ပထမမြောက် သင်ကြားခံရမှုက ချွတ်ယွင်းချက်တွေနဲ့ ပျက်ကွက်ခဲ့တယ်။
မိဘတွေရဲ့ တွန်အားနဲ့ ဆရာ ဆရာမတွေရဲ့ တွန်းအားနဲ့ ပထမအရွယ်မှာ ပညာသင်ရမယ်ဆိုတဲ့ အရိုးစွဲအလေ့အထနဲ့ ကျောင်းနေခဲ့ရတယ်။။စာသင်ခဲ့ရတယ်...။
ဒါပေမယ့် ကျွန်မ စာမတတ်ခဲ့ပါဘူး..။
ကျောင်းပြီးတယ်လို့ ပြောကြတဲ့အခါ ကျောင်းက ပြီးဆုံးခြင်းရှိသလားလို့ ပြန်စဉ်းစားမိတယ်။
ဘွဲ့ရလိုက်ပြီဆိုတာနဲ့ ကျောင်းပြီးသွားပြီလို့ သတ်မှတ်လိုက်ကြတာလားတော့ မသိဘူး..။
ဒုတိယအကြိမ်မြောက် သင်ယူမှုအနေနဲ့ ကျွန်မ စာလေး နည်းနည်း ဖတ်ဖြစ်ခဲ့တယ်.။
ပြည်တွင်းဖြစ် မြန်မာ ဖတ်စာလေးပါပဲ။ ဒါတောင် အရမ်းနက်နဲတဲ့ မြန်မာစာပေတွေကို ကျွန်မ မဖတ်နိုင်ပါဘူး..။မဖတ်ရဲပါဘူး..။မဖတ်ဖြစ်ပါဘူး..။
ကျွန်မ ဖတ်နိုင်တဲ့ စာတွေထဲက အနည်းအကျဉ်းလောက်ကိုသာ ဖတ်ခဲ့တယ်..။
အဲ့ဒီအထဲက သင်ယူမှုအချို့ကို ပြုလုပ်ခဲ့တယ်ပဲ ဆိုပါစို့..။
သင်ကြားခံခဲ့ရတဲ့အခါ အရနည်းခဲ့တယ်။ အယူနည်းခဲ့တယ်။ တွန်းအားကြောင့်သာ သင်ကြားခံခဲ့ရတာလေ..။
သင်ယူမှုကို လုပ်တဲ့အခါ အတော်များများကို ရရှိခဲ့တယ်..။ဒါက ဆွဲအားတစ်ခုကြောင့်ပဲ ဖြစ်မယ်ထင်ပါရဲ့..
အပြစ်ပြောတာ မဟုတ်ဘူးနော်။
ကျွန်မတို့ မိဘတွေနဲ့ ကြုံခဲ့ဖူးတဲ့ ဆရာ ဆရာမ အတော်များများက သင်ကြားမှုကို ကောင်းမွန်စွာ ပြုလုပ်ပေးခဲ့ကြတယ်..။
ဒါပေမယ့် သင်ယူမှုပညာကို တတ်မြောက်အောင်တော့ မသင်ကြားပေးခဲ့ကြဘူး..။
အဲ့ဒီအတွက် သူတို့ ပေးလိုက်တဲ့ သင်ကြားမှုမှန်သမျှကို ကျွန်မ လက်ခံမရရှိခဲ့ဘူး..။
ကျွန်မရဲ့ သင်ကြားခံရမှု ညံ့ဖျင်းခြင်းလို့ပဲ ဆိုပါတော့....
အဲ့တုန်းက ကျွန်မ မသင်ယူတတ်သေးဘူးလေ..
သင်ကြားပေးသူတွေက သူတို့ဆီက ရှိသမျှကို ပေးတာပါပဲ..
လက်ခံယူသူ ကျွန်မကတော့ ဘာတွေကို ဂရုစိုက်နေခဲ့မိတယ် မသိဘူးလေ..
အဲ့ဒီအတွက် ကျွန်မ မတတ်မြောက်ခဲ့ဘူး..
တစ်ခုပေးရင် အဲ့ဒီတစ်ခုရဲ့ သုံးပုံတစ်ပုံစာလောက်တော့ ကျန်ခဲ့မယ် ထင်တယ်..
သင်ကြားခံရချိန်တုန်းက နားမလည်ခဲ့သူတစ်ယောက်ရဲ့ နောင်တက သင်ယူမှုကို လေ့လာမိတဲ့အခါမှ သိတယ်..။
ဒီလို သင်ယူမှုလို့ ပြောလို့ သင်ယူမှုကိုရော တတ်မြောက်ပြီလားလို့ မေးရင် ဟင့်အင်းလို့ ဖြေရပါလိမ့်မယ်..။
ငယ်ကတည်းက သင်ယူမှုကို မတတ်ခဲ့သူက အခုမှ သင်ယူမှုရဲ့ ကကြီး ခခွေးတန်းမှာ အ သုံးလုံးကို ရှာဖွေနေဆဲသူပါပဲ...။
သင်ကြားပေးသူတွေက တာဝန်ကျေကြတာ များပါတယ်...
တစ်ခုက သင်ကြားခံရသူတိုင်းက သင်ယူမှုပညာကို မတတ်မြောက်ကြလို့ သင်ကြားမှုတိုင်းမှာ အပြည့်အဝတော့ မရရှိလိုက်ကြဘူး ထင်ပါရဲ့...
သင်ကြားပေးမှာက သင်ကြားပေးသူတို့အပိုင်း..
သင်ယူရမှာက သင်ယူရမယ့် သူတို့အပိုင်း..
အဲ့ဒီ နှစ်ခုကြားမှာ..... ဘာက လိုအပ်နေတဲ့ အရာလဲ...
ကျွန်မ တွေးနေမိပါတယ်...
I'm ATM.