေါ် 
ကိုယ့်စိတ်လိုသဘောထားပြီး
ပွင့်ပွင့်လင်းလင်း  မဆက်ဆံသင့်ဘူး
လူ့ စိတ်ဆိုတာ 
အချိန်နဲ့ အမျှ  ပြောင်းလဲသွားတတ်သလို
သူတို့ စိတ်နဲ့ 
သဘောထားတွေမတူညီနိုင်တဲ့အခါ
သူတို့   လိုအပ်တာတွေ
ဖြည့်ဆည်းမပေးနိုင်တဲ့အခါ
ကိုယ်ထားခဲ့ဖူးသမျှ
မေတ္တာ  စေတနာ
ချစ်ခြင်းတရားတွေအားလုံး
ရင်နာစရာတွေပဲ 
သင်ယူစရာမလိုပဲ 
ပါတ်ဝန်းကျင်က သင်ပေးလိုက်တဲ့
လောကကြီးရဲ့ 
သင်ခန်းစာတွေအကုန် 
တတ်မြောက်ပြီးချိန်
ကျမ မျက်နှာပေါ်က အပြုံးအရယ် နည်းပါလာခဲ့ပါတယ်
အပြုံးအရယ် ကင်းလို့  
လောကကြီးကို
အရှုံးပေးနေတာမဟုတ်ဘူး
အစစ်အမှန်တွေကိုပဲ 
ရှာဖွေနေတာပါ
အမှန်တိုင်းဝန်ခံပါတယ်
တခါတလေတော့လည်း 
မျက်နှာဖုံးအောက်က  အစစ်အမှန်တွေကို
အားပါးတရ ရယ်ပစ်လိုက်ပါတယ်
လူရယ်လို ဖြစ်လာပြီးရင်
ချစ်ခြင်း မုန်းခြင်းနဲ့  မကင်းနိုင်ကြပေမဲ့
အဲ့ဒီ အရာတွေကို
ဥပေက္ခာ
 ပြုသင့်လည်း ပြုတတ်ရပါမယ်
 တိတ်ဆိတ်ခြင်းဆိုတာ
အနေကြပ်စေပေမဲ့
အသက်ဝဝ ရှူ ခွင့်ရပါတယ်
အထီးကျန်ခြင်းလည်း
နေရတာခြောက်သွေ့ ပေမယ့်
စိတ်ဒုက္ခပေးသူတွေရန်က
ကင်းဝေးစေလို့ 
လူဖြစ်နေခွင့် ပိုပြီး  အဓိပါယ်ရှိစေတယ်
 📝 ပြောမထွက်လိုက်တဲ့ စကားလုံးတွေက
ပိုပြီး တန်ဖိုးရှိပါတယ် 📝 image
SMT 75
Follow me
@mamaeainjal
H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center