လူသားတိုင်းလိုလိုပိုင်ဆိုင်ထားကြတာဟာ ပထမ ဆုံးစိတ်ထား ပါဘဲလေ။ စိတ်တိုကြတယ် တချို့က စိတ်ရှည်ကြပေတယ်။ စိတ်တိုတယ် စိတ်ရှည်ကြတယ်ဆိုတာ မိမိယုံကြည်ကိုးကွယ်အားကိုးကြသော ဘာသာတရားမယ် အခြေခံပါသလို
ဘာသာမဲ့ လူတချို့အတွက်တော့ သဘာဝပတ်ဝန်းကျင် အပေါ်မယ် ဖြစ်နိုင်မယ်လို့ ယူဆမိလေတယ်။ မှန်ရင်လည်း မှန်ပေမယ် မှားရင်လည်း မှားနိုင်ပေတယ်။ ထင်မြင်ယူဆချက်ဆိုတော့ ကိုယ်ထင်ချင်သလို ယူဆလို့ ရကြလို့ပါဘဲလေ။
ကျွန်တော့် အထင်ပြောရ ရင် ဘာသာတရားရဲ့ အယူ အရ သီလဆောက်တည် ထားကြသလို မြတ်စွာဘုရားထံ သီလ ခံယူ ထားကြမယ် ဆို အများအဖြင့် အပြစ်ကျူးလွန်ခြင်း နည်းပါးလာကြခြင်း ဖြစ်ပေမည်မဟုတ်လား။
ငါးပါးသီလ တည်ဆောက်မည်ဆိုပါလျင်
- သူ့များအသက် သတ်ချင်းမှရှောင်ကျင်ကြပေခြင်း
- သူ့ များပစ္စည်း ဥစ္စာများ ခိုးယူခြင်းမှ ရှောင်ကျင်ခြင်း
- သူ့များ သားမယာကို မေထုံ မှီဝဲမှု ရှောင်ကျင်ခြင်း
- စကားကို လိမ်ညာပြောဆိုမှု ရှောင်ကျင်ခြင်း
*မူးယစ်စေလိုသော သေရည် အရက် ရှောင်ကျင်ခြင်း
စသည်တို့ ခါးဝတ်ပဆိုးကဲ့သို့ လူသားတိုင်း ထိမ်းမယ် ဆိုပါလျင် စိတ်ထားကောင်းပြီး သီလ ရ ရှိလာပေမည်မဟုတ်ပေလော့။
ယုံကြည်မှုတွေ အပြန်အလှန် လေးစားမှုတွေ နားလည်မှုတွေ တိုးပွားလာပြီး အားလုံး စိတ်ထားကောင်းလာမည် မုချဖြစ်လေကေတော့သည်။
ဘာသာတရားဟာ လူသားတွေကို ငြိမ်းချမ်းစေအောင် စည်းထားပေးထားလေသည်။ အလုံးစုံသိမြင်တော် မူသော မြတ်စွာဘုရားက အပိုအလို မရှိ လူသားတိုင်းအတွက် နိဗ္ဗာန်သို့ ရက်တိုတိုနဲ့ ရကြဖို့ ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀ ဟောကြားတော်မူခဲ့ကေတော့သည်။
လူ့ပြည်တင်မက နတ်ပြည်တွင်လည်း ဟောကြားတော်မူသည်ဟု စာပေများသုတ်တော်များတွင် ဖော်ပြထားလေသည်။
အဓိက ကတော့ ကိုယ့်ရဲ့ စိတ်ကို ကြည်လင်ဖို့ ဖြူစင်ဖို့ သီလ ဆောက်တည်ကြရပေမည်ဆို လုံးဝမ မှားတော့ပေ။
လူသားတိုင်းဟာ ဘာသာစကား ကိုယ့်ကွယ်သည့်ဘာသာ ရေမြေဒေသ ကွာခြားမှုတို့ကြောင့် စိတ်နေစိတ်ထားများလည်း တူညီတာရှိကြသလို ကွာဟတာလည်းရှိကြလို့ လိုအပ်လျှင် ဖြည့်တွေး ဖို့ ကြိုးစားကြရပေမည်။
မလိုတာကို ပယ်ကြရမည် အပြစ်ပြောဆိုခြင်းကို ရှောင်ကျဉ်ပြီး သည်းခံစိတ်ကို ထာဝရ လက်ဝယ်ထားကြရပေမည်ဖြစ်သည်။
စိတ်ဆိုတာ ကျမ်းဂန်အရ (၈၉)ပါးရှိသည်ဟု အသေးစိတ် ဟောကြားတော်မူခဲ့ပေသည်။ မြတ်စွာဘုရားရဲ့ တရားတော်များကို အသေးစိတ် လေ့လာဖတ်ရှု မှတ်သား လိုက်နာကြမယ်ဆို မည်သူ့ကိုယ်မျှ အပြစ်ပြောချိန်မရှိလောက်အောင် နုညံ့ သိမ်မွေ့လို့ တရားထူးများရကြပေမည် ဖြစ်လေသည်။
ဘဝတစ်ခု ဖြစ်လာတာဟာ အကျိုးအကြောင်းကြောင့် ဖြစ်လာရတယ်ဆိုတာ သက်တော်ထင်ရှား မြတ်စွာဘုရားက အသေးစိတ်ဟောကြားထားပြီးသား ဖြစ်လေသည်။ လူသားတိုင်းဟာ ဖန်ဆင်းရှင်က ဖန်ဆင်းပေးထားခြင်း မဟုတ်တာတော့ 100% သေချာလှပေသည်။ အကျိုးကြောင့်အကြောင်းဖြစ်သလို အကြောင်းကြောင့်လည်း အကျိုးဖြစ်လာကြခြင်း ဖြစ်လေသည်။ သံသရာ ဘဝအဆက်ဆက်မှ လွှတ်မြောက်ဖို့က မစ္ဆျိမပဓိပတာ အလည်အလတ် ကျင့်ယူပါမှ မဂ်ဖိုနိဗ္ဗာန်သို့ အမှန်ရောက်ကြမည် ဖြစ်လို့ ကိုယ်ကျင့်ကြံမှ ကိုယ်ရကြပေတော့မည် မဟုတ်ပါလော။ ဒါန ပေးကမ်းစွန့်ကျဲ လှူဒါန်းခြင်းကတော့ ငွေနှင့်ပစ္စည်းဥစ္စာ ပေါများပါလျင် လူသားတိုင်း လူလို့ လုပ်ယူလို့ ရကြပေမယ့် သီလဆောက်တည်ခြင်းကတော့ မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်ပါမှ အမှန်ရမည် ဖြစ်လေသည်ဟု ဟောကြားထားတော်မူခဲ့လေတော့သည်။
လူသားများဟာ ဦးနောက် ရှိကြလို့ အသက် ရှည်ကြပေတယ် လေ။ အနာရောဂါ ကပ်ရောဂါတွေ မကြရောက်အောင် သီလ ရှိကြမယ်ဆို အားလုံးဘေးရန်ကင်းကြမည်ဖြစ်လေသည်။
သီလဆောက်တည်ကြပြီး အပါယ် မရောက်စေဖို့ စိတ်ကို ဖြူစင်စွာထားပြီး လောကီလောကုတ္တရာ နှစ်ဖြာသော အကျိုးကို ရွက်ဆောင်နိုင်သူများ ဖြစ်ကြဖို့ အထူးလိုအပ်ပေလေသည်။
စာပေများ ဖတ်ကြဖို့ လိုအပ်ပေသည်။
သူတစ်ပါးကို ဝေဖန်ခြင်းအပြစ်ပြောခြင်း ကိုရှောင်ကျဉ်ပြီး တရားဘာဝနာပွားများပါက ဘဝအတွက် အကောင်းဆုံးရှိပေမည်ဖြစ်လေသည်။
စိတ်ကို တည်ငြိမ်အောင်ထားကြရပေမည်။ ဒေါသ မောဟ စိတ်တွေကို တတ်နိုင်သမျှ ပယ်နိုင်အောင် အထူးကြိုးစားအားထုတ်ကြရမည်ဖြစ်လေသည်။
စိတ်ကို ဖြူအောင် ထားနိုင်မည်ဆို အကောင်းဆုံး လူသားဖြစ်ပြီး တရားထူးတရားမြတ်အမှန်ရနိုင်မည် ဖြစ်ပေလေတော့သတည်း။
@chitnaingoo